Wednesday, 31 May 2017

ကိုရီးယားEPS -T0PIK Text Book မေးခွန်း 2000 စာအုပ်များ

https://www.facebook.com/Win-Star-Mandalay-216494808806932/

EPS -T0PIK Text Book မေးခွန်း 2000 စာအုပ်များအားအသံထွက်နှင့် English ဘာသာပြန်များအဖြစ်ပြုလုပ်ထားပါသည်လိုအပ်သူများအောက်တွင်ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ

Reading 1 မှ 480 အထိ Pdf File အားရယူရန်နှိပ်ပါ

Reading 481 မှ 960 အထိ Pdf File အားရယူရန်နှိပ်ပါ

듣기 Answer an Question Pdf File အားရယူရန်နှိပ်ပါ

듣기အသံဖိုင်များရယူရန်
01-40 
41-80    
81-120  
121-160
161-200
201-240  
241-280
281-320
321-360  
361-400
401-440 
441-480
481-520  
521-560 
560-600
600-640
641-680  
681-720 
721-760 
761-800 
801-840
841-880
881-920
921-960

ဒါလေးကတော့ မြန်မာဘာသာပြန်လေးပြုလုပ်ဆဲပါလိုချင်တော့ယူပေါ့နော်

ကိုရီးယားစာစကားနှင့်ပါတ်သတ်သမျှသိချင်မေးချင်သူများအောက်ပါပုံအားနှိပ်ပြီးမေးမြန်းနိုင်ပါသည်
*၀င်းစတား*Face Book Page အား Like @Share လေးလုပ်ပေးဖို့လဲမမေ့နဲ့နော်

https://www.facebook.com/Win-Star-Mandalay-216494808806932/








Tuesday, 30 May 2017

လူထုသံဃာနဲ့ လူတစုသံဃာ



ဒီကနေ့ ဆိုရင် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဒုတိယ အကြိမ် အစည်း အဝေးကို စတင် ကျင်းပ နေပါပြီ။ ညီလာခံ မတိုင်ခင် တလ လောက် အတွင်းမှာ အမျိုးသားရေး ဝါဒီ၊ မျိုးချစ် တွေလို့ ကိုယ့် ကိုယ်ကို ကြွေးကြော် ထားသူ တွေနဲ့ ဘာသာရေး စိတ် ပြင်းထန်ကြတဲ့ လူပုဂ္ဂိုလ်နဲ့ ရဟန်း သံဃာ အချို့ရဲ့ ဘာသာခြား၊ လူမျိုးခြား မုန်းတီး မှုတွေကို ဦးတည် စေနိုင်တဲ့ လှုပ်ရှား လှုံ့ဆော်မှုတွေ တဖြည်းဖြည်း ပိုစိပ် လာခဲ့တာကို သတိပြု ခဲ့မိ ပါတယ်။

မေလ ၂၀ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအပေါ် နေပြည်တော် ရေနံ့သာဘောလုံးကွင်းမှာ ဆန္ဒပြတဲ့အဖြစ်အပျက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မေလ ၉ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်မှ အစ္စလာမ်စာသင်ကျောင်း လေးကျောင်းအား အမျိုးသားရေးအဖွဲ့ဟု ၎င်းတို့ကိုယ်ကို အမည်ခံယူထားသောအဖွဲ့မှ ရဟန်းနဲ့ လူပုဂ္ဂိုလ်များက အကျပ်ကိုင်ပိတ်ခိုင်းမှု အဖြစ်အပျက်တွေဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ဘယ်လိုမှ မလုပ်အပ်တာတွေကို မငြိမ်သက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံအတွက် အလွန်အန္တရာယ်ကြီးလှတယ်။

အင်္ဂလိပ်လို Religious Harmony/Racial Harmony လို့ခေါ်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးဟာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ခြိမ်းခြောက်တာဟာ တိုင်းပြည်ကို မငြိမ်းချမ်းအောင် ခြိမ်းခြောက်နေတဲ့သဘောမို့ အလွန်အပြစ်ကြီးလွန်းလှပါတယ်။ ဒီလိုလုပ်ရပ်ဟာ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆွဲနုတ်ဖျက်ဆီးတတ်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းကြီးတွေ ဖြစ်လာအောင် ယမ်းပုံကြီးထဲ မီးစပစ်ထည့်နေသလို လှုံ့ဆော်တဲ့သဘောမျိုး သက်ရောက်နေတာမို့ အကုသိုလ်လည်း အလွန်ကြီးလှပါတယ်။

ဒါကြောင့်လည်း အဓမ္မနဲ့ မတရားမှုကို ဆန့်ကျင်ရာမှာ အစဉ်အလာကောင်းရှိပြီး ကမ္ဘာကတောင် အသိအမှတ်ပြုကြရတဲ့ “လူထုသံဃာ” တွေဖြစ်တဲ့ ရွှေဝါရောင်သံဃာတော်တွေဟာ အထူးအစည်းအဝေးကို မေလ ၂၀ ရက်နေ့ကပဲ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင်ပညာဒါနကျောင်း (ရွှေတောင်ကျောင်းတိုက်) မှာ ပြုလုပ်ခဲ့ပြီး အစွန်းရောက် အမျိုးသားရေးဝါဒီတွေကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများရဲ့ ထုတ်ပြန်ညွှန်ကြားချက်ဖြစ်တဲ့ ဓမ္မစက်နှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအခန်း ၂၀ အရ ပြည်ထဲရေးဝန်ကြီးဌာနက အာဏာစက်နဲ့ အရေးယူဆောင်ရွက်ဖို့ ရွှေဝါရောင်သံဃာတော်တွေက ကြေညာချက်ထုတ် တောင်းဆိုခဲ့ကြရပါတယ်။

အခုဆို သံဃမဟာနာယကအဖွဲ့ကနေ မြန်မာပြည်အနှံ့အပြားမှာ စိုက်ထူထားတဲ့ (မဘသ) အဖွဲ့ ဆိုင်းဘုတ်တွေကို ၂၀၁၇ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး အပြီးအပိုင် ဖြုတ်သိမ်းဖို့၊ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနဲ့ အရေးယူမယ့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရတဲ့အဆင့်ကို ရောက်လာခဲ့ရပါပြီ။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူမဲဆန္ဒအများစုကိုရပြီး အပြတ်အသတ် အနိုင်ရခဲ့တာမို့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့တဲ့ အန်အယ်လ်ဒီအစိုးရ အာဏာလွှဲပြောင်းရယူချိန်ကစပြီး အရှိန်ယူလာခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်၊ မျိုးချစ်ရဟန်းဆိုသူတွေရဲ့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်မှု အကြောင်းပြပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု၊ ပဋိပက္ခဖြစ်စေနိုင်တဲ့ လှုံ့ဆော်ရေးသား ပြောဆိုဟောကြားလုပ်ဆောင်လို့ နိုင်ငံရဲ့ တည်ငြိမ်မှုကို နှောင့်ယှက်ဖျက်ဆီးလာကြတာဟာ အခုဆိုရင် တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာတဲ့အဆင့်ထိ အတင့်ရဲလို့ လာခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

တကယ်တော့ အခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဖန်တီးနေကြတဲ့ သံဃာတွေဟာ အရင်စစ်အာဏာရှင် အသိုင်းအဝိုင်းတွေထဲက အခွင့်ထူးခံခွင့် စွန့်လွှတ်ရမှာ စိုးရွံ့နေတဲ့သူတချို့၊ အပြောင်းအလဲကို မလိုချင်တဲ့လူအချို့ရဲ့ ထောက်ခံမှုရလို့ဖြစ်ဖြစ်၊ ဘာသာရေး၊ လူမျိုးရေးဝါဒမှိုင်းတွေမိလို့ဖြစ်ဖြစ် အသုံးချခံနေရတဲ့ “လူတစုသံဃာ” အနည်းစုသာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် ဝါဆိုသံဃာစာရင်းအရ မြန်မာနိုင်ငံမှာ ရဟန်းအပါး (၂၈၁,၃၆၆) နဲ့ သာမဏေ (၂၃၇,၂၂၇) ရှိတာမို့ စုစုပေါင်း သံဃာအင်အား ၅ သိန်းကျော်ရှိတယ်လို ပြောနိုင်ပါတယ်။

အထက်ကပြောခဲ့တဲ့ “လူတစုသံဃာ” တွေကို အနည်းစုသာဖြစ်တယ်လို့ တိတိကျကျ ဆိုနိုင်ရခြင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက အဖြေပေးထားလို့ပါပဲ။ အဲ့ဒီလူတစုနဲ့ သံဃာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်နေစဉ်ကာလမှာကတည်းက အန်အယ်လ်ဒီပါတီကို မဲမပေးဖို့ ပြောဆိုစည်းရုံးခဲ့ကြသူတွေပါပဲ။ အဲ့ဒီသံဃာတွေသာ အင်အားကြီးပြီး အများစုဖြစ်နေရင် အန်အယ်လ်ဒီပါတီအနေနဲ့ ရွေးကောက်ပွဲမှာ မဲနိုင်စရာအကြောင်း မရှိပါဘူး။

အခုလို ဘာသာရေး၊ လူမျိုးရေးကိစ္စကို ရှေ့တန်းတင်ပြီး အန်အယ်လ်ဒီ အရပ်သားအစိုးရကို အပြစ်တင် နှောင့်ယှက်နေကြတဲ့ လူပုဂ္ဂိုလ်တွေ၊ ရဟန်းတွေကြည့်လိုက် သမိုင်းအစဉ်အလာကောင်းဆိုတာ ဗလာနတ္ထိ၊ သူတို့ ပြောဟောနေတဲ့ အကြောင်းအရာတွေ၊ စကားတွေ၊ ကိုယ်အမူအယာ၊ နှုတ်အမူအယာ အားလုံးက သူတို့ရဲ့ ကိုယ်ကျင့်သီလနဲ့ အသိဉာဏ်အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာကို ညွှန်ပြနေတာပါပဲ။ အဲ့ဒီ လူတစုရဲ့ သံဃာတွေဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေခေတ်တုန်းက လူထုသံဃာတွေကို ရိုက်နှက်ဖမ်းဆီးထောင်ချ၊ သေအောင် တမင်ရဲဘက်စခန်းတွေပို့၊ ဘုန်းကြီးကျောင်းတွေကို သူပုန်စခန်းဝင်စီးသလို စီးပြီး ဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေမှာ မပါဝင်ခဲ့ကြတာများပြီး ရေငုံနှုတ်ပိတ်နေခဲ့ကြသူတွေ ဖြစ်ပါတယ်။ သမိုင်းဆိုတာ ညာလည်းမညာပါဘူး၊ ညှာလည်းမညှာတတ်ပါဘူး။

ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ အရှင်းသန့်ဆုံးနဲ့ ဘုရားဟောတရားကို စောင့်ရှောက်လိုက်နာနေတဲ့ နိုင်ငံတွေအထဲမှာ မြန်မာနိုင်ငံက အကောင်းနဲ့ အမှန်ဆုံး ကျန်ရစ်တဲ့နိုင်ငံလို့ ပြောရင် မမှားပါဘူး။ ယိုးဒယားနဲ့ သီဟိုဠ်နိုင်ငံတွေတောင် အဲ့ဒီက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက အာဏာပါဝါနိုင်ငံရေးနောက် လိုက်လာကြလို့ နာမည်စပျက်လာပါပြီ။ ဘာသာရေးပါတီတွေထောင်၊ လောကီ လူဝတ်ကြောင်တွေ ကိစ္စတွေမှာ ဘောင်ကျော်လာကြ၊ ငွေကြေးအရှုပ်အရှင်းတွေနဲ့ ဗွက်ထလာနေကြတာ ကမ္ဘာ့သတင်းတွေမှာ ဖတ်နေရပါပြီ။ မြန်မာနိုင်ငံက ထေရဝါဒကတော့ အဲ့ဒီနိုင်ငံတွေထက်တော့ သန့်ရှင်းစင်ကြယ်သေးတယ်လို့ ပြောနိုင်ပါတယ်။

တနည်းပြောရရင် မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ် ဖြစ်ပါတယ်။

ဒီခံတပ်ကို မပြိုလဲအောင် မှန်ကန်တဲ့နည်းလမ်းနဲ့ ကာကွယ်စောင့်ရှောက်နိုင်မယ့် အစိုးရဟာ ဗုဒ္ဓဘာသာ တရားအဆုံးအမတွေကို အနှစ်သာရကျကျ နားလည်ကျင့်ကြံနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အန်အယ်လ်ဒီ ပြည်သူ့အစိုးရပဲဆိုတာ အမှားအမှန် ခွဲခြားတတ်သူတိုင်း မြင်နိုင်ပါတယ်။

ဒီတော့ ဗုဒ္ဓဘာသာကို အမှန်တကယ် စောင့်ရှောက်ကာကွယ်ချင်ရင် အန်အယ်လ်ဒီ ပြည်သူ့အစိုးရကို ဝိုင်းရံထမ်းပိုး ကာကွယ်လို့ မြေတောင်မြှောက်ကြရမှာ ဖြစ်ပါတယ်။ တနှစ်သားကျော်ကျော် သက်တမ်းရှိတဲ့ အရပ်သားအစိုးရဆိုတဲ့ ဒီမိုကရေစီ အပင်ပေါက်ကလေးကို အညွန့်ချိုးသလို အညွန့်ဆိတ်ပြီး အတက်မထွက်နိုင်အောင် လုပ်နေတာကြတာတွေကို ဝိုင်းဝန်းကာကွယ်ပေးကြရမှာပါ။ နောက်ဆုံး အန်အယ်လ်ဒီအစိုးရက စေတနာနဲ့ အမှားလုပ်မိရင်တောင် လမ်းလျှောက်တတ်စ ကလေးလေးကို ထူပေး ကူပေးသလိုမျိုး စောင့်ရှောက်ကြပါလို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီအပင်လေး အညှောက်ထွက်လာဖို့ ကျနော်တို့ပြည်သူတွေ အကြာကြီးစောင့်ခဲ့ရ၊ ဘဝတွေ၊ အသက်တွေ အများကြီးပေးဆပ်ခဲ့ရတာကို ဖြတ်သန်းခဲ့ဖူးသူတိုင်း သိကြပါတယ်။ ရိုးရိုးလေးစဉ်းစားကြည့်လိုက်ပါ။ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး ဘဝတွေပျက် အသက်တွေရင်းပြီး အများပြည်သူတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အန်အယ်လ်ဒီပါတီဟာ ပြည်သူနဲ့တသားတည်း အတူတကွ တနိုင်ငံလုံး ကြိုးပမ်းခဲ့ကြပြီးမှ သူတို့လက်ထက်မှာ အမျိုးဘာသာ သာသနာကို နစ်နာအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာ စိတ်ချလက်ချ ယုံကြည်လို့ရပါတယ်။

အထက်မှာရေးခဲ့တဲ့ “လူထုသံဃာ” တွေဆိုတာ ပြည်သူနဲ့အတူ သမိုင်းအဆက်ဆက် တသားတည်း ထာဝရရပ်တည်ခဲ့ကြပြီး တာဝန်ကျေပွန်ခဲ့ကြတဲ့ အညတရ ရဟန်းတော်များ ဖြစ်ကြပါတယ်။ “လူထုသံဃာ” တွေဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်းက အဖိနှိပ်ခံပြည်သူ ဥပါသိကာ ဒါယကာ၊ ဒါယိကာမတွေနဲ့အတူ တသွေးတည်း တသားတည်း ရပ်တည်ပြီး အောက်မှာရေးပြထားတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်တွေမှာ အတွေးအမြင် မတိမ်းမစောင်းဘဲ အစဉ်အလာ ကြီးမားစွာ ပါဝင်ခဲ့ကြပါတယ်။

၁) စကြာသီဟသံဃာ့အရေးအခင်း

၂) ၈၈၈၈ လူထုအရေးတော်ပုံ

၃) ၁၉၉၀ ရှစ်လေးလုံးနှစ်ပတ်လည်အခြေပြု ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ

၎) ပခုက္ကူ အရေးအခင်းအခြေပြု ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ

၅) ကမ္ဘာကျော်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး

၆) ဘာသာရေးအစွန်းရောက်၊ မျိုးချစ်အမည်ခံ အမျိုးသားရေးအတု မျက်နှာဖုံးခွာချမှု လှုပ်ရှားမှု

စတဲ့ သမိုင်းမှတ်တိုင်တွေမှာ ဥပါသိကာ ဒါယကာ ပြည်သူတွေနဲ့အတူ ရက်စက်ကြမ်းကြုတ်လွန်းလှတဲ့ စစ်အာဏာရှင်စနစ်ကို အပင်ပန်း ဆင်းရဲကြီးစွာ ရဲရဲဝံ့ဝံ့ ဘဝတွေရင်း အသက်တွေနှင်းပြီး ခေတ်အဆက်ဆက်မှာ စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြတာ “လူထုသံဃာ” တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အထက်မှာရေးပြခဲ့တဲ့ သမိုင်းမှတ်တိုင်တွေမှာ ရိုးသားရှင်းသန့်စွာ ကိုယ်ကျိုးမဖက်၊ မယိမ်းမယိုင် ကျရာနေရာကနေ တာဝန်ကျေခဲ့ကြတဲ့ ရွှေဝါရောင် သံဃာတော်များ၊ ဘုရားရှင် အဆုံးအမနဲ့အညီ ဝိနည်းအတိုင်း ရဟန်းအလုပ်ကို အားထုတ် ကျေပွန်ကြတဲ့ သံဃာတော်အရှင်သူမြတ်များ၊ အမှန်တရားကို စောင့်ရှောက်ခဲ့ကြတဲ့ အညတရ ရဟန်းတော်များ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ပျံလွန်တော်မူခဲ့ရသော မြန်မာပြည် တနံတလျားက အမှန်တရားဘက်တော်သား “လူထုသံဃာ” အညတရ ရဟန်းတော်များရဲ့ ကျေးဇူးတရားတို့ကိုလည်း ဒီဆောင်းပါးကနေ ရည်မှန်းဦးခိုက် ကန်တော့ပါတယ် ဘုရား။

လူမျိုးခြား၊ ဘာသာခြား မုန်းတီးတဲ့ရောဂါဟာ ၁၉၈၈ မတိုင်ခင်ထိ မြန်မာနိုင်ငံမှာ မစွဲကပ်သေးပါဘူး။ ဒီရောဂါဆိုးကြီးကို သူတို့ အာဏာလက်မလွှတ်ရရေးအတွက် အသုံးချဖို့ မျိုးနှစ်အဆိပ်ပစ်ထည့်ပြီး ဖြန့်ခဲ့တာ အရင်စစ်အာဏာရှင်ဟောင်း အသိုင်းအဝိုင်းတွေထဲက ခေါင်းမာဂိုဏ်းသားတွေပဲ ဖြစ်တယ်။

လူအများစုရဲ့ ဘာသာတရားအမြင်၊ အသိတရား အတွေးအခေါ် နိမ့်ကျကျန်ရစ်ခဲ့တာကို အမြတ်ထုတ်ပြီး လမ်းမှားပို့ခဲ့တာဟာ ၁၉၉၀ အနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွှဲပေးတာကို အကြောင်းပြ ဖုံးကွယ်ဖို့ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှု ဆိုက်ဝါးအနေနဲ့ စတင်လာတာဖြစ်တယ်။ ဒါကို ယုံကြည်မိနေတဲ့ ပြည်သူတွေကို အလင်းပြဖို့ အစိုးရအာဏာစက်တင်မကဘူး၊ ဓမ္မစက်အပြင် သံဃာအစစ်၊ သံဃာအမှန်တွေဖြစ်တဲ့ “လူထုသံဃာ” တွေရဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်မှုတွေနဲ့အညီ ဟောပြော တရားပြသမှုတွေ၊ သိနားလည်တဲ့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့ ဆရာ၊ ဒကာ ညီညွတ်စွာ လက်တွဲဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ရေးရရင် အဖိနှိပ်ခံပြည်သူတွေကို ကိုယ်စားပြုတဲ့ “လူထုသံဃာ” နဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ အခွင့်ထူးခံ လူနည်းစုကို ကျောထောက်နောက်ခံပြုထားပြီး လူမျိုးခြား၊ ဘာသာခြား မုန်းတီးမှုတွေ ဖြန့်ဝေလို့ မြတ်စွာဘုရားရှင်ရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေကြတဲ့ “လူတစုသံဃာ” ဆိုတာ သမိုင်းအစဉ်အလာချင်းလည်း မတူသလို တန်ဖိုးချင်းမှာလည်း ကွာခြားပါတယ်။

အများပြည်သူ အကျိုးစီးပွားကို မဖော်ဆောင်တဲ့ လုပ်ရပ်တွေ၊ တိုင်းပြည် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးမှုကို အဟန့်အတားပြုနေတဲ့ ဘယ်လို လူပုဂ္ဂိုလ်၊ ရှင်ရဟန်း ဖြစ်ပါစေ၊ ပြည်သူလူထုတရပ်လုံးရဲ့ မုန်းတီးရွံရှာမှုကိုခံရပြီး မလှပတဲ့ သမိုင်းဆိုး သမိုင်းညစ်နဲ့ နိဂုံးသတ်ရတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်၊ ရှင်ရဟန်းတိုင်း အမှန်နဲ့အမှား ခွဲခြားတတ်လျက် ကောင်းသောကံများသာ ပြုနိုင်ကြပါစေ။

မင်းကောင်းချစ်

မေလ (၂၄) ရက် ၂၀၁၇ ခုနှစ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208626



ဒီပရက်ရှင် ရနေတဲ့ တိုင်းပြည်



ဘယ်သူ မဆို စိတ်ဓာတ် ကျတဲ့ အချိန် ဆိုတာ ရှိတတ် ကြပါတယ်။ မျှော်လင့် သလို ဖြစ် မလာတဲ့ အခြေ အနေ မျိုးတွေ၊ လုပ်သလောက် ခရီး မပေါက်တဲ့ အဖြစ် ပျက်တွေ၊ မထင် ထားတဲ့ ဒုက္ခ တွေနဲ့ ရင်ဆိုင် ကြုံတွေ့ ရတဲ့ အချိန်တွေမှာ ဘယ် လောက်ပဲ စိတ်ဓာတ် မာကျောသူ ဖြစ်ဖြစ် အနည်းနဲ့ အများတော့ ဒီပရက်ရှင် ၀င်တတ် ကြပါတယ်။

ဒီပရက်ရှင် (Depressing) ဆိုတာ ၀မ်းနည်း ညှိုးငယ်မှု ဖြစ်စေသော၊ စိတ် မချမ်း မသာ ဖြစ်စေသော စိတ်ကျတဲ့ ခံစား မှုမျိုးပေါ့။ လူတိုင်း၊ လူတိုင်းမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ခံစားမှုပါ။

အဲဒီလို လူ တစ်ယောက် အနေနဲ့ ဒီပရက်ရှင် ၀င်တဲ့၊ ဒီပရက်ရှင် ရနေတဲ့ အချိန် ဆိုတာ ရှိသလို မျိုးပဲ တိုင်းပြည် တစ်ပြည် အနေနဲ့ လူတစ်ယောက်လို ခံစား ကြည့်မယ် ဆိုရင် အခု အချိန်မှာ ကျွန်မတို့ရဲ့ တိုင်းပြည်က ဒီပရက်ရှင်ဝင် နေတဲ့ အချိန်၊ ဒီပရက်ရှင် ရနေတဲ့ အချိန်လို့ပဲ တင်စားပြီး ဆိုလိုက် ချင်ပါတယ်။

နိုင်ငံရေး ပယောဂတွေ ကြောင့် ကျွန်မတို့တိုင်းပြည်က အဘက်ဘက်က နိမ့်ကျ၊ အဘက်ဘက်က နောက်ကျကျန်ခဲ့ကြတော့ အိမ်နီးချင်းဖြစ်တဲ့ လာအို တို့၊ ဗီယက်နမ်တို့ကိုတောင် မနည်းမှီအောင် လိုက်ကြရမယ့် အခြေအနေပါ။

မြေဧရိယာကျယ် ကျယ်ဝန်းဝန်းရှိပါလျက်၊ သဘာဝသယံဇာတတွေ ကြွယ်ကြွယ်၀၀ ရှိပါလျက်၊ လူသားအရင်းအမြစ် တွေလည်း လုံလုံလောက်လောက် ရှိပါလျက်နဲ့ ဘီလူးကျွန်းသာသာ လောက်ရှိတဲ့ စင်ကာပူလို ကျွန်း နိုင်ငံကို သာဖို့တောင်၊ နောက်အနှစ် ၂၀ လောက် ကြိုးစားရုန်း ကန်ကြ ရဦးမှာ ဆိုတော့ သမိုင်းစဉ် တစ်လျှောက် အမှားကြီး မှားခဲ့ ကြတယ်၊ အလွဲကြီး လွဲခဲ့ကြတယ် ဆိုတာ အထင် အရှားပါပဲ။

အတိတ်ကအမှားတွေ၊ အလွဲတွေကို သင်ခန်းစာယူကြပြီး အခုအချိန်က ပြုပြင်ပြောင်းလဲမှု တွေကို လျင်လျင်မြန်မြန်နဲ့ တွန်း တွန်းတိုက်တိုက် လုပ်ဆောင်ကြရ တော့မှာပါ။ ပြုပြင်နိုင်တဲ့၊ ပြောင်း လဲနိုင်တဲ့ အခြေအနေတွေက လည်းရှိလာပြီဆိုတော့ အားလုံး က၀ိုင်းပြီး အနာဂတ်အတွက် ကြိုးစားအားထုတ်ရမယ့်အချိန် တွေပေါ့။ စဉ်းစားကြည့်လေ။

ဒီ လိုပြုပြင်ပြောင်းလဲနိုင်ဖို့ အခြေ အနေတွေရရှိအောင် မျှော်လင့် ထားတဲ့ ဒီမိုကရေစီအစိုးရကို ရရှိ ဖို့ဆိုတာ လွယ်လွယ်ကူကူ၊ ချော ချောမောမောနဲ့ လျှောက်ခဲ့ရတဲ့ လမ်းခရီးတွေမှမဟုတ်တာ။

ထူ ပြောလှတဲ့ ဆူးခင်းလမ်းတွေမှာ တွဲလက်မဖြုတ်တမ်း လျှောက် လှမ်းခဲ့ကြပြီး ပေးဆပ်မှုတွေ တနင့်တပိုးနဲ့ စိတ်ခွန်အားတွေ ညီညာခဲ့ကြတာ ပြန်တွေးကြည့်တော့ မနေ့တစ်နေ့ကလိုပါပဲ။

အဲဒီလို တော်လှန်ရေးကာလတွေမှာ စိတ်ခွန်အားတွေ ညီညာခဲ့ကြသလို တည်ဆောက် ရေးကာလတွေမှာလည်း စိတ်ခွန် အားတွေ ညီခဲ့ကြမယ်ဆိုရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာ ခဲခဲယဉ်းယဉ်း ကိစ္စမဟုတ်တော့ဘူး ပေါ့။ တိုင်းပြည် တိုးတက်ဖို့၊ တည် ဆောက်ဖို့ကို အစိုးရနဲ့ ပြည်သူက လက်တွဲ ညီညီ ကြိုးစား ရုန်းကန်ဖို့ လိုသလို ပြည်သူ၊ ပြည်သား အချင်းချင်း ကလည်း စိတ်ဝမ်းတွေ မကွဲကြဘဲ တွဲလက်တွေ ညီနေဖို့၊ ခိုင်မြဲနေဖို့လည်း လိုတာပေါ့။

အခုဆိုရင် ကျွန်မတို့တိုင်း ပြည်က လူမျိုးရေးပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ အခြေမလှတဲ့ အနေအထားပါ။ ပြည်သူပြည်သားအ များစုကလည်း စားဝတ်နေရေး အတွက် ခက်ခဲ ကျပ်တည်းနေကြတယ်။

တိုင်းပြည် တိုးတက်ဖို့ နေ နေသာသာ ကိုယ့်ဘ၀ကိုယ်ရှင် သန်နိုင်အောင်ပဲ မနည်းရုန်းကန် နေရတဲ့ အခြေအနေပါ။ ကိုယ့်ဘ ၀အခြေအနေလှပမှ၊ဖူလုံမှ၊ တိုင်း ပြည်ရဲ့ အခြေအနေတွေကို လှ အောင်၊ ကောင်းအောင် ပုံဖော်နိုင်ကြမှာလေ။

စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့် လယ်ယာလုပ်ငန်းခွင်က ထွန်း ထွန်းပေါက်ပေါက် မဖြစ်နိုင်သေးတာ အားလုံးအမြင်ပါပဲ။ အခု ခေတ် တောင်သူဦးကြီးတွေခမျာ ရှေးရှေးက တောင်သူဦးကြီးတွေ လို လက်ထဲငွေသီးဖို့ဆိုတာ၊တောသူဌေးတွေ ဖြစ်ကြဖို့ဆိုတာ အတော် ခဲယဉ်းနေတာပါ။

စပါးပေါ်ချိန် ငွေပေါ်ချိန်ဆိုတဲ့ စကားက ဟိုးဝေးဝေးမှာ ကျန်ခဲ့ပြီလို့ ပြောရမလို။ စပါးပေါ်ချိန်မှာ စပါးဈေးကကျတော့ စိုက်သာစိုက် ချေးငွေအပ်ရတာနဲ့တင် လက်ထဲမှာ ကိုယ့်အတွက်ငွေကျန်ဖို့က မသေချာ မရေရာတဲ့ အခြေအနေလေ။

ဒီကြားထဲ နယ်စပ်လမ်း ကြောင်းကနေ တရုတ်က၀င်တဲ့ အသီးအနှံတွေ၊ ပန်းတွေကြောင့် ပြည်တွင်းက တောင်သူတွေ ဒုက္ခ ရောက်ရ၊ အရှုံးပေါ်ရတာတွေ လည်း ရှိကြသေးတယ်။

တရုတ် က သံပရာသီးတွေဝင်လို့၊ သံပရို ပင်တွေကို အရှုံးပေါ်လို့ ခုတ်လှဲ ရတဲ့အကြောင်း၊ တရုတ်က ပန်း မျိုးစုံကို ဈေးချိုချိုနဲ့ ၀င်လာလို့ ပန်းဈေးကွက်ပျက်ပြီး ပြင်ဦးလွင် က ပန်းစိုက်သူတွေ အဆင်မပြေ ကြကြောင်း၊ ခရမ်းချဉ်သီးတွေ အရှုံးပေါ်လို့၊ ဖရဲသီးတွေ အရှုံး ပေါ်လို့ဆိုတဲ့ သတင်းတွေကလည်း ခဏ ခဏပဲဆိုတော့ ကျေး လက်က တောင်ယာလုပ်ငန်းခွင် က တောင်သူဦးကြီးတွေ အဆင် မပြေကြ၊ ဒုက္ခရောက်နေကြမယ် ဆိုရင် ဘယ်လိုလုပ်ပြီး စိုက်ပျိုး ရေးအဓိကထားတဲ့ တိုင်းပြည်က နာလန်ထူဖို့ ဖြစ်နိုင်ပါ့မလဲ။

စိုက်ပျိုးရေးဘက်မှာ တောင် သူလယ်သမားတွေ အဆင်ပြေ အောင်၊ စက်ရုံ၊ အလုပ်ရုံတွေမှာလည်း အလုပ်သမားတွေ အဆင် ပြေအောင် ဖန်တီးပေးနိုင်မှ တိုင်း ပြည်အတွက် ကောင်းမွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ရရှိနိုင်ပြီး ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရနိုင်မှာပါ။

တစ်ဖက်ကလည်း တစ်နိုင်ငံလုံးကပြည်သူတွေအဆင်ပြေအောင်၊ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်အောင် အဖြေရှာဖို့လိုသလို ငြိမ်းချမ်းရေးကိုလည်း အောင်အောင် မြင်မြင် အပြီး သတ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ကလည်း သေရေး ရှင်ရေး အရေးကြီးနေတာပါပဲ။

ဒီအနာတွေ၊ ဒီဒဏ်ရာတွေကို ပျောက်ကင်းအောင် ဆေးကုပါမှနာမကျန်းဖြစ်နေတဲ့ ကျွန်မတို့ တိုင်းပြည်ကြီးက ထူထူထောင်ထောင်ဖြစ်လာမှာပါ။

အခုတော့ အဘက်ဘက်က ကောင်းမွန်လာအောင်၊ အားလုံးက ကျားကုတ်ကျားခဲနဲ့ ကြိုးစား ကြရမယ့်အချိန်မှာ အလုပ်တွေ မတွင်ကြဘဲ နှောင့်နှေး ကြန့်ကြာမှု တွေ ဖြစ်အောင် ပြဿနာပေါင်း စုံတွေက ရှုပ်ထွေး ပွေလီနေကြ လေတော့ ပြဿနာတွေကို ရှင်း နေရတာနဲ့ပဲ အချိန်တွေကုန်နေ ကြရတော့ တာပေါ့။

အငြိုးအတေးတွေနဲ့ အုပ်စု ဖွဲ့ရန်စောင်မှုတွေ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအဖွဲ့တွေ၊ အားနည်းချက်တွေကို အကွက်ချောင်းပြီး တိုက်ခိုက်ကြတာတွေက ခုထိကို ရှိနေကြသေးတယ်။ အတိတ်က အမှားတွေကို လက်ညှိုးထိုးလို့ ပြီး ပဲမပြီးနိုင်ကြ။ ချီးမွမ်းထောမနာပြု ဘုန်းတော်ဘွဲ့တွေကလည်း ရိုးပဲ မရိုးနိုင်ကြ။

ပြဿနာတစ်စကို ဆွဲ ထုတ်ပြီး ရှည်သထက်ရှည်အောင် ဆွဲဆန့်နေကြတာနဲ့တင် အချိန်တွေကုန်နေကြရတယ်။ နာလိုခံခက် စကားရိုင်းတွေနဲ့ စိတ်ခံစား ချက်တွေကို ဒီဂရီအမြင့်ဆုံးဇွတ် တင်ကြတာ ပြီးပဲမပြီးနိုင်ကြတော့။ပုဒ်မ ၄၃၆ ဆိုတာက မှေးမှိန်လို့ ပုဒ်မ ၆၆ (ဃ)က ခေတ်စားနေတာပဲ ကြည့်လေ။

မူးယစ်ဆေးဝါးတွေ၊ သက်ငယ်မုဒိမ်းမှုတွေ၊ ခိုးဆိုးလုယက် မှုတွေ၊ လူသတ်မှုတွေစတဲ့ကိစ္စ တွေကို ရှင်းနေရတာနဲ့ပဲ အလုပ်တွေရှုပ်နေရတဲ့ကြားထဲ အမျိုးသားရေး ဆိုတဲ့စကားလုံးလှလှ အောက်မှာ သင်းကွဲကြ၊ တိုက် ခိုက်ကြ၊ ဆူပူကြ၊ ဆန္ဒပြကြနဲ့။

ဘာနဲ့တူသလဲဆိုတော့ ကျွန်မတို့တိုင်းပြည်ကြီးက နာမကျန်းဖြစ်နေရတဲ့အထဲ ဓာတ်စီး၊ နတ်စီး၊ ပယောဂ၀င်စီးနေတဲ့ နတ်ဝင်သည် တစ်ယောက်လိုလှုပ်လှုပ် ခတ်ခတ်၊ ရှုပ်ရှုပ်ယှက်ယှက်ကို ဖြစ်နေတော့တာပဲ။

ဒါကြောင့် ကျွန်မပြောတာ ပေါ့။ နာမကျန်းဖြစ်နေတဲ့ တိုင်း ပြည်ကြီးခမျာ သူ့ကိုဆေးကုကြမယ့် သူတွေ အချင်းချင်း ရန်ဖြစ်နေ ကြတာကို ကြည့်ပြီး ဒီပရက်ရှင် ၀င်နေတာလို့။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

From : 7 Day daily news By : ခွန်းဆင့်သူသူ

Originally published at - http://www.7daydaily.com/story/97280



အသံတိတ် နှုတ်ဆိတ် အသတ်ခံရသူများ



ရပ်ကွက်လေး တစ်ခု၏ ဆင်ခြေဖုံး ဆေးခန်းလေး တစ်ခုတွင် ဖြစ်သည်။ ဆရာဝန်လေး တစ်ယောက် နာရီကို ကြည့်လိုက်သည်။ အချိန်ကား အတော် လင့်ချေပြီ။ နာရီ လက်တံကား တရွေ့ရွေ့နှင့် ည ၉ နာရီခွဲသို့ ပြလာသည်။

ဆရာဝန်လေးလည်း ဆေးခန်းပိတ်ဖို့ အကူတပည့်ကိုပြောရင်း လူနာ မှတ်တမ်း စာရွက် စာတမ်း များ၊ ပစ္စည်း များကို သိမ်းဆည်းနေတုန်း ‘‘ဆရာ လူနာ တစ်ယောက် လာ တယ် ကြည့်ဦး မလား’’

အကူကောင်လေးရဲ့ အားနာသောအသံနှင့်အတူ ‘‘ဖြစ်ပါ့မ လား အမေရယ်’’ဆိုသော ကောင်မလေး၏ အသံကို ကြားမိသည်။ ဆရာဝန်လေးလည်း ‘‘ကဲ ညီလေး ရေ ဒီတစ်ယောက်ဆို အစ်ကို ဆက်ကြည့်လိုက်မယ် လွှတ်လိုက်ပါ’’

မကြာပါ။ အသက် (၂၀) အရွယ် မိန်းမပျိုလေး တစ်ဦးနဲ့ အသက် (၅၀) အရွယ် အမေကြီးတို့ရောက်လာသည်။ ၀တ်စားထားသည့် ပုံစံအရ အတန် အသင့် ပြည့်စုံသော မိသားစုကဟု ခန့်မှန်း ရတော့သည်။

ကဲ ‘‘လူနာက ဘယ်သူတုံး’’

‘‘ကျွန်မပါ ဆရာ’’

‘‘ဘာဖြစ်တာတုံး ညီမလေး’’

ထိုအခါမိန်းမပျိုလေးက ရှက်ရွံ့ထိတ်လန့်နေသော မျက်နှာဖြင့် တိတ်ဆိတ်နေတုန်း ‘‘ဒီလိုပါ ဆရာကျွန်မသမီးက သွေးမပေါ်လို့ သွေးပေါ်ဆေး တစ်လုံး လောက် ထိုးချင် လို့ပါ။ ဘယ်လောက် ကုန်ကုန် ကျွန်မပေးနိုင်ပါတယ်’’၊ အမေကြီး ရဲ့ စကားပြောပုံ ပုံသဏ္ဌာန်ကို မကြိုက်။ သို့သော် လူနာကိုတော့ မေးစရာ ရှိတာ မေးရတော့မည်။

ရာသီလာတဲ့ရက်မေးတော့ သူမဖြေတာမူမမှန်တော့။

‘‘ကဲ...ဒါဆို ဆီးစစ်ကြည့်ကြ ရအောင်။ ဆီးစစ်ပြီး ကိုယ်ဝန် မရှိ တာသေချာရင် ကျွန်တော်တို့ အဖြေတစ်ခု ရောဂါနဲ့ ပတ်သက် ပြီး ထုတ်နိုင်မှာပါ’’ ။ ဆရာဝန်လေး စကားဆုံးသော အခါ ကောင်မ လေးက ငိုပါတော့သည်။ ကောင် မလေး အမေ ကလည်း မထူးတော့ဟု ထင်သလားမသိ။

ကိုယ်ဝန်ရှိ နေသည်မှာ သိပါကြောင်း၊ သို့ သော် သမီး၏ ချစ်သူသည် သမီး ကို ထားသွားကြောင်း၊ ယခုလိုဖြစ် တော့ နှမသားချင်း စာနာ၍ ဖြေ ရှင်းပေးစေ လိုကြောင်း ၊ မနစ်နာစေ ရပါကြောင်း ပြောလာပါတော့ သည်။

ဆရာဝန်လေးလည်း သက်ပြင်းချကာ ဖျက်ချဖို့က မဖြစ်နိုင်ပါ ကြောင်း၊ တတ်နိုင်သမျှ မွေးစေလို ကြောင်း၊ လူ့ဘ၀ဆိုတာ ရခဲပြီး လူကြီးတွေ အမှားကြောင့် အပြစ်မဲ့ သည့် ကလေးကို သေစေသည်မှာ မတရား ပါကြောင်း ဖျောင်းဖျဖြစ် သည်။ သို့သော် အမေဖြစ်သူမှာ ကျေနပ်ပုံမရ။ သမီးလက်ဆွဲကာ ပြန်သွား တော့သည်။

ဆရာဝန်လေးလည်း သက် ပြင်းချမိသည်။ ဆရာဝန်လုပ်လာ သည့် လုပ်သက်တစ်လျှောက် တွင် ကလေးရ၍ ပျော်ပါသည်ဆို သော အိမ်ထောင်ရှင်များ၊ အမျိုး သမီးများသည် အလွန်ကိုနည်းပါး လှသည်။ လူတစ်ရာမှာ ၂၀ လောက်သာရှိမည် ထင်ပါသည်။

ထို့အတူ ဆေးရုံ၊ ဆေးခန်းများတွင် ကလေးပျက်ကျ၍လာသည်ဆို သော အမျိုးသမီး ၁၀ ယောက်တွင်ခုနစ်ယောက်သည် ဖျက်ချ၍ ရောက်လာကြခြင်း ဖြစ်သည်။

ဒီ နေရာတွင် ဖျက်ချသည်နှင့် ပျက် ကျသည်ဆိုသော အသုံးအနှုန်းမ တူပါ။ ပျက်ကျသည်ဆိုသည်မှာ ကိုယ်ဝန်သည် တစ်စုံတစ်ခု ပယောဂအား ထုတ်မှုမပါဘဲ ပျက်ကျခြင်း (Misscarriage) ဖြစ်ပြီး ဖျက်ချခြင်း (Abortion) မှာ တစ်စုံတစ်ခု၏ ပယောဂကြောင့် ပျက်ကျခြင်း ဖြစ်ပေသည်။

ဆေးပညာရှု ထောင့်အရ အမေ၏ ကျန်းမာရေးအခြေအနေအရ ကိုယ်ဝန်ရှိလျှင် အသက်အန္တရာယ်ရှိနိုင်သောအ ခါတွင်သော်လည်းကောင်း၊ ကိုယ် ၀န်ဆောင် သန္ဓေသားသည် မိခင် ၏ သားအိမ်ထဲတွင် သေဆုံးခဲ့လျှင်သော်လည်းကောင်း ကလေးကို ထုတ်ပစ်ရသည့်အခါမျိုးလည်းရှိ သည်။

မလိုချင်လို့ ဖျက်ချခြင်း သည် တရားဥပဒေကလည်း ခွင့် မပြု၊ ဆေးပညာရှင်အသိုင်းအ၀ိုင်း ကလည်း မြန်မာပြည်မှာတော့ လက်မခံပါ။

ဒီနေရာတွင် မေးခွန်းမေးစ ရာရှိပါသည်။ ဒါဆို တရားမ၀င် ကိုယ်ဝန်ဖျက်ချတဲ့ ဇာစ်မြစ်က ဘာလဲ၊ ဘယ်လိုတားဆီးကြမလဲ၊ ဘယ်လိုအရေးယူကြမလဲ။ မေး စရာမေးခွန်းပေါင်းများစွာရှိပါ သည်။ သို့သော် ပြဿနာအားလုံး ကို ခြုံငုံသုံးသပ်သော် လိင်ပိုင်းဆိုင်ရာပြဿနာများနှင့် လိင်ပိုင်းဆိုင် ရာပညာပေးမှု အားနည်း ခြင်းတို့ ကြောင့် ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာပြဿနာအစ

ချစ်၍ခေါ်ယူလိုက်တော်မူ ခြင်းကအစဖြစ်၍ တဒင်္ဂသာယာ ရာမှ တစ်ဘ၀စာ ပြဿနာများ ဖြစ်လာသည်။ တချို့က ချစ်သူ ထားသွား၍၊ တချို့က အိမ်ထောင် ရှင်များကတော့ ကလေးမလိုချင် သေး၊ အချိန်မတန်ဘဲရ၍ ဖျက်ချ ချင်ကြသည်။ မည်သို့ပင်ဆိုစေ ကာမူ ကာယကံရှင် အမျိုးသမီး အနေနှင့် အသက် အန္တရာယ် စိုးရိမ် ရသည်သာ မက ကလေး မမွေးနိုင် ဘဲ မြုံသွားနိုင်သည့် အခြေအနေ မျိုးများလည်း ရှိပါသည်။

လိင်ပညာပေးမှုအားနည်းခြင်း

အမျိုးသမီးတစ်ဦးအနေဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရ လာခြင်းသည် သက်ဆိုင်ရာအမျိုး သမီး၏ အပြစ်သာမဟုတ်ပါ။ ကျူးလွန်သူအမျိုးသားတွင်လည်း အပြစ်ရှိပါသည်။ ကိုယ်ဝန်တား ရာတွင် အဖော်လို့အများသိကြ သည့် ကွန်ဒုံးကိုသုံးခြင်းထက် အ ရေးပေါ်တားဆေးများနှင့် ထိုး ဆေးများကိုသာ အမျိုးသမီးများ က ပိုမိုအသုံးပြုနေကြရသည်ကို တွေ့ရှိရသည်။ သို့သော် ထိုကိုယ် ၀န်တားဆေး၊ ထိုးဆေးများမှာ အမျိုးသားနှင့် အမျိုးသမီးတို့ကို လိင်မှတစ်ဆင့်ကူးစက်ရောဂါ များ (HIV, Syphilis) မှ မကာကွယ်နိုင်ပါ။

မလိုချင်သော်လည်း ရလာသောအခါ

များသောအားဖြင့် ထိုသို့ဖြစ် လာသောအခါ သွေးပေါ်ဆေးများ ထိုးကြခြင်း၊ မိန်းမကိုယ်ယောနိအတွင်းသို့ တယောချောင်းများ ထည့်၍ မွှေ ခြင်း၊ သံချွန်နှင့် ခြစ်ချခြင်းနှင့် ယခု အခါ မိန်းမကိုယ်တွင်းသို့ ဆေး တောင့် ထည့်၍ ဖျက်ချခြင်းများ ပြုလုပ်ကြသည်။

ကလေးအစိတ်အပိုင်းများကျန်ခဲ့သောအခါ သားအိမ်အတွင်း ပုပ်ပွလာပြီး ရောဂါပိုးများပေါက်ဖွားလာကာ သွေးဆိပ်တက်ခြင်း၊ ဖျက်ချစဉ် သားအိမ် အတွင်း သားများသို့ ထိုးမိကာပေါက်ပြဲ၍ ပိုးဝင်ခြင်း၊ သွေးထွက်လွန်၍ အသက်အန္တရာယ်ထိခိုက်နိုင်ခြင်းနှင့်နောက်ပိုင်းကလေးယူသောအခါ ကိုယ်ဝန်မမြဲခြင်းနှင့် အခြေအနေဆိုးရွားပါက အမျိုးသမီးသားအိမ်ပါ ထုတ်ပစ်ရပြီး ကလေးမရနိုင်တော့ခြင်းမျိုးပါ ကြုံတွေ့နိုင်ပါသည်။

ဘယ်လိုသားဆက်ခြားကြမလဲ

အမျိုးသမီးတို့အနေနဲ့ ထို ပြဿနာမျိုးကို ကျိတ်၍ဖြစ်စေ တစ်ဆင့်စကားတစ်ဆင့်ကြားမှ ဖြစ်စေ မဖြေရှင်းဘဲ ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမစသော ကျန်း မာရေးဝန်ထမ်းများနှင့် လိုအပ် သော အဖြေရှာဖို့ တိုက်တွန်းလို ပါသည်။

သားဆက်ခြားရာတွင် မိမိ၏ ရာသီလာချိန်နှင့် ရာသီမှန် ခြင်း၊ မမှန်ခြင်း ကြုံတွေ့နေရ သော ပြဿနာများပေါ် မူတည်၍ သက်ဆိုင်ရာကျွမ်းကျင်သူ ဆရာ ၀န်၊ ဆရာမများမှ သောက်ဆေး ပေးခြင်း၊ ထိုးဆေးထိုးခြင်းနှင့် အ ရေးပေါ် သောက်ဆေးပေးခြင်း များ ပြုလုပ်နိုင်ပါသည်။

သတိပြု ရန်မှာ သားဆက်ခြားဆေးဝါးများ သည် ဟော်မုန်းဆေးဝါးများဖြစ် ၍ အနည်းနဲ့အများဆိုးကျိုးများ၊ ဓာတ်မတည့်မှုများရှိနိုင်ပါသည်။

ထို့ကြောင့် သုံးစွဲ၍အဆင်မပြေ ပါက နီးစပ်ရာကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင် ပင်ကာ အသင့်လျော်ဆုံး နည်း စနစ်ကို ရွေးချယ်နိုင်ပါသည်။

သို့ သော် ထိုဆေးဝါးများသည် လိင်မှ တစ်ဆင့် ဖြစ်တတ်သော ကူးစက် ရောဂါများကို မကာကွယ်နိုင်ပါ။ လိင်ဆက်ဆံနေစဉ် အဖော်လို့ အများခေါ်ကြသည့် ကွန်ဒုံးကို သုံးစွဲကြလျှင်ပို၍ အဆင်ပြေပါ သည်။

ဒီနေရာမှာ လူအတော် များများသိကြသည်မှာ အမျိုး သားသုံးကွန်ဒုံးသာဖြစ်သည်။ သို့ သော် အမျိုးသမီးသုံးကွန်ဒုံးများ လည်း ယခုအခါ အလွယ်တကူရ နိုင်ပါပြီ။

မြန်မာပြည်သည် ဗုဒ္ဓဘာသာထွန်းကားသောတိုင်းပြည် ဖြစ်သည်နှင့်အညီ ကလေးဖျက်ချ ခြင်းကို လုံးဝအားမပေးပါ။ သို့ သော် ခေတ်ရေစီးကြောင်း အပြောင်း အလဲကြောင့် လားတော့ မသိ၊ ကျန်းမာ သန်စွမ်းသည့် မိခင် အရွယ်သေနှုန်းတွင် ကိုယ်ဝန် ဖျက်ချခြင်းကြောင့် သေဆုံးခဲ့ခြင်းသည် အဓိက ထိပ်ဆုံးတွင် ရှိနေ သည်။

ယခုလက်ရှိ တရားဥပဒေ စီရင်ရေး၏ အားနည်းချက်အရ ကိုယ်ဝန်ဖျက်ချပေးသူ ထိုအသံ တိတ်လူသတ်သမားများအား ရုံး တင်တရားစွဲဆိုဖို့ အရေးယူဖို့ရာ လက်လှမ်းမမှီသေးပါ။

ဥပဒေ တွင် အားနည်းချက်များ ရှိနေပါ သေးသည်။ တကယ်တော့ ဖိုမ ဆက်ဆံရေးအရ ပေါက်ဖွားလာ သော အမိဗိုက်ထဲက ကလေး ငယ်သည် အပြစ်မရှိပါ။ ကလေး မရနိုင်အောင် သားဆက်ခြားခြင်း၊ အကာအကွယ်နှင့် ဆက်ဆံခြင်း စသော နည်းများ များစွာရှိသဖြင့် ကလေးမရခင် ကြိုတင်တားဆီး နိုင်ပါသည်။

သို့သော် မည်သည့် အတွက်ကြောင့်ဖြစ်စေ လူ့ဘ၀ ထဲကို မရောက်သေးသော အ ကောင်းအဆိုးအကြောင်းအကျိုး နားမလည်သေးသော ကလေး ငယ်ကို ဖျက်ချပစ်သည်မှာ လူ သားမဆန်ပါ။

အဟိတ်တိရစ္ဆာန် ပင် မိမိ၏ သားသမီးကို အသက် ပေး၍ ကာကွယ်သေးပေရာ တိ ရိစ္ဆာန်ထက် အဆင့်မြင့်သော လူ သားမျိုးနွယ်သည် ကမ္ဘာမီးလောင် သားကောင်ချနင်းသည့် ပုံစံမျိုး မလုပ်သင့်ပါ။

ပုခက်လွှဲသော မိခင်၏ လက်သည် ကမ္ဘာကိုအုပ် စိုးနိုင်ပါသည်။ ထိုသို့အုပ်စိုးနိုင် သော မိခင်တို့၏ ၀မ်းကြာတိုက် တွင် သန္ဓေယူသောကလေးသူ ငယ်တို့သည် နိုင်ငံ့ခေါင်းဆောင် ကြီးများ၊ ဆရာဝန်များ၊ အင်ဂျင်နီ ယာများနှင့် ထွန်းပေါက်မည့် ပုဂ္ဂိုလ် မည်သူမဆိုဖြစ်နိုင်ပါ သည်။ ထို့ကြောင့် အညတရဆရာ ၀န်လေး အနေနဲ့ မိခင်လောင်းများ ကို တောင်းဆိုလိုက်ပါသည်။

သတ္တိရှိရှိရင်ဆိုင်ကြပါ။ ၀မ်း ဗိုက်ထဲက အပြစ်မဲ့ကလေးငယ် များကို ရဲရဲရင့်ရင့် လူ့လောကထဲ ကို ခေါ်လာခဲ့ကြပါ။ ပြီးတော့ ကလေးငယ် အနာဂတ်လေးများ ကို အိပ်မက်တွေမက်စေပြီး တ ကယ်ဖြစ်လာအောင် ဖော်ဆောင် ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါသည်။

From : 7 Day daily news By : မောင်ရင်ကောင်း (ဆေး-၂)

Originally published at - http://www.7daydaily.com/story/97282



အကြောက်တရားကို ကျော်လွှားရဲမှ ငြိမ်းချမ်းရေး ရနိုင်မယ်



မေ ၂၆ ရက် နေ့မှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်း အဝေးကို နေပြည်တော်မှာ ဒီကနေ့ တတိယနေ့ အဖြစ် ဆက်လက် ကျင်းပ နေပါတယ်။

ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ နိုင်ငံရေး ပါတီ အစု အဖွဲ့ တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် အရေးနဲ့၊ လုံခြုံရေး ကဏ္ဍ (၅) ခုကို ဆက်လက် ဆွေးနွေးနေ ကြပါတယ်။

ပြီးတော့ ဒီကနေ့ မွန်းလွဲ ပိုင်းက နေပြည်တော် မြနန်းဘုံသာ လမ်းက သူမရဲ့ နေအိမ်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အန်ဘန်လနဲ့ ဇနီးတို့ကို နေ့လယ်စာနဲ့ တည်ခင်း ဧည့်ခံဖို့ ဖိတ်ကြား ခဲ့တဲ့ အပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ ကေအိုင်အို ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နောက် ဒီကနေ့ မွန်းလွဲ ပိုင်းမှာ ကျန်တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကလည်း အပစ်ရပ် လက်မှတ် မထိုး သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ အပစ်ရပ် လက်မှတ် ရေးထိုးပြီး (၂၁) ရာစုပင်လုံမှာ ပါဝင်ဖို့ကိုလည်း တခုတ်တရ ထပ်မံ တိုက်တွန်း အားပေးနေတဲ့ သဘောပါဘဲ။

လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့အချက်အပေါ်မှာ အပစ်ရပ်လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေတဲ့ KIA နဲ့ မဟာမိတ်တွေကို လက်မှတ်ထိုးပြီး ရဲရဲဝံ့ဝံ့နဲ့ ငြိမ်း ချမ်းရေးကို အတူတကွအရယူနိုင်ဖို့ အားပေးတိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်ကို ပြသတာပါပဲ။ သူမနဲ့ပြည်သူတွေ အတူရှိနေပါတယ်၊ စောင့်နေပါတယ် ဆိုတာ ပြောပြနေတဲ့ သဘောပါပဲ။

လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့အချက်အပေါ်မှာ သိပ်အာရုံမထားပါဘဲ ဆွေးနွေးပွဲအောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တခြားတိုင်းရင်းသားတွေနဲ့ အတူတူ မဖြစ်မနေ တည်ဆောက်စေချင်တဲ့ တိုက်တွန်းမှုလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါလိမ့်မယ်။

အားလုံးနဲ့ ဆိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်ရွယ်ကျင်းပမယ့် (၂၁)ရာစုပင်လုံ ညီလာခံကို ဘယ်အဖွဲ့ အစည်းကမှ ကြိုးကိုင် ချယ်လှယ် လို့ မရပါဘူး။ ပြည်တွင်းစစ်ကို ငြီးငွေ့ စက်ဆုတ်နေတဲ့ ပြည်သူအများစု အနီးကပ်စောင့်ရှောက်နေမှာ ဖြစ်တယ်လို့ သက်ဆိုင်သူ အားလုံးကို သတိပေးမှုလည်း ဖြစ်တယ်လို့ စာရေးသူက ရှုမြင်သုံးသပ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံဟာ ဘာကြောင့် နှစ်ပေါင်း ၇၀ ကြာတဲ့တိုင်အောင် ဘာကြောင့်ငြိမ်းချမ်းရေးရဖို့ နှောင့်နှေးနေရတာလဲ ဆိုတာကို အဖြေရှာကြည့်ရအောင်။

မိသားစုတစုမှာဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း တခုအတွင်းမှာဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာဖြစ်ဖြစ်၊ မှီတင်းနေထိုင်ကြသူတွေ၊ အုပ်ချုပ်ခွင့်အာဏာရသူတွေဟာ အသိ ဉာဏ် မဦးစီးနိုင်ဘဲ မှန်စွာတွေးခေါ်မျှော်မြင်နိုင်စွမ်း မရှိတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ဖြစ်လာ တတ်ပါတယ်။ အဲဒီကမှတဆင့် စိုးရိမ်ကြောင့်ကြမှု (အကြောက်တရား) တွေဖြစ်လာပြီး တခြားသူတွေ၊ တခြားလူမျိုးတွေ အပေါ်၊ တခြားဘာသာတွေ အပေါ် မယုံကြည်မှု မုန်းတီး မှုတွေ ဆိုတာ ထပ်မံမွေးဖွား စေပါတယ်။

အဲဒီမုန်းတီးမှုတွေကနေ ပြဿနာပဋိပက္ခတွေ၊ အကြမ်းဖက်အဖြေရှာမှုတွေ၊ အခွင့်ထူးခံ ဗိုလ်ကျအနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆက်လက်ဖြစ်တည် လာရပါတယ်။ ရုပ်ဆိုးအကျည်းတန်တဲ့ ပြဿနာပဋိပက္ခတွေကနေ အနိဌာရုံတွေဖြစ်ပေါ်လာပြီး အမုန်းတရားတွေ ထပ်ဆင့်ကြီးထွားလာစေပါတယ်။

အဲဒီကမှတဆင့် ပြဿနာပဋိပက္ခ အသစ်အသစ်တွေ၊ လက်နက်နဲ့ အကြမ်းဖက်အဖြေရှာတာတွေ ထပ်မံဖြစ်ပေါ်စေပြီး အင်္ဂလိပ်လို (Vicious Cycle) လို့ခေါ်တဲ့ လူအချင်းချင်းနှိပ်စက်ညှဉ်းပမ်းတဲ့၊ ငြိမ်းချမ်းမှုမရှိတဲ့၊ အနိဋ္ဌာရုံတွေပြည့်လွှမ်းနေတဲ့၊ မတရားမှုတွေနဲ့ အတိပြီးနေတဲ့ ရက်စက်ကြမ်းကြုတ် ဆင်းရဲဒုက္ခ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေရတော့တာပါပဲ။

အဲဒီဆင်းရဲဒုက္ခ သံသရာကြီးထဲက လွတ်မြောက်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် အဲဒီနိုင်ငံသားတွေဟာ အကြောက်တရားက လွန်မြောက်နိုင်ဖို့ လိုပါတယ်။ နိုင်ငံသားအချင်း ကိုယ်ချင်းစာနာစိတ်နဲ့ မေတ္တာတရား ကျင့်သုံးဖို့လိုပါတယ်။ တခြားသူတွေထက် အမြဲတမ်းအခွင့်ထူးခံရချင်စိတ်၊ ဗိုလ်ကျအသာစီး ယူချင်စိတ်၊ စည်းကမ်းမဲ့စွာ နေထိုင်လိုစိတ်၊ တာဝန်မဲ့လိုစိတ်တွေ ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။

အပြန်အလှန် လေးစားအသိအမှတ်ပြုနိုင်တဲ့ စိတ်တွေထားနိုင်ဖို့ လိုတယ်။ မိမိလူမျိုးရေး အကျိုးစီးပွားကို ပြည်ထောင်စုတခုလုံးအရေး အကျိုးစီးပွား အထက်မှာ ရှေ့တန်းမတင်မိဖို့ လိုပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာကို အပြောသက်သက်မဟုတ်၊ အသုံးချဖို့ သက်သက်မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးလိုက်နာဖို့ လိုပါတယ်။

ဒါကြောင့်လည်း အသိနဲ့အကျင့် တထပ်တည်းမကျဘဲ၊ တသားတည်းမရှိဘဲ စကားလုံးလှလှတွေနဲ့ တန်ဆာဆင်ထားတဲ့ အတွေးအမြင်ပြောဆိုမှုတွေဆိုတာ အောင်သီးအောင်နှံ အလျဉ်းမဖွံ့ထွားဘဲ ရနံ့ကင်းမဲ့တဲ့ ပန်းနဲ့အလားသဏ္ဌာန်တူတယ်လို့ ရှင်တော်မြတ်ဗုဒ္ဓက မြွက်ကြားခဲ့တာ မဟုတ်ပါလား။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတဲ့နောက် ပင်လုံမြို့မှာပဲ ၁၉၄၇ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး အတွက် ပင်လုံသဘောတူညီချက်ရဖို့ ကြိုးပမ်းစဉ်ကာလတုန်းက အနားယူချိန်မှာ စာထိုင်ဖတ်ခဲ့တဲ့ သစ်ပင်ကြီးအောက်မှာပဲ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ၁၂ ဦးနဲ့အတူ ပင်လုံငြိမ်းချမ်းရေး စကားဝိုင်း (Panglong Peace Talk) နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တာကို အနှစ်ချုပ်ကြည့် လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါတယ်။·

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်၊ အရွယ်မရွေး အားလုံးပါဝင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုရင် ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရလဲဆိုတာကို ပထမဆုံး ဆန်းစစ်ရမယ်။ ငြိမ်းချမ်းရေးမရတာ မတူကွဲပြားမှုကြောင့်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူး။

မတူကွဲပြားရတဲ့ အကြောင်းတခုကတော့ မခံချင်စိတ်၊ ဒေါသတွေကို ရှေ့တန်းတင်လို့ဖြစ်တယ်၊ မိမိတို့ဟာ မေတ္တာတရားကို ရှေ့တန်းတင်မယ်၊ မျှဝေ ကူညီချင်သည့်စိတ်ကို ရှေ့တန်းတင်မယ်ဆိုရင် အခုလိုကွဲပြားစရာအကြောင်း ရှိမယ်မထင်ပါ။

တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေဆိုတာ တကယ်တော့ စိန်ခေါ်မှုပင်ဖြစ်ပြီး စိန်ခေါ်မှုဆိုတာ အခွင့်အရေးတွေဖြစ်တယ်။ ကျော်လွှားနိုင်ရမယ်။

လူတို့သဘာဝအရ အနိုင်ကျင့်သူတွေလည်း ရှိပါနေပါတယ်။ အဲ့ဒီအနိုင်ကျင့်သူတွေ အနိုင်မကျင့်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေတခု ရှာရမှာဖြစ်တယ်။

နောက်ပြီး ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားတွေကလည်း ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ မျှော်လင့် ချက်တွေ နိုင်ငံရေး အရ၊ လူမျိုးရေး အရ တန်းတူ ပူးပေါင်းနိုင်မည့် အာမ ခံချက်တွေ၊ ကရင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆောင်ရွက်နိုင် ခဲ့မှုတွေ၊ ယုံကြည်မှု၊ ညီညွတ်မှု၊ တဦးကို တဦး အပြန် အလှန် လေးစားမှု၊ သာတူညီမှုတွေနဲ့ တည်ဆောက် ခဲ့တဲ့ အတွက် အောင်မြင် ခဲ့မှုတွေ ရခဲ့ကြတာ၊ အကြောက် တရားနဲ့ စိုးရိမ်ကြောင့်ကြ မှုတွေဟာ ငြိမ်းချမ်းရေး မရစေဘူးဆိုတဲ့ ယုံကြည်မှု ထင်မြင်ချက်တွေ မငြိမ်းချမ်း သေးသည့် အတွက် တိုင်းပြည် နစ်နာနေမှုတွေ၊ ငြိမ်းချမ်းရေး အတွက် တဦးအပေါ် တဦး သဘောထား ကြီးဖို့ လိုအပ်နေမှုတွေ၊ လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ များများ ပြုလုပ်ဖို့ လိုအပ် နေမှုတွေ၊ ပင်လုံစာချုပ် ပင်လုံ ကတိ ကဝတ်တွေကို အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ လုပ်ဆောင်ပြဖို့ လိုအပ် နေမှုတွေကို အပြန် အလှန် ဆွေးနွေး ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ ဆက်စပ်လို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး” (Peaceful coexistence) အကြောင်း ဒီဆောင်းပါးမှာ ဖြည့်ရေး ချင်ပါတယ်။

အဲ့ဒီစကားရပ်ရဲ့ အဓိပ္ပာယ်ကတော့ လူမျိုးနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုတဲ့ လူမျိုးစုတွေဟာ အသီးသီးရဲ့ မတူကွဲပြားမှုတွေကို အပြန်အလှန်လေးစား အသိ အမှတ်ပြုရင်း လူမှု ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့ နည်းနဲ့ အဖြေရှာပြီး ငြိမ်းချမ်းစွာ အတူ ရှင်သန်နေထိုင် ကြခြင်းပါပဲ။

အဲ့ဒီလိုငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်ဖို့အတွက် လူမျိုးအသီးအသီးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ဘာသာစကား၊ စာပေ၊ အနုပညာ ရပ်တွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုဖို့ လိုသလို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်စွာကျင့်သုံးခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်တွေ အပ်နှင်းရမှာဖြစ်ပါတယ်။ လူမျိုးစုများအားလုံး အခွင့်အရေးတူညီမှု၊ အပြန်အလှန်ဖေးကူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်မှုကို အားဖြည့်ထောက်ကူကြရမှာဖြစ်တယ်။

နိဂုံးချုပ်အနေနဲ့ ရေးချင်တာကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့တည်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအ၀င် မြန်မာနိုင်ငံသားအားလုံး မိမိအကျိုး၊ မိမိအဖွဲ့အစည်းအကျိုး၊ မိမိလူမျိုးအကျိုး၊ မိမိဘာသာအကျိုး ဆုတ်ယုတ်လေမလားဆိုတဲ့ မမှန်ကန်တဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှုဆိုတဲ့ အကြောက်တရားကို ကျော်လွှားရဲမှ ငြိမ်းချမ်းရေးရနိုင်မှာပါ။ အကြောက်တရားကိုတော့ သီလ၊ သမာဓိ ပညာတွေနဲ့ ကျော်လွှားလွန်မြောက်နိုင်ပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးရရင် လူမျိုးတိုင်း လူမျိုးတိုင်း၊ လူတိုင်း လူတိုင်းရဲ့ ဘ၀တွေ တိုးတက်မြင့်မားလို့ နောင်မျိုးဆက်သစ်တွေထိ ကောင်းကျိုး ချမ်းသာ ရနိုင် တာမို့ နိုင်ငံသားတိုင်း၊ အဖွဲ့အစည်း တိုင်းက မိမိတို့ဘက်ကပေးနိုင်တာ၊ စွန့်လွှတ်သင့်တာတွေကို ပေးဆပ်စွန်လွှတ်လို့ သမိုင်းပေးတာဝန်တရပ်အနေနဲ့ စိတ်သတ္တိရှိရှိ အစွမ်းရှိသရွေ့ ၀ိုင်းဝန်းအားထုတ်ပြီး ငြိမ်းချမ်းရေးကို အရယူပေးကြပါလို့ အလေးအနက်မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209133



ဆေးပညာလေ့လာသူအတွက် ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာ



မြန်မာ့ ဆေးပညာ လေ့လာသူများအတွက် ဂျာနယ်ကျော်မမလေး၏ မြန်မာ့ဆေးပညာ စာအုပ်လေး
တင်ပေး လိုက်ပါတယ်။

စိတ်ဝင်စားသူများ အောက်က လင့်မှာ ဒေါင်းယူနိုင်ပါတယ်။

docs.google
minus

ကိုးယောက်က သတ်လို့ ကိုးယောက်က သေတဲ့ လူသတ်ပွဲကြီး



စာအုပ်အမည် - ကိုးယောက်က သတ်လို့ ကိုးယောက်က သေတဲ့ လူသတ်ပွဲကြီး
စာရေးသူ - ဒေါ်အုန်းကြည်သား

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

Original link - http://www.zarni.info/


ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်



  • စာအုပ်အမည် - ကျွန်တော်သာသမ္မတကြီးဖြစ်ခဲ့ရင်
  • စာရေးသူ - ကျော်သူ

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ




  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

တရား ဓမ္ဓ ကျမ်းစာများ,



(ဗုဒ္ဓ ဘာသာ တရားကို မယုံကြည်လို့ မေးသော မေးခွန်း များကို တိကျသော ဖြေရှင်းချက်) ဒုတိယ အကြိမ် ပြန်လည် တင်ပေးခြင်း ဖြစ်ပါသည်။

(၁) - ဗုဒ္ဓ ဘာသာဆိုတာ ဘာလဲ။
(၂) - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။
(၃) - ဗုဒ္ဓဆိုတာ ဘယ်သူ ပါလဲ။
(၄) - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထား ခဲ့တဲ့ အတွက် တာဝန်မဲ့ရာ မရောက် ဘူးလား။
(၅) - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီ ဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင် ပါသလဲ။
(၆) - ဗုဒ္ဓဟာ ထာဝရ ဘုရား (God) လား။
(၇) - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေ ကြသလဲ။
(၈) - ဗုဒ္ဓဘာသာဝင် များဟာ ရုပ်တုကို ကိုးကွယ် ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူး ပါတယ်။ ဟုတ်ပါ သလား။
(၉) - တရုတ် ဗုဒ္ဓဘာသာ ဘုရား ကျောင်းတွေ ထဲမှာ စက္ကူ ပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူး ဆန်းဆန်း လုပ်ကြတာ တွေ့ကြ ရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြ ပါသလဲ။
(၁၀) - ဗုဒ္ဓ ဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြား မိပါဘူး။ အဲဒါ ဘာကြောင့်လဲ။
(၁၁) - ဘာကြောင့် ဗုဒ္ဓ ဘာသာတွေ အမျိုးမျိုး ကွဲပြားနေ ပါသလဲ။
(၁၂) - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီး တာပဲ။ သင်ဟာ သင့်ဘာသာ တရားကို မှန်တယ်လို့ ယူဆပြီး တခြား ဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံ ရတယ်။
(၁၃) - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

(၁) မေး - ဗုဒ္ဓဘာသာ ဆိုတာ ဘာလဲ။

ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဒ္ဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒါကြောင့် ဗုဒ္ဓ ဘာသာ ဆိုတာ နိုးကြားရေး အတွေး အမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿန ပညာကို ဂေါတမ နွှယ်ဖွား သိဒ္ဓတ္ထ မင်းသား ကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓ မြတ်စွာ ဘုရားက စတင် ဟောပြော ခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ် ဘုရားဟာ သက်တော် ၃၅ နှစ်မှာ (ကိလေသာတည်း ဟူသော အိပ်ပျော် ခြင်းမှ) နိုးလာ ပြီးလျှင် ဘုရား အဖြစ်သို့ ရောက်တော် မူပါသည်။

ဗုဒ္ဓ ဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့် ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓ ဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက် အထိ တော့ ဗုဒ္ဒ ဘာသာဟာ အရှေ့တိုင်း ဒဿန ပညာရပ် တစ်ခု အဖြစ်သာ တည်ရှိခဲ့ ပါတယ်။ သို့သော်လဲ ယခု အချိန်မှာ ဥရောပနှင့် အမေရိက တိုက်ရှိ နိုင်ငံ ပေါင်း များစွာ မှာလဲ ဗုဒ္ဓ ဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွါး နေပါတယ်။

(၂) မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။

ဖြေ - ဒဿန ပညာဆိုတာ အင်္ဂလိပ်စကား Philosophy ကို ဘာသာပြန် ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက် အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလို ပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosophy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။

ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင် ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝ တရားကို ကြည်လင် ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေး အတွက် အပြည့်စုံဆုံး ဥာဏ်ပညာ အရည်အသွေး တိုးတက်အောင် ကြိုးစား ကြဖို့ သင်ပေး ပါတယ်။

ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါ အားလုံးရဲ့ မိတ်ဆွေ သဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာ တရား တိုးပွါးအောင် ကြိုးစားဖို့ ကိုလဲ သင်ပေး ပါတယ်။ ဒါကြောင့် ဗုဒ္ဓ ဘာသာကို အတွေး အမြင် ပညာ တစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေး အမြင် ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေး အမြင် ပညာ (Supreme Philosophy) သာ ဖြစ်ပါတယ်။

(၃) မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။

ဖြေ - ခရစ် မပေါ်မှီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပိလ၀တ်ပြည်) ဘုရင် သုဒ္ဓေါဓနနှင့် မိဖုရား မယ်တော် မာယာတို့မှ သားကလေး တစ်ယောက် ဖွားမြင် ပါတယ်။ ဒီမင်းသား ကလေးဟာ စည်းစိမ် ဥစ္စာ ပြည့်ပြည့် စုံစုံနှင့် ကြီးပြင်း လာရ သော်လဲ နောက်ဆုံးမှာ လောကီ စည်းစိမ် ဥစ္စာတွေဟာ ချမ်းသာ ပျော်ရွှင် မှုကို မပေးနိုင်ဘူး ဆိုတာ တွေ့လာ ရတယ်။

ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲ ဒုက္ခတွေကြောင့် အကြီး အကျယ် စိတ် မချမ်း မသာ ဖြစ်ပြီး လူသားတို့ ချမ်းသာရေး အတွက် သော့ချက်ကို ရှာဖို့ ဆုံးဖြတ် လိုက်တယ်။

အသက်၂၉နှစ် ရှိတဲ့ အခါ ဒီမင်းသားဟာ သူ့ရဲ့ ကြင်ယာတော် (ယသောဓရာ)နှင့် သားတော် (ရာဟုလာ) ကို ထားခဲ့ ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာ ကြီးများရဲ့ ထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာ ခဲ့တယ်။

သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြ သော်လဲ သူတို့ ကိုယ်တိုင် ဆင်းရဲ ဒုက္ခရဲ့ အကြောင်းရင်း ဇာစ်မြစ်ကို မသိကြတဲ့ အတွက် ဒီဆင်းရဲ ဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ် ဆိုတာကိုလဲ မသိကြဘူး။

သိဒ္ခတ္ထ မင်းသားဟာ (ဥရုဝေလတော) မှာ ခြောက်နှစ် ကြာအောင် လေ့လာ ပွါးများ အားထုတ် ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့ အတွက် (အမှန် တရားကို) ထိုးထွင်း သိမြင် သွားပါတယ်။

အဲဒီ အချိန်က စပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်း ဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြ ပါတယ်။ ဗုဒ္ဓ ရှင်တော် မြတ်ဘုရားဟာ အဲဒီ အချိန်မှ စပြီး ၄၅နှစ် ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိ ထားတဲ့ တရားတော်များကို လှည့်လည် ဟောပြော ခဲ့ပါတယ်။

(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရ စရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါန ဈာန် အခြေခံလျက် မဂ္ဂင် ရှစ်တန်ပွါးမှသာ ဘုရား အဖြစ်သို့ ရောက်ပါသည်။)

ရှင်တော်မြတ် ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီ တရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝက အဖြစ် ခံယူ ကြပါတယ်။

သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့ အခါ သဘာဝ အလျောက် အိုခြင်း တရား၊ နာခြင်း တရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင်
နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင် စံတော် မူပါတယ်။

(၄) မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့ အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထား နိုင်ခဲ့တာ မဟုတ်ပါဘူး။သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ် တွန့် ဆုတ် ဖြစ်နေ ခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေး စောင့်ရှောက် တာထက် တလောက လုံးရဲ့အကျိုးကို ဆောင်ရွက် တာက ပိုပြီး အကျိုး ကြီးမား တယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ် လိုက်တာပါပဲ။

ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေ တာပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲ အပင်ပန်းခံ မှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေ ကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန် မမဲ့ကြောင်း ထင်ရှား ပါတယ်။

ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

(၅) မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင် ပါသလဲ။

ဖြေ - လျှပ်စစ်ဓါတ်ကို တွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန် သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေ ပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန် သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်း များစွာကို ကယ်နေ ဆဲပါပဲ။

ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေ ဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန် သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့ အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့ အခါမှာ သူတို့လို နေထိုင် ပြုမူ လိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။

ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ် ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီ နေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်း တွေက လူတွေကို အခုတိုင် အားတက် စေတုန်းပါပဲ။ သူ့စကားတော် တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲ စေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန် စံပြီးနောက် ရာစုနှစ်ပေါင်း များစွာ ကြာသည့် တိုင်အောင် ဒီလို စွမ်းအားများ ရှိနေနိုင်တာ ဖြစ် ပါတယ်။

(၆) မေး - ဗုဒ္ဓဟာ ထာဝရဘုရား (God) လား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရ ဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရားလို့ ဖြစ်စေ၊ ထာဝရ ဘုရားရဲ့ သားတော်လို့ ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ ဖြစ်စေ မမိန့်ကြား ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ် တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံ သူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။

(၇) မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေ ကြသလဲ။

ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံ တစ်ခုသော တန်ခိုးရှင်ဘုရား (God) ကို ကိုးကွယ်တဲ့ အခါ အဲဒီ ဘုရားကို ချီးကျူး ထောပနာ ပြုကြတယ်။ ဂုဏ်ပြု ကြတယ်။ တစ်စုံ တစ်ရာ ပူဇော်ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူး ထောပနာ သံကို အဲဒီ ဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော်ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်း ပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။

ဗုဒ္ဓဘာသာ ၀င်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှု တစ်မျိုး ကတော့ မိမိတို့ လေးမြတ် ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံ တစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေ ရှိတဲ့ လူနဲ့တွေ့ရင် လက်ဆွဲနှုတ်ဆက် ကြတယ်။ အမျိုးသား သီချင်း တီးရင် မတ်တပ်ရပ် အလေးပြု ကြတယ်။ ဒါတွေ အားလုံးဟာ ရိုသေ လေးစားမှုကို ပြတဲ့ အမူ အရာတွေ ပါပဲ။

လေးမြတ် ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရို အသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာ ၀င်များ ပြုလုပ် ကြတဲ့ ရှိခိုး ကိုးကွယ်မှု မျိုးပါပဲ။ တင်ပလ္လင်ခွေ ထိုင်ပြီး ရင်ခွင် ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေး ချထားတဲ့ ဗုဒ္ဓ ရုပ်ပွါးတော်ရဲ့ မဟာကရုဏာ တော်ဖြင့် ကြည်လင် လန်းဆန်း နေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။

အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှု ကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေး နေပါတယ်။ ဆီမီးကတော့ ပညာ ဆီမီး တန်ဆောင် ထွန်းပြောင် စေဖို့ သတိပေး နေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်း ကြွေကျ သွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စ တရားကို သတိရ စေပါတယ်။

ဗုဒ္ဓ ရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ် ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့ အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူး တော်ကို လေးမြတ် ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင် များရဲ့ ရှိခိုး ကိုးကွယ်မှုပါပဲ။

(၈) မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။

ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည် မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန် များကတော့ ရုပ်တုကို ထာဝရ ဘုရား (God) အဖြစ်နဲ့ ရှိခိုး ကိုးကွယ် ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြ ကြပါတယ်။

သိကြတဲ့ အတိုင်းပဲ ဗုဒ္ဓ ဘာသာဝင် များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရ ဘုရားတစ်ပါး (God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာ ၀င်များဟာ သစ်သား ရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ် ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရား တိုင်းမှာ ဘာသာဝင် တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ် လက္ခဏာ (Symbol) အမျိုးမျိုးကို အသုံးပြု ကြပါတယ်။

ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ ယန်(Ying -Yang) ကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေး ဆိုင်ရာ ရုန်းကန် လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ပါတယ်။ ခရစ်ယာန် ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက် စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါး ကပ်တိုင်ကို အမှတ် လက္ခဏာ အဖြစ် အသုံးပြု ပါတယ်။

ဗုဒ္ဓဘာသာမှာ လူသား တစ်ဦးရဲ့ အလုံးစုံ ပြီးပြည့်စုံမှုကို ဖေါ်ပြဖို့ရာ ဘုရား ရုပ်တုတော်ကို အမှတ် လက္ဓဏာ အဖြစ် အသုံးပြု ကြပါတယ်။ ဗုဒ္ဓ ရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော် များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေ ပါတယ်။ ဗုဒ္ဓ ဘာသာဟာ လူသားကို ဗဟိုပြု ပါတယ် ထာဝရဘုရား သိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေး အတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊ အဇ္ဈတ္တ သန္တာန် ကိုသာ ကြည့်ရမယ် ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရ စေပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုး ကိုးကွယ်တယ် ဆိုတဲ့ စွပ်စွဲပြောဆိုချက် တွေဟာ မမှန်ပါဘူး။

(၉) မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။

ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့ အခါ အဲဒါတွေကို ကျွန်ုပ်တို့ အတွက် ထူးဆန်းနေ တတ်ပါတယ်။ အဲဒီလို ဟာတွေကို အထူး အဆန်း တွေပဲလို့ အမှတ် တမဲ့ ဘာသိ ဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့် ကြပါတယ်။

မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရ တတ်ပါတယ်။ ဒီလို ကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာ တိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရ တတ်ပါတယ်။

ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ် ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ “ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာ ထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ် မဟုတ်ပေ။ ထို့အတူပင် ကိလေသာ ရောဂါ အဖိစီး အနှိပ်စက် ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေ ပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ် မဟုတ်ပေ။”

ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရား အကြောင်း ကောင်းကောင်း နားမလည် သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်းကို မဆုံးဖြတ် သင့်ပါဘူး။

(၁၀) မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။

ဖြေ - ဗုဒ္ဓဘာသာဝင် တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြား မိတာကတော့ ဗုဒ္ဓ ဘာသာဝင် များဟာ သူတို့ လုပ်တဲ့ ကုသိုလ် ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါ လိမ့်မယ်။

နှစ်ပေါင်း တော်တော်ကြာ ဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရား အားလုံး ပေါင်စည်း ညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့ အတွက် (Templeton Prize) တင်ပယ်လ်တန် ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့ အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ ပါတယ်။

၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီး တစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်း များစွာ ကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့ အတွက် [နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု] ကို ရရှိခဲ့ ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့ (Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင် နေပါတယ်။

စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင် ပေးနေ ပါတယ်။ ဗုဒ္ဓဘာသာဝင် များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာ ကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင် မှတ်ယူကြ ပါတယ်။

သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုး တိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည် ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ် လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။

(၁၁) မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲ သကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြား တိုင်းဟာ ချိုကြတာ ချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြား အမျိုးမျိုး အစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။

ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင် ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြား နေကြသော်လဲ အနှစ်သာရ အားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲ ဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်း ဆိုတဲ့ အနှစ်သာရပါပဲ။

ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက် လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆို ကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။

ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်း အမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲ ခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်း တစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြု ကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

(၁၂) မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီး တာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။

ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြား ဘာသာ တရားများကို ပွင့်ပွင့် လင်းလင်း ဝေဖန် စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြု မိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက် များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။

အားလုံးသော ဘာသာ တရားများက လူသားရဲ့ လက်ရှိ အခြေ အနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေ စိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံး ယုံကြည် ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြ ပါတယ်။

ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာ တရားများက ဒီ လုံးဝ အုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာ စကား အမျိုးမျိုး၊ နာမည် အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။

အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ် ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ် ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။

အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။ ပြင်သစ်က Tasse လို့ ခေါ်တယ်။ တရုတ်က Pei အင်ဒိုနီးရှားက cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်
တစ်ခြားလူ အခေါ် မှားတယ်လို့ ကိုယ့် အဘိဓာန် ကိုယ် ကိုးကားပြီး အကြောက် အကန် ငြင်းခုံးနေ ကြပါရော။ အဲဒီ အခိုက်မှာ ဗုဒ္ဓဘာသာဝင် တစ်ဦး ရောက် လာပြီး ဘာမှ ပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက် ပြစ်လိုက် ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။

ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြု တာပါပဲ၊ ငြင်းခုံနေလို့ ဘာအကျိုး ရှိမလဲ၊ သောက်ဖို့ ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်း လာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာ တရားများ အပါ် ဗုဒ္ဓဘာသာက မြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

(၁၃) မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

ဖြေ - ဒီအမေးကို မဖြေမှီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါ လိမ့်မယ်။ အဘိဓာန်များက ဒီလို ဖွင့်ပြ ကြပါတယ်။ "သိပ္ပံ" ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝ တစ်ခုကို လက်တွေ့ မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့ အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ ပညာ၊ တိတိ ကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။

အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက် အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓ ဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါး ကတော့ သေသေ ချာချာ ကိုက်ညီ ပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယ သစ္စာပါ။ လိုချင် တပ်မက်မှု တဏှာကို ဆိုလို ပါတယ်။ ဆင်းရဲ ဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာ ဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿန ပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစား သိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓ သစ္စာပါ။ ဆင်းရဲ ကုန်ဆုံးတဲ့ သဘော၊ ဆင်းရဲငြိမ်းတဲ့ သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင် ဆိုသူ တစ်ဦး ဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲ ဒုက္ခရဲ့ အကြောင်း တရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရား ကတော့ ဆင်းရဲ ငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။

ဒီဆင်းရဲ ငြိမ်းရေး နည်းလမ်း ကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ် ပေးထားတဲ့ နည်းလမ်း အတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်း ကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာ လိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။

ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြ ထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။

ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကို မဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ် ပြီးမှ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံး အမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေ ပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -

  • ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်
  • အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည် ပါနှင့်
  • သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့် မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်
  • တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်
  • စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
  • ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
  • မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်
  • သင်ကိုယ်တိုင် ကောင်းတဲ့ အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။

ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့် ၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘော သဘာဝ တွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာ တရားတွေထက် ပိုပြီးသိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။

နှစ်ဆယ် ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ် အိုင်းစတိုင်း က ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလို ပြောပါတယ်။

နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရား တစ်ခု ဖြစ်ပေါ် လာလိမ့်မယ်။ အဲဒီ ဘာသာတရားဟာ ထာဝရဘုရား အယူ အဆကို လွှမ်းမိုး သွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလဲ ရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝ တရားနှင့် ဘာသာ တရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာ တရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံ လိမ့်မယ်။

ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာ တရား တစ်ခု ရှိတယ် ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။

အရှင်မုနိန္ဒ (ပန်းထော်) ပြန်လည် မျှဝေပါသည်။

Credit: Ven S Dhammika

From : ဖိုးသူတော်

Originally published at - http://www.phothutaw.com/2017/05/blog-post_41.html



စာရေးဆရာ ဆရာမ 49 ဦးရဲ့ စာပေ ဟောပြောပွဲ အသံဖိုင် ၁၃၂ ခု Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: စာရေးဆရာ ဆရာမ 49 ဦးရဲ့ စာပေ ဟောပြောပွဲ အသံဖိုင် ၁၃၂ ခု



စာရေးဆရာ အစုံ ပါတယ် ဇာဂနာ၊ ကိုကိုကြီးတို့ အခု နောက်ပိုင်း ဆရာ လင်းသိုက် ဟိုး အရင် ကဆို ဦးသုခ ၊ နန္ဒာ သိန်းဇံ၊ ဒေါက်တာ မတင်ဝင်း ၊ လယ်တွင်းသား စောချစ် မြန်မာပြည် အပါအ၀င် နိုင်ငံတကာ ဟောပြော ခဲ့တဲ့ ဟာတွေ တစ်စုထဲ ယူလို့ ရပါပြီ။

စုထားချင်တဲ့ သူတွေ အတွက် ရည်ရွယ်ပြီး တင်ပေး လိုက်ပါတယ်။ စာမဖတ်ဖြစ်တဲ့ အခါတွေမှာ စာပေ ဟောပြောပွဲ နားထောင် ရတာ ဗဟုသုတ အသိအမြင် အများကြီး ရပါတယ်။

လိုအပ်သူများ အောက်က လင့်မှာ ဒေါင်းလုပ် ယူထားပါ။ 123 ခု တခါထဲနဲ့ ဒေါင်းရ ပါပြီ။

Download-1 - အသံဖိုင် 21 ဖိုင် (google -drive)

Download-စာပေဟောပြောပွဲ - 2 = 21 ဖိုင်

Download-3 - အသံဖိုင် 21 ဖိုင် (google -drive)

Download- စာပေဟောပြောပွဲ - 4 = 23 ဖိုင်

Download- စာပေဟောပြောပွဲ - 5 = 21 ဖိုင်

Download-6 - အသံဖိုင် 21 ဖိုင် (google -drive)

Download- စာပေဟောပြောပွဲ -7 = 10 ဖိုင်


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

"ထေရ၀ါဒ ပိဋကတ်တော်များ"

"ထေရ၀ါဒ ပိဋကတ်တော်များ"


ထေရ၀ါဒ´ဆိုသည်မှာမြတ်စွာဗုဒ္ဓလက်ထက်တော်အခါကဘုရားရှင်ကိုယ်တော်တိုင်ဟောကြားတော်
မူခဲ့သည့်တရားတော်များအား `ဖြည့်စွတ်ခြင်း´ `ပယ်နှုတ်ခြင်း´ `ပြင်ဆင်ခြင်း´ လုံးဝမရှိပဲ မြတ်စွာဗုဒ္ဓ
ဟောကြားခဲ့သည့် အတိုင်းတရားတော်များကို မူရင်ကျကျ ကျင့်ကြံအားထုတ်စောင့်ထိန်းသည့် အရှင်
မဟာကဿပစသော သီလ၊သမာဓိ၊ပညာ၊(သို့) ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ၊ အစရှိသောဂုဏ်အင်္ဂါ
အရည်အချင်းများနှင့်ပြည့်စုံသော မထေရ်မြတ်တို့၏ အယူဝါဒကိုထေရ၀ါဒဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

သံဃာတော်အရှင်သူမြတ်တို့သည် မြတ်စွာဗုဒ္ဓ၏ မူရင်းပါဠိတော်တရားမြတ်တို့ကိုနှုတ်ဆင့်ကမ်း၍
လည်းကောင်း၊ စာမှတ်တမ်းများဖြင့်လည်းကောင်း၊ ခေတ်အဆက်ဆက်မှာမည်သည့်အခြေအနေ
မျိုးနှင့်ပင်တွေ့ကြုံပါစေဗုဒ္ဓ၏ဒေသနာတော်မြတ်တို့အားစောင့်ရှောက်ထိန်းသိမ်းတော်မူခဲ့ကြပါသည်။

သီဟိုဠ်ကျွန်း(ယခုသီရိင်္လာနိုင်ငံ)သာသာနာတော်သမိုင်းတွင်အစားရေစာငတ်မွတ်ခေါင်းပါးသည့်
ဘေးကြီးနှင့်တွေ့ကြုံသောအခါတွင် သံဃာတော်အရှင်သူမြတ်တို့သည် ဗုဒ္ဓမြတ်စွာ၏ပိဋကတ်ဒေ
သနာတော်များအား မကွယ်ပျောက်စေရန်အတွက် ၀မ်းဗိုက်ပေါ်တွင် သဲများတင်ကာအစာဆင်းရဲ
ဒဏ်ကိုကြံကြံခံ၍တရားတော်များကိုလက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်တော်မူခဲ့ကြပါသည်။

သံဃာတော်အရှင်သူမြတ်တို့၏ ကျေးဇူးတော်ကား ကြီးမားလေစွာတကား။ ယခုသူတော်ကောင်းများ
မြတ်ဗုဒ္ဓ၏ ပိဋကတ်တော်ဒေသနာများအား ဘုရားရှင်ဟောကြားတော်မူခဲ့သည့်မူရင်အတိုင်း ယခုအ
ချိန်ထိ နာကြားသင်ကြားခွင့်ရသည်မှာ သံဃာတော်အရှင်မြတ်တို့၏ကျေးဇူးတော်မြတ်ကြောင့်ပင်ဖြစ်
ပေသည်။

`ပိဋက´ဟူသောအနက်အဓိပ္ပါယ်မှာ`ခြင်းတောင်း´ဟုအဓိပ္ပါယ်ရရှိပါတယ်။သယ်ဆောင်စရာပစ္စည်းများ
အား ခြင်းတောင်းဖြင့် လူတို့သည် သယ်ဆောင်ယူသကဲ့သို့ မြတ်စွာဗုဒ္ဓ၏ တရားတော်မူရင်း ပိဋကတ်
တော်များအားသံဃာတော်အရှင်မြတ်များမှခေတ်အဆက်ဆက်လက်ဆင့်ကမ်းသယ်ယူခဲ့ကြသဖြင့် ခြင်း
တောင်းဖြင့် တင်စားကာ `ပိဋက´ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။

မြတ်စွာဗုဒ္ဓဟောကြားတော်မူခဲ့သည့် ထေရ၀ါဒ ပိဋကတရားဒေသနာတော်များမှာ-
  • (၁) ၀ိနယ ပိဋက
  • (၂) သုတ္တန္တ ပိဋက
  • (၃) အဘိဓမ္မ ပိဋက
ဟူ၍ အမျိုးအစားအားဖြင့် သုံးမျိုးရှိပါသည်။

ထို ၀ိနည်း၊သုတ္တန်၊ အဘိဓမ္မာတရားတော်သုံးမျိုးကိုပင် ပိဋက သုံးပုံဟု ခေါ်ဆိုပါသည်။

(၁) ၀ိနယ ပိဋကတော်
သံဃာတော်အရှင်သူမြတ်များနှင့် ဘိက္ခူနီ (ရဟန်းမ)များတွက် ပညတ်ထားသောကျင့်ဝတ်စည်းကမ်း
ဥပဒေများကို `၀ိနယ´ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။
ထို ၀ိနယပိဋကသည်လည်း(၅)မျိုးအားဖြင့် ထပ်မံခွဲခြားထားပါသည်။ထို(၅)မျိုးမှာ-
  • (က) ပါရာဇိကဏ် ပါဠိတော် = ရဟန်းတော်များအတွက်ပညတ်ထားသောကျင့်ဝတ်စည်းကမ်း
    ဥပဒေ သိက္ခာပုဒ်တော်ပေါင်း-၄၉-ပါး
  • (ခ) ပါစိတ်ပါဠိတော် = ရဟန်းတော်များအတွက် ပညတ်ထားသောကျင့်ဝတ်စည်းကမ်း ဥပဒေ
    သိက္ခာပုဒ်တော်ပေါင်း-၁၇၈-ပါးနှင့် ဘိက္ခူနီများအတွက် ပညတ်ထားသောကျင့်ဝတ်စည်းကမ်းဥပဒေသိ
    က္ခာပုဒ်တော်ပေါင်း-၃၁၁-ပါး
  • (ဂ) မဟာဝဂ္ဂ ပါဠိတော် = ရဟန်းတော်များ လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်စည်းကမ်း ဥပဒေ
    များ၊ လုပ်နည်းလုပ်ဟန်နည်းနာနိဿယျ များကို အခန်း(၁၀)ခန်းဖြင့်ဖော်ပြဟောကြားထားသည်။
  • (ဃ) စူဠ၀ဂ္ဂ ပါဠိတော် =ရဟန်းတော်များနှင့်ပတ်သက်သောစည်းမျဉ်းဥပဒေတို့ကိုအခန်းပေါင်း
    (၁၂)ခန်းဖြင့် ဖော်ပြထားသည်။
  • (င) ပရိဝါ ပါဠိတော် = ၀ိနည်းသိက္ခာပုဒ်တော်တို့ကိုကျက်မှတ်လိုသူများအတွက် အကျဉ်းချုပ်
    ပြုစုဖော်ပြထားသော ကျမ်းဖြစ်သည်။
(၂) သုတ္တန္တ ပိဋကတော်
မြတ်စွာဗုဒ္ဓရှင်တော်မြတ်သည်သဗ္ဗညုတဘုရားစင်စစ်ဖြစ်တော်မူသည်မှစ၍ပထမဆုံးဟောကြားတော်
မူသော`ဓမ္မစကြာတရားတော်´မှပရိနိဗ္ဗာန်စံဝင်တော်မူခါနီးနောက်ဆုံးဟောကြားတော်မူခဲ့သည့်`သြ၀ါဒ
ဒေသနာတော်´အထိ(၄၅)၀ါကာလတိုင်တိုင်ဟောကြားတော်မူခဲ့သည့်``ဒေသနာတော်´´အမျိုးအစား တရားတော်ဖြစ်ပါသည်။
ထို `သုတ္တန္တပိဋက´ကသည်လည်း နိကာယ်အားဖြင့် (၅)မျိုး ခွဲခြားထားပါသည်။

ထိုနိကာယ်ကျမ်း(၅)မျိုးမှာ-
  • (က) ဒီဃ နိကာယ်
  • (ခ)မဇ္ဈိမနိကယ်
  • (ဂ) သံယုတ္တ နိကာယ်
  • (ဃ) အင်္ဂုတ္တရ နိကာယ်
  • (င) ခုဒ္ဒက နိကကာယ် တို့ဖြစ်ကြပါသည်။
(က) ဒီဃနိကာယ် = အလွန်ရှည်လျားသော သုတ်တော်ဒေသနာတို့ကို စုပေါင်းထားသောကြောင့်
`ဒီဃနိကာယ်´ဟုခေါ်ပါသည်။
ယင်း ဒီဃနိကယ်တွင်-
  • (၁) သီလက္ခန္ဓ ၀ဂ္ဂ-၁၃-သုတ်
  • (၂) မဟာဝဂ္ဂ ၁၀-သုတ်
  • (၃) ပါထိက ၀ဂ္ဂ ၁၁-သုတ် တို့ပါဝင်ပါသည်။

(ခ)မဇ္ဈိမ နိကာယ် = မရှည်လွန်း ၊မတိုလွန်း အလယ်အလတ်ဖြစ်သော သုတ်တော်ဒေသနာတို့ကို
စုပေါင်းထားသောကြောင့်`မဇ္ဈိမ နိကယ်´ဟုခေါ်ပါသည်။
ယင်းမဇ္ဈိမ နိကာယ်တွင်-
  • (၁) မူလပဏ္ဏာသ ဒေသနာတော် ၅၀-သုတ်
  • (၂) မဇ္ဈိမ ပဏ္ဏာသ ဒေသနာတော် ၅၀-သုတ်
  • (၃) ဥပရိပဏ္ဏာသ ဒေသနာတော် ၅၂-သုတ် တို့ပါဝင်ပါသည်။
  • (ဂ) သံယုတ္တ နိကာယ် = တူညီသော အချက်တစ်ခုကို မူထား၍ စုပေါင်းထားသောဒေသနာ
    သုတ်တော်များကို `သံယုတ္တ နိကာယ်´ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
ယင်း သံယုတ္တနိကာယ်သည်-
  • (၁) သဂါထာဝဂ္ဂ သံသုတ်တော်ပေါင်း ၁၁-သုတ်
  • (၂) နိဒါန ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၀-သုတ်
  • (၃) ခန္ဓ ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၃-သုတ်
  • (၄) သဠာယတန ၀ဂ္ဂ သံယုတ်တော်ပေါင်း ၁၂-သုတ်
  • (၅) မဟာဝဂ္ဂ သံယုတ်တော်ပေါင်း ၁၂-သုတ် တို့ပါဝင်ပါသည်။

(ဃ)အင်္ဂုတ္တရနိကာယ် = ဧကနိပါတ်မှ ဧကာဒသ နိပါတ်တိုင်အောင်-နိပါတ်တော် ၁၁-သုတ်
သုတ်တော်ဒေသနာပေါင်း ၉၅၅၇-သုတ် တို့ပါဝင်ပါသည်။

(င)ခုဒ္ဒကနိကာယ် = ရှေ့နိကာယ်(၄)ရပ်တို့မှ နောက်ထပ်ဖြစ်သော `ခုဒ္ဒကပါဌ´စသည့်ကျမ်းအစု
ကို `ခုဒ္ဒကနိကာယ်´ဟုခေါ်ဆိုပါသည်။

ယင်း`ခုဒ္ဒက နိကာယ်´တွင် အောက်ဖော်ပြပါကျမ်းများပါဝင်ပါသည်။
  • (၁) ခုဒ္ဒကပါဌ =တိုတောင်းသည့် သုတ်တော် (၉) မျိုးပါဝင်သည်။
  • (၂) ဓမ္မပ = ၀ဂ်ပေါင်း(၂၆)၀ဂ်၊ ဂါထာတော်ပေါင်း (၄၂၃)ဂါထာတော်ပါဝင်သည်။
  • (၃) ဥဒါန =ဗုဒ္ဓမြတ်စွာ ကျူးရင့်တော်မူသော ဒေသနာတော်များဖြစ်သည်။ ၀ဂ်ပေါင်း
    (ဂ)၀ဂ်နှင့် ဥဒါန်းတော်ပေါင်း (၈၂)ပါး ပါဝင်ပါသည်။
  • (၄)ဣတိဝုတ္တက =နိပါတ်တော် (၄)ခု ၊သုတ်တော်ပေါင်း (၁၂၀)ပါဝင်ပါသည်။
  • (၅) သုတ္တနိပါတ =သုတ်ငယ်ပေါင်းများစွာအားစုပေါင်းထားခြင်းဖြစ်၏။ဝဂ်(၅)၀ဂ်သုတ်
    တော်(၅၄)သုတ်နှင့် ပုစ္ဆာ(၆၁) ခု ပါဝင်ပါသည်။
  • (၆)၀ိမာန ၀တ္ထု =ဘုံနန်း ဗိမာန်ဆိုင်ရာ အဖြစ်အပျက်တို့ကို ဖော်ပြထားခြင်းဖြစ်၏။ဝဂ်
    (၇)၀ဂ်နှင့်၊ ဇာတ်တော်(၈၃)ပုဒ်ပါသည်။
  • (၇)ပေတ၀တ္ထု = ငရဲ၊စသောလောက၏ ဆင်းရဲဒုက္ခကိုဖော်ပြထားခြင်းဖြစ်၏။ဝဂ်ပေါင်း
    (၄)၀ဂ်၊၀တ္ထုတော်ပေါင်း (၅၀)ပါဝင်သည်။
  • (၈) ထေရဂါထာ =မထေရ်မြတ်ကြီး(၁၀၇)ပါး၏အဆိုအမိန့်သြ၀ါဒများကို နိပါတ်(၂၁)
    ခုဖြင့် ခွဲခြားဖော်ပြထားသည်။
  • (၉)ထေရီဂါထာ =ထေရီမယ် (၇၃)ပါးတို့၏ အဆိုအမိန့်သြ၀ါဒများကို နိပါတ်(၁၆)
    ခုဖြင့်ဖော်ပြထားသည်။
  • (၁၀) ဇာတက =မြတ်စွာဗုဒ္ဓ၏ ရှေ့ဘ၀ဖြစ်စဉ်များကို ဖော်ပြထားသည်။ နိပါတအပိုင်း
    ငယ် (၂၂)ပါး၊ ဇာတ်တော်ဝတ္ထုပေါင်း(၅၄၇)ပါဝင်သည်။
  • (၁၁) မဟာနိဒ္ဒေသ =သုတ္တနိပါတ်ကျမ်းလာ `အဋ္ဌက၀ဂ်´ဝေါဟာရ အဓိပ္ပါယ်တို့ကိုထပ်
    မံဖွင့်ဆိုခြင်းဖြစ်၏။
  • (၁၂) စူဠနိဒ္ဒေသ =သုတ္တနိပါတ်ကျမ်းလာ နောက်ထပ်ဝဂ် (၃)ခုကိုထပ်မံဖွင့်ဆိုထားခြင်း
    ဖြစ်၏။
  • (၁၃) ပဋိသမ္ဘိဒါမဂ္ဂ =ဓမ္မ၏ အခြေခံအချက်တို့ကို သရုပ်ခွဲ၍ ဝေဘန်ပြထားခြင်းဖြစ်၏။
    ကဏ္ဍကြီး(၃)ခုနှင့် အခန်းငယ်ပေါင်းများစွာပါဝင်သည်။
  • (၁၄)မွန်မြတ်သောအကျင့်မြတ်တို့ကိုကျင့်ကြံခဲ့သောသူတော်ကောင်းများ၏အကြောင်းကို
    ဖော်ပြထားခြင်းဖြစ်၏။ ကဏ္ဍ(၅၅)ခုဖြင့် မထေရ်မြတ်(၅၅၀)တို့၏ ဘ၀ထေရုပ္ပါဒ်ကိုဖော်ပြ
    ထားခြင်းဖြစ်၏။ ထို့အပြင်ကဏ္ဍ(၄)ခုဖြင့်ထေရီ(၄၀)တို့၏ ဘ၀များကိုလည်းကောင်း၊နောက်
    ဆက်တွဲအဖြစ် ဗုဒ္ဓပဒါန နှင့် ပစ္စေကဗုဒ္ဓါတို့၏ ပဒါနတို့ကိုလည်း ဖော်ပြထားသည်။
  • (၁၅)ဗုဒ္ဓ၀ံသ=ဘုရားရှင်တို့၏ဘုရားဖြစ်စဉ်မဟာဗုဒ္ဓ၀င်တော်ကိုအစီအစဉ်တကျဖော်ပြ
    ထားသည်။ထို့အပြင်ဗုဒ္ဓပကိဏ္ဏကကဏ္ဍနှင့်ဓာတုဘောဇနိယကထာတို့ကိုလည်းဖော်ပြထား
    ပါသည်။
  • (၁၆) စရိယာပိဋက =ဘုရားအလောင်းတော် ပါရမီတော်ဖြည့်ကျင့်ခဲ့သည့် ဘ၀တို့
    ကိုဖော်ပြထားသည်။
(၃) အဘိဓမ္မ ပိဋကတော်

သုတ္တန်၊၀ိနည်းတို့ထက် ကဲလွန်သောသဘောတရားများ၊နက်နဲသော သဘာဝဓမ္မများကို
စုစည်းဖော်ပြထားသောကြောင့်``အဘိဓမ္မပိဋက´´ဟုခေါ်ဆိုပါသည်။ထိုအဘိဓမ္မာပိဋက
သည်လည်း ကျမ်းအားဖြင့်(၇)ကျမ်းရှိပါသည်။
  • (က) ဓမ္မသင်္ဂဏီ =သက်ရှိသက်မဲ့ အရာအားလုံးတို့၏ ရုပ်နာမ်သဘာဝကို အပိုင်း
    ကြီးလေးပိုင်းခွဲလျှက် ရေတွက်ပြခြင်း။
  • (ခ) ၀ိဘင်္ဂ = ဓမ္မသဘာဝကို အဓိပ္ပါယ်ခွဲခြမ်းစိတ်ဖြာထားသော ၀ိဘင်္ဂခေါ်အဖွင့်
    ပေါင်း(၁၈)ခု ပါဝင်သည်။
  • (ဂ) ဓာတုကထာ =ကဏ္ဍ(၁၄)ခုခွဲကာ ပရမတ္ထတရားတော်တို့ကို နည်း(၄)ပါး
    တို့ဖြင့်အကျယ်တ၀င့် ရှင်းလင်းဖော်ပြထားသည်။
  • (ဃ) ပုဂ္ဂလပညတ္တိ =ကဏ္ဍကြီး (၁၀)ခုတို့၌ (၁)မှ (၁၀)အထိ ပုဂ္ဂိုလ်အမျိုး
    အစားတို့ကိုနိဒ္ဒေသအလိုက် ဖော်ပြထားသည်။
  • (င) ကထာဝတ္ထု = ဗုဒ္ဓ၀ါဒ ဂိုဏ်းကွဲများ၏ အယူဝါဒများကို စုပေါင်းဖော်ပြထား
    သည်။ဝဂ်ပေါင်း (၂၃)၀ဂ်ဖြင့် ထေရ၀ါဒမှ သုတ်တော်ပေါင်း
    (၅၀၀)နှင့်`ပရ၀ါဒ´မှသုတ်တော်ပေါင်း (၅၀၀)တို့ကို နှိုင်းယှဉ်ထားသည်။
  • (စ) ယမက = အဘိဓမ္မသဘောတရားများ၏ ဖြစ်တည်နေပုံကိုမူလ၊ခန္ဓ၊အာယ
    တန၊ ဓာတု၊ သစ္စ၊ သင်္ခါရ ၊ အနုသယ၊စိတ္တ ၊ ဓမ္မ၊ ဣန္ဒြိယ ဟူသောယမက(၁၀)
    ပါးတို့ဖြင့် ဖော်ပြထားသည်။
  • (ဆ) ပဋ္ဌာန = ဓမ္မာအနုလောမ စသည်တို့၌ တိကပဋ္ဌာနစသောပဋ္ဌာန်း(၆)ပါး
    တို့ဖြင့် ပွားသော် (၂၄)ပါးသော ပဋ္ဌာန်းတို့ကို ရရှိသည်။ ပဋ္ဌာန်းတစ်ပါးစီတွင်`ပဋိစ္စ
    ၀ါရ´စသော ၀ါဒ(၇)ပါးတို့ဖြင့်တန်ဆာဆင်ဖော်ပြထားသည်။

အထက်ပါဒေသနာတော်ကျမ်းမြတ်တို့သည်ကားဗုဒ္ဓမြတ်စွာကိုယ်တော်တိုင်ဟောကြားတော်မူ
ခဲ့သည့်ပိဋကတော်များဖြစ်ပါသည်။သို့ရာတွင်ထိုပိဋကတော်၏နောက်ဆက်တွဲ၊ အဋ္ဌာကထာ
ကျမ်းတို့၏ရှေ့ပြေး ပါဠိတော်များလည်းရှိပါသေးသည်။ ယင်းကျမ်းတို့မှာ အောက်ပါအတိုင်း
ဖြစ်ကြပါသည်။
  • (၁) နေတ္တိပကရဏ =ဓမ္မရေးရာနှင့်ပတ်သက်သော ဝေါဟာရနှင့် အဓပ္ပါယ်တို့ကိုရှင်းလင်း
    ဖော်ပြထားသည်။
  • (၂) ပေဋကောပဒေသ = ပိဋကသုံးပုံမှ ကောင်းနိုးရာရာဒေသနာတော်တို့ကိုဖော်ပြထား
    သည်။
  • (၃) မိလိန္ဒပဥှာ = ပိဋကတော်တွင် အကျယ်တ၀င့်ပါရှိသည့်သတိ၊သမာဓိ၊ပညာ၊စသော
    အကျင့်တရားများ ၊ဖဿ၊ဝေဒနာ၊စသောအဖြစ်တရားများကို စေ့စပ်စွာဆွေးနွေးဖော်ပြထား
    သည်။

ထိုထေရ၀ါဒဗုဒ္ဓဒေသနာတော်ပိဋကတော်များကိုပထမ၊ဒုတိယ၊တတိယသင်္ဂါယနာတော်(၃)
ကြိမ်လုံးကို သံဃာတော်အရှင်သူမြတ်တို့သည် နှုတ်ထက်ဆောင်ကာ သင်္ဂါယနာတင်တော်မူ
ခဲ့ကြပါသည်။

စတုတ္ထသင်္ဂါယနာတွင်ပေထက်အက္ခရာတင်တော်မူခဲ့ပြီး၊ပဉ္စမသင်္ဂါယနာတင်ပွဲတွင်ကျောက်ထက်
အက္ခရာတင်၍ သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။ ဆဋ္ဌမသင်္ဂါနာတွင်မူ ပိဋကတော်တို့ကို
စက္ကူဖြင့်စာအုပ်ပြုလုပ်သင်္ဂါယနာတင်တော်မူခဲ့ကြပါသည်။

ဆဋ္ဌသင်္ဂါယနာတင် ကျမ်းစာတို့သည် အောက်ပါအတိုင်း ပုံနှိပ်မှတ်တမ်းတင်ထားပါသည်။

ကျမ်းအမည် ကျမ်းရေ စာအုပ်ရေ
  • ၀ိနယ ၅ ၅
  • ဒီဃနိကာယ ၃ ၃
  • မဇ္ဈိမနိကာယ ၃ ၃
  • သံယုတ္တနိကာယ ၅ ၃
  • အင်္ဂုတ္တရနိကာယ ၁၁ ၃
  • ခုဒ္ဒကနိကာယ ၁၉ ၁၁
  • အဘိဓမ္မ ၇ ၁၂
  • စုစုပေါင်း ၅၃ ၄၀
စတုတ္ထ၊ပဉ္စမ၊ဆဋ္ဌမသင်္ဂါယနာတင်ပွဲများတွင်ပေထက်အက္ခရာ၊ကျောက်ထက္ခရာ၊ပုံနှိပ်အက္ခရာ
(စာအအုပ်)ဖြင့် မှတ်တမ်းတင်တော်မူခဲ့ရာတွင် အရေအတွက်အားဖြင့် အောက်ပါအတိုင်းဖြစ်
ပါသည်။
  • ပေရွက်ရေ ၆၃၄၅ -ရွက်
  • ကျောက်ချပ်ရေ ၇၂၉ -ချပ်
  • စာအုပ်ရေ ၄၀ -အုပ်
  • စာရွက်ရေ ၆၅၄၇ -ရွက်
  • စာမျက်နှာ ၁၃၀၉၄ -မျက်နှာ
  • စာကြောင်းရေ ၄၀၄၀၇၀ -ကြောင်း
  • အက္ခရာစာလုံးအရေအတွက် ၁၁၀၂၁၇၅၀ (တစ်ကုဋေ တစ်သန်း နှစ်သောင်းတစ်ထောင်
    ခုနှစ်ရာ့ငါးဆယ်) ရှိပါသည်။

(မှတ်ချက်) အထက်ပါပိဋကတော်တို့သည် `ပါဠိတော်´ အရေအတွက်မျှသာဖြစ်ပါသည်။

နိဿယျများ ၊အဋ္ဌာကထာများ၊ဋီကာများ ရေတွက်မထားပါ။

(မိမိအကျိုး၊ တပါးသူ၏ အကျိုး၊ ထိုနှစ်မျိုး သည်ပိုးဆောင်ရွက်နိုင်သူများဖြစ်ကြပါစေ)

ဓမ္မ၀ီရ အရှင်တေဇနိယ(ခေတ္တ-သီရိလင်္ကာနိုင်ငံ)