Tuesday, 30 May 2017

အိန္ဒိယက ကွမ်းယာကြိုက်သည့် ဆင်မလေး ရုပ်သံ ရေပန်းစား



အိန္ဒိယ အလယ်ပိုင်း ဆာဂါးမြို့က ဆင်မလေး တစ်ကောင်ဟာ သူ့ရဲ့ ကွမ်းကြိုက် တတ်တဲ့ အကျင့်ကြောင့် နာမည်ကြီး နေပါတယ်။

အသက် ၃၁ နှစ် ရှိပြီဖြစ်တဲ့ လက်ရှမီးလို့ ခေါ်တဲ့ ဆင်မလေးက ကွမ်းစား လာတာ ၁၅ နှစ်လောက် ရှိပြီဖြစ်ပြီး မြို့ထဲမှာ သူကြိုက်တဲ့ ကွမ်းဆိုင် ၃ ဆိုင်လောက် ရှိတယ်လို့ သူ့ရဲ့ ဆင်ထိန်းက ပြောပါတယ်။

ဒေသခံ တွေက လက်ရှမီးကို အစာကျွေးရင် ကံကောင်း တယ်လို့ ယူဆကြ တာကြောင့် လက်ရှမီးကို ကွမ်းကျွေးရင် သူ့ပါးစပ်နဲ့ အပြည့် ကွမ်း ၁၀ ယာလောက် တခါတည်း ကျွေးလေ့ ရှိတယ်လို့ သိရ ပါတယ်။

No comments:

Post a Comment