ထေရ၀ါဒ´ဆိုသည်မှာမြတ်စွာဗုဒ္ဓလက်ထက်တော်အခါကဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်
မူခဲ့သည့်တရားတော်များအား `ဖြည့်စွတ်ခြင်း´ `ပယ်နှုတ်ခြင်း´ `ပြင်ဆင်ခြင်း´ လုံးဝမရှိပဲ မြတ်စွာဗုဒ္ဓ
ဟောကြားခဲ့သည့် အတိုင်းတရားတော်များကို မူရင်ကျကျ ကျင့်ကြံအားထုတ်စောင့်ထိန်းသည့် အရှင်
မဟာကဿပစသော သီလ၊သမာဓိ၊ပညာ၊(သို့) ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ အစရှိသောဂုဏ်အင်္ဂါ
အရည်အချင်းများနှင့်ပြည့်စုံသော မထေရ်မြတ်တို့၏ အယူဝါဒကိုထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
သံဃာတော်အရှင်သူမြတ်တို့သည် မြတ်စွာဗုဒ္ဓ၏ မူရင်းပါဠိတော်တရားမြတ်တို့ကိုနှုတ်ဆင့်ကမ်း၍
လည်းကောင်း၊ စာမှတ်တမ်းများဖြင့်လည်းကောင်း၊ ခေတ်အဆက်ဆက်မှာမည်သည့်အခြေအနေ
မျိုးနှင့်ပင်တွေ့ကြုံပါစေဗုဒ္ဓ၏ဒေသနာတော်မြတ်တို့အားစောင့်ရှောက်ထိန်းသိမ်းတော်မူခဲ့ကြပါသည်။
သီဟိုဠ်ကျွန်း(ယခုသီရိင်္လာနိုင်ငံ)သာသာနာတော်သမိုင်းတွင်အစားရေစာငတ်မွတ်ခေါင်းပါးသည့်
ဘေးကြီးနှင့်တွေ့ကြုံသောအခါတွင် သံဃာတော်အရှင်သူမြတ်တို့သည် ဗုဒ္ဓမြတ်စွာ၏ပိဋကတ်ဒေ
သနာတော်များအား မကွယ်ပျောက်စေရန်အတွက် ၀မ်းဗိုက်ပေါ်တွင် သဲများတင်ကာအစာဆင်းရဲ
ဒဏ်ကိုကြံကြံခံ၍တရားတော်များကိုလက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြပါသည်။
သံဃာတော်အရှင်သူမြတ်တို့၏ ကျေးဇူးတော်ကား ကြီးမားလေစွာတကား။ ယခုသူတော်ကောင်းများ
မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်ဒေသနာများအား ဘုရားရှင်ဟောကြားတော်မူခဲ့သည့်မူရင်အတိုင်း ယခုအ
ချိန်ထိ နာကြားသင်ကြားခွင့်ရသည်မှာ သံဃာတော်အရှင်မြတ်တို့၏ကျေးဇူးတော်မြတ်ကြောင့်ပင်ဖြစ်
ပေသည်။
`ပိဋက´ဟူသောအနက်အဓိပ္ပါယ်မှာ`ခြင်းတောင်း´ဟုအဓိပ္ပါယ်ရရှိပါတယ်။သယ်ဆောင်စရာပစ္စည်းများ
အား ခြင်းတောင်းဖြင့် လူတို့သည် သယ်ဆောင်ယူသကဲ့သို့ မြတ်စွာဗုဒ္ဓ၏ တရားတော်မူရင်း ပိဋကတ်
တော်များအားသံဃာတော်အရှင်မြတ်များမှခေတ်အဆက်ဆက်လက်ဆင့်ကမ်းသယ်ယူခဲ့ကြသဖြင့် ခြင်း
တောင်းဖြင့် တင်စားကာ `ပိဋက´ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
မြတ်စွာဗုဒ္ဓဟောကြားတော်မူခဲ့သည့် ထေရ၀ါဒ ပိဋကတရားဒေသနာတော်များမှာ-
- (၁) ၀ိနယ ပိဋက
- (၂) သုတ္တန္တ ပိဋက
- (၃) အဘိဓမ္မ ပိဋက
ထို ၀ိနည်း၊သုတ္တန်၊ အဘိဓမ္မာတရားတော်သုံးမျိုးကိုပင် ပိဋက သုံးပုံဟု ခေါ်ဆိုပါသည်။
(၁) ၀ိနယ ပိဋကတော်
သံဃာတော်အရှင်သူမြတ်များနှင့် ဘိက္ခူနီ (ရဟန်းမ)များတွက် ပညတ်ထားသောကျင့်ဝတ်စည်းကမ်း
ဥပဒေများကို `၀ိနယ´ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
ထို ၀ိနယပိဋကသည်လည်း(၅)မျိုးအားဖြင့် ထပ်မံခွဲခြားထားပါသည်။ထို(၅)မျိုးမှာ-
- (က) ပါရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက်ပညတ်ထားသောကျင့်ဝတ်စည်းကမ်း
ဥပဒေ သိက္ခာပုဒ်တော်ပေါင်း-၄၉-ပါး - (ခ) ပါစိတ်ပါဠိတော် = ရဟန်းတော်များအတွက် ပညတ်ထားသောကျင့်ဝတ်စည်းကမ်း ဥပဒေ
သိက္ခာပုဒ်တော်ပေါင်း-၁၇၈-ပါးနှင့် ဘိက္ခူနီများအတွက် ပညတ်ထားသောကျင့်ဝတ်စည်းကမ်းဥပဒေသိ
က္ခာပုဒ်တော်ပေါင်း-၃၁၁-ပါး - (ဂ) မဟာဝဂ္ဂ ပါဠိတော် = ရဟန်းတော်များ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်စည်းကမ်း ဥပဒေ
များ၊ လုပ်နည်းလုပ်ဟန်နည်းနာနိဿယျ များကို အခန်း(၁၀)ခန်းဖြင့်ဖော်ပြဟောကြားထားသည်။ - (ဃ) စူဠ၀ဂ္ဂ ပါဠိတော် =ရဟန်းတော်များနှင့်ပတ်သက်သောစည်းမျဉ်းဥပဒေတို့ကိုအခန်းပေါင်း
(၁၂)ခန်းဖြင့် ဖော်ပြထားသည်။ - (င) ပရိဝါ ပါဠိတော် = ၀ိနည်းသိက္ခာပုဒ်တော်တို့ကိုကျက်မှတ်လိုသူများအတွက် အကျဉ်းချုပ်
ပြုစုဖော်ပြထားသော ကျမ်းဖြစ်သည်။
မြတ်စွာဗုဒ္ဓရှင်တော်မြတ်သည်သဗ္ဗညုတဘုရားစင်စစ်ဖြစ်တော်မူသည်မှစ၍ပထမဆုံးဟောကြားတော်
မူသော`ဓမ္မစကြာတရားတော်´မှပရိနိဗ္ဗာန်စံဝင်တော်မူခါနီးနောက်ဆုံးဟောကြားတော်မူခဲ့သည့်`သြ၀ါဒ
ဒေသနာတော်´အထိ(၄၅)၀ါကာလတိုင်တိုင်ဟောကြားတော်မူခဲ့သည့်``ဒေသနာတော်´´အမျိုးအစား တရားတော်ဖြစ်ပါသည်။
ထို `သုတ္တန္တပိဋက´ကသည်လည်း နိကာယ်အားဖြင့် (၅)မျိုး ခွဲခြားထားပါသည်။
ထိုနိကာယ်ကျမ်း(၅)မျိုးမှာ-
- (က) ဒီဃ နိကာယ်
- (ခ)မဇ္ဈိမနိကယ်
- (ဂ) သံယုတ္တ နိကာယ်
- (ဃ) အင်္ဂုတ္တရ နိကာယ်
- (င) ခုဒ္ဒက နိကကာယ် တို့ဖြစ်ကြပါသည်။
`ဒီဃနိကာယ်´ဟုခေါ်ပါသည်။
ယင်း ဒီဃနိကယ်တွင်-
- (၁) သီလက္ခန္ဓ ၀ဂ္ဂ-၁၃-သုတ်
- (၂) မဟာဝဂ္ဂ ၁၀-သုတ်
- (၃) ပါထိက ၀ဂ္ဂ ၁၁-သုတ် တို့ပါဝင်ပါသည်။
(ခ)မဇ္ဈိမ နိကာယ် = မရှည်လွန်း ၊မတိုလွန်း အလယ်အလတ်ဖြစ်သော သုတ်တော်ဒေသနာတို့ကို
စုပေါင်းထားသောကြောင့်`မဇ္ဈိမ နိကယ်´ဟုခေါ်ပါသည်။
ယင်းမဇ္ဈိမ နိကာယ်တွင်-
- (၁) မူလပဏ္ဏာသ ဒေသနာတော် ၅၀-သုတ်
- (၂) မဇ္ဈိမ ပဏ္ဏာသ ဒေသနာတော် ၅၀-သုတ်
- (၃) ဥပရိပဏ္ဏာသ ဒေသနာတော် ၅၂-သုတ် တို့ပါဝင်ပါသည်။
- (ဂ) သံယုတ္တ နိကာယ် = တူညီသော အချက်တစ်ခုကို မူထား၍ စုပေါင်းထားသောဒေသနာ
သုတ်တော်များကို `သံယုတ္တ နိကာယ်´ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
- (၁) သဂါထာဝဂ္ဂ သံသုတ်တော်ပေါင်း ၁၁-သုတ်
- (၂) နိဒါန ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၀-သုတ်
- (၃) ခန္ဓ ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၃-သုတ်
- (၄) သဠာယတန ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၂-သုတ်
- (၅) မဟာဝဂ္ဂ သံယုတ်တော်ပေါင်း ၁၂-သုတ် တို့ပါဝင်ပါသည်။
(ဃ)အင်္ဂုတ္တရနိကာယ် = ဧကနိပါတ်မှ ဧကာဒသ နိပါတ်တိုင်အောင်-နိပါတ်တော် ၁၁-သုတ်
သုတ်တော်ဒေသနာပေါင်း ၉၅၅၇-သုတ် တို့ပါဝင်ပါသည်။
(င)ခုဒ္ဒကနိကာယ် = ရှေ့နိကာယ်(၄)ရပ်တို့မှ နောက်ထပ်ဖြစ်သော `ခုဒ္ဒကပါဌ´စသည့်ကျမ်းအစု
ကို `ခုဒ္ဒကနိကာယ်´ဟုခေါ်ဆိုပါသည်။
ယင်း`ခုဒ္ဒက နိကာယ်´တွင် အောက်ဖော်ပြပါကျမ်းများပါဝင်ပါသည်။
- (၁) ခုဒ္ဒကပါဌ =တိုတောင်းသည့် သုတ်တော် (၉) မျိုးပါဝင်သည်။
- (၂) ဓမ္မပ = ၀ဂ်ပေါင်း(၂၆)၀ဂ်၊ ဂါထာတော်ပေါင်း (၄၂၃)ဂါထာတော်ပါဝင်သည်။
- (၃) ဥဒါန =ဗုဒ္ဓမြတ်စွာ ကျူးရင့်တော်မူသော ဒေသနာတော်များဖြစ်သည်။ ၀ဂ်ပေါင်း
(ဂ)၀ဂ်နှင့် ဥဒါန်းတော်ပေါင်း (၈၂)ပါး ပါဝင်ပါသည်။ - (၄)ဣတိဝုတ္တက =နိပါတ်တော် (၄)ခု ၊သုတ်တော်ပေါင်း (၁၂၀)ပါဝင်ပါသည်။
- (၅) သုတ္တနိပါတ =သုတ်ငယ်ပေါင်းများစွာအားစုပေါင်းထားခြင်းဖြစ်၏။ဝဂ်(၅)၀ဂ်သုတ်
တော်(၅၄)သုတ်နှင့် ပုစ္ဆာ(၆၁) ခု ပါဝင်ပါသည်။ - (၆)၀ိမာန ၀တ္ထု =ဘုံနန်း ဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထားခြင်းဖြစ်၏။ဝဂ်
(၇)၀ဂ်နှင့်၊ ဇာတ်တော်(၈၃)ပုဒ်ပါသည်။ - (၇)ပေတ၀တ္ထု = ငရဲ၊စသောလောက၏ ဆင်းရဲဒုက္ခကိုဖော်ပြထားခြင်းဖြစ်၏။ဝဂ်ပေါင်း
(၄)၀ဂ်၊၀တ္ထုတော်ပေါင်း (၅၀)ပါဝင်သည်။ - (၈) ထေရဂါထာ =မထေရ်မြတ်ကြီး(၁၀၇)ပါး၏အဆိုအမိန့်သြ၀ါဒများကို နိပါတ်(၂၁)
ခုဖြင့် ခွဲခြားဖော်ပြထားသည်။ - (၉)ထေရီဂါထာ =ထေရီမယ် (၇၃)ပါးတို့၏ အဆိုအမိန့်သြ၀ါဒများကို နိပါတ်(၁၆)
ခုဖြင့်ဖော်ပြထားသည်။ - (၁၀) ဇာတက =မြတ်စွာဗုဒ္ဓ၏ ရှေ့ဘ၀ဖြစ်စဉ်များကို ဖော်ပြထားသည်။ နိပါတအပိုင်း
ငယ် (၂၂)ပါး၊ ဇာတ်တော်ဝတ္ထုပေါင်း(၅၄၇)ပါဝင်သည်။ - (၁၁) မဟာနိဒ္ဒေသ =သုတ္တနိပါတ်ကျမ်းလာ `အဋ္ဌက၀ဂ်´ဝေါဟာရ အဓိပ္ပါယ်တို့ကိုထပ်
မံဖွင့်ဆိုခြင်းဖြစ်၏။ - (၁၂) စူဠနိဒ္ဒေသ =သုတ္တနိပါတ်ကျမ်းလာ နောက်ထပ်ဝဂ် (၃)ခုကိုထပ်မံဖွင့်ဆိုထားခြင်း
ဖြစ်၏။ - (၁၃) ပဋိသမ္ဘိဒါမဂ္ဂ =ဓမ္မ၏ အခြေခံအချက်တို့ကို သရုပ်ခွဲ၍ ဝေဘန်ပြထားခြင်းဖြစ်၏။
ကဏ္ဍကြီး(၃)ခုနှင့် အခန်းငယ်ပေါင်းများစွာပါဝင်သည်။ - (၁၄)မွန်မြတ်သောအကျင့်မြတ်တို့ကိုကျင့်ကြံခဲ့သောသူတော်ကောင်းများ၏အကြောင်းကို
ဖော်ပြထားခြင်းဖြစ်၏။ ကဏ္ဍ(၅၅)ခုဖြင့် မထေရ်မြတ်(၅၅၀)တို့၏ ဘ၀ထေရုပ္ပါဒ်ကိုဖော်ပြ
ထားခြင်းဖြစ်၏။ ထို့အပြင်ကဏ္ဍ(၄)ခုဖြင့်ထေရီ(၄၀)တို့၏ ဘ၀များကိုလည်းကောင်း၊နောက်
ဆက်တွဲအဖြစ် ဗုဒ္ဓပဒါန နှင့် ပစ္စေကဗုဒ္ဓါတို့၏ ပဒါနတို့ကိုလည်း ဖော်ပြထားသည်။ - (၁၅)ဗုဒ္ဓ၀ံသ=ဘုရားရှင်တို့၏ဘုရားဖြစ်စဉ်မဟာဗုဒ္ဓ၀င်တော်ကိုအစီအစဉ်တကျဖော်ပြ
ထားသည်။ထို့အပြင်ဗုဒ္ဓပကိဏ္ဏကကဏ္ဍနှင့်ဓာတုဘောဇနိယကထာတို့ကိုလည်းဖော်ပြထား
ပါသည်။ - (၁၆) စရိယာပိဋက =ဘုရားအလောင်းတော် ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် ဘ၀တို့
ကိုဖော်ပြထားသည်။
သုတ္တန်၊၀ိနည်းတို့ထက် ကဲလွန်သောသဘောတရားများ၊နက်နဲသော သဘာဝဓမ္မများကို
စုစည်းဖော်ပြထားသောကြောင့်``အဘိဓမ္မပိဋက´´ဟုခေါ်ဆိုပါသည်။ထိုအဘိဓမ္မာပိဋက
သည်လည်း ကျမ်းအားဖြင့်(၇)ကျမ်းရှိပါသည်။
- (က) ဓမ္မသင်္ဂဏီ =သက်ရှိသက်မဲ့ အရာအားလုံးတို့၏ ရုပ်နာမ်သဘာဝကို အပိုင်း
ကြီးလေးပိုင်းခွဲလျှက် ရေတွက်ပြခြင်း။ - (ခ) ၀ိဘင်္ဂ = ဓမ္မသဘာဝကို အဓိပ္ပါယ်ခွဲခြမ်းစိတ်ဖြာထားသော ၀ိဘင်္ဂခေါ်အဖွင့်
ပေါင်း(၁၈)ခု ပါဝင်သည်။ - (ဂ) ဓာတုကထာ =ကဏ္ဍ(၁၄)ခုခွဲကာ ပရမတ္ထတရားတော်တို့ကို နည်း(၄)ပါး
တို့ဖြင့်အကျယ်တ၀င့် ရှင်းလင်းဖော်ပြထားသည်။ - (ဃ) ပုဂ္ဂလပညတ္တိ =ကဏ္ဍကြီး (၁၀)ခုတို့၌ (၁)မှ (၁၀)အထိ ပုဂ္ဂိုလ်အမျိုး
အစားတို့ကိုနိဒ္ဒေသအလိုက် ဖော်ပြထားသည်။ - (င) ကထာဝတ္ထု = ဗုဒ္ဓ၀ါဒ ဂိုဏ်းကွဲများ၏ အယူဝါဒများကို စုပေါင်းဖော်ပြထား
သည်။ဝဂ်ပေါင်း (၂၃)၀ဂ်ဖြင့် ထေရ၀ါဒမှ သုတ်တော်ပေါင်း
(၅၀၀)နှင့်`ပရ၀ါဒ´မှသုတ်တော်ပေါင်း (၅၀၀)တို့ကို နှိုင်းယှဉ်ထားသည်။ - (စ) ယမက = အဘိဓမ္မသဘောတရားများ၏ ဖြစ်တည်နေပုံကိုမူလ၊ခန္ဓ၊အာယ
တန၊ ဓာတု၊ သစ္စ၊ သင်္ခါရ ၊ အနုသယ၊စိတ္တ ၊ ဓမ္မ၊ ဣန္ဒြိယ ဟူသောယမက(၁၀)
ပါးတို့ဖြင့် ဖော်ပြထားသည်။ - (ဆ) ပဋ္ဌာန = ဓမ္မာအနုလောမ စသည်တို့၌ တိကပဋ္ဌာနစသောပဋ္ဌာန်း(၆)ပါး
တို့ဖြင့် ပွားသော် (၂၄)ပါးသော ပဋ္ဌာန်းတို့ကို ရရှိသည်။ ပဋ္ဌာန်းတစ်ပါးစီတွင်`ပဋိစ္စ
ဝါရ´စသော ၀ါဒ(၇)ပါးတို့ဖြင့်တန်ဆာဆင်ဖော်ပြထားသည်။
အထက်ပါဒေသနာတော်ကျမ်းမြတ်တို့သည်ကားဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ဟောကြားတော်မူ
ခဲ့သည့်ပိဋကတော်များဖြစ်ပါသည်။သို့ရာတွင်ထိုပိဋကတော်၏နောက်ဆက်တွဲ၊ အဋ္ဌာကထာ
ကျမ်းတို့၏ရှေ့ပြေး ပါဠိတော်များလည်းရှိပါသေးသည်။ ယင်းကျမ်းတို့မှာ အောက်ပါအတိုင်း
ဖြစ်ကြပါသည်။
- (၁) နေတ္တိပကရဏ =ဓမ္မရေးရာနှင့်ပတ်သက်သော ဝေါဟာရနှင့် အဓပ္ပါယ်တို့ကိုရှင်းလင်း
ဖော်ပြထားသည်။ - (၂) ပေဋကောပဒေသ = ပိဋကသုံးပုံမှ ကောင်းနိုးရာရာဒေသနာတော်တို့ကိုဖော်ပြထား
သည်။ - (၃) မိလိန္ဒပဥှာ = ပိဋကတော်တွင် အကျယ်တ၀င့်ပါရှိသည့်သတိ၊သမာဓိ၊ပညာ၊စသော
အကျင့်တရားများ ၊ဖဿ၊ဝေဒနာ၊စသောအဖြစ်တရားများကို စေ့စပ်စွာဆွေးနွေးဖော်ပြထား
သည်။
ထိုထေရ၀ါဒဗုဒ္ဓဒေသနာတော်ပိဋကတော်များကိုပထမ၊ဒုတိယ၊တတိယသင်္ဂါယနာတော်(၃)
ကြိမ်လုံးကို သံဃာတော်အရှင်သူမြတ်တို့သည် နှုတ်ထက်ဆောင်ကာ သင်္ဂါယနာတင်တော်မူ
ခဲ့ကြပါသည်။
စတုတ္ထသင်္ဂါယနာတွင်ပေထက်အက္ခရာတင်တော်မူခဲ့ပြီး၊ပဉ္စမသင်္ဂါယနာတင်ပွဲတွင်ကျောက်ထက်
အက္ခရာတင်၍ သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။ ဆဋ္ဌမသင်္ဂါနာတွင်မူ ပိဋကတော်တို့ကို
စက္ကူဖြင့်စာအုပ်ပြုလုပ်သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။
ဆဋ္ဌသင်္ဂါယနာတင် ကျမ်းစာတို့သည် အောက်ပါအတိုင်း ပုံနှိပ်မှတ်တမ်းတင်ထားပါသည်။
ကျမ်းအမည် ကျမ်းရေ စာအုပ်ရေ
- ၀ိနယ ၅ ၅
- ဒီဃနိကာယ ၃ ၃
- မဇ္ဈိမနိကာယ ၃ ၃
- သံယုတ္တနိကာယ ၅ ၃
- အင်္ဂုတ္တရနိကာယ ၁၁ ၃
- ခုဒ္ဒကနိကာယ ၁၉ ၁၁
- အဘိဓမ္မ ၇ ၁၂
- စုစုပေါင်း ၅၃ ၄၀
(စာအအုပ်)ဖြင့် မှတ်တမ်းတင်တော်မူခဲ့ရာတွင် အရေအတွက်အားဖြင့် အောက်ပါအတိုင်းဖြစ်
ပါသည်။
- ပေရွက်ရေ ၆၃၄၅ -ရွက်
- ကျောက်ချပ်ရေ ၇၂၉ -ချပ်
- စာအုပ်ရေ ၄၀ -အုပ်
- စာရွက်ရေ ၆၅၄၇ -ရွက်
- စာမျက်နှာ ၁၃၀၉၄ -မျက်နှာ
- စာကြောင်းရေ ၄၀၄၀၇၀ -ကြောင်း
- အက္ခရာစာလုံးအရေအတွက် ၁၁၀၂၁၇၅၀ (တစ်ကုဋေ တစ်သန်း နှစ်သောင်းတစ်ထောင်
ခုနှစ်ရာ့ငါးဆယ်) ရှိပါသည်။
(မှတ်ချက်) အထက်ပါပိဋကတော်တို့သည် `ပါဠိတော်´ အရေအတွက်မျှသာဖြစ်ပါသည်။
နိဿယျများ ၊အဋ္ဌာကထာများ၊ဋီကာများ ရေတွက်မထားပါ။
(မိမိအကျိုး၊ တပါးသူ၏ အကျိုး၊ ထိုနှစ်မျိုး သည်ပိုးဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ)
ဓမ္မ၀ီရ အရှင်တေဇနိယ(ခေတ္တ-သီရိလင်္ကာနိုင်ငံ)
No comments:
Post a Comment