Sunday, 18 June 2017

ဝင်းစတား~မန္တလေး

▲▲▲၀င်းစတား~မန္တလေး

24.9.2015
- - (으)ㄹ거라고[ 것이라고]
하다
- - -လိမ့်မည်ဟု ပြောပါသည်

●오전에는 맑다가 오후부터 흐려질 거라고 해요.
မနက်ပိုင်းမှာ ရာသီဥတု ကြည်လင်ပြီးတော့ မွန်းလွဲကစပြီး တိမ်ထူ လိမ့်မယ်လို့ ပြောပါတယ်။
●이번 겨울은 별로 춥지 않을 거라고 해요.
ဒီတစ်ကြိမ် ဆောင်းရာသီက သိပ်ပြီး ချမ်းမှာမဟုတ်ဘူးလို့ ပြောပါတယ်။
●일기 예보에서 태풍이 올 것이라고 했다.
မိုးလေ၀သခန့်မှန်း(သတင်း)မှ တိုက်ဖုန်း လာလိမ့်မည် ဟုကြေငြာသည်။
●다음 주부터 장마가 시작될 거라고 했다.
နောက်တပတ် မှစပြီး မိုးရာသီ စတင်တော့မယ်လို့ ပြောပါတယ်။
●내일은 날씨가 흐리고 비가 올 거라고 했다.
မနက်ဖြန် ရာသီဥတုသည် တိမ်ထူထပ်၍ မိုးရွာလိမ့်မည်ဟု ဆိုပါသည်။
●준호 씨는 사정이 있어서 수료식에 참석하지 못할 거라고 했어요.
ဂျွန်းဟိုးရှီက အရေးကြီးကိစ္စ ရှိလို့ သင်တန်းဆင်းပွဲကို တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎
V-자고 하다
_ _ _ ကြရအောင်လို့ ပြောတယ်
●친구가 저녁 때 만나자고 하는데 내가 일 때문에 안 된다고 했어요.
သူငယ်ချင်းက ညနေကျယင် တွေ့ကြရအောင်လို့ ပြောပေမယ့် ငါက အလုပ် လုပ်ရမှာမို့လို့ မရဘူးလို့ ပြောလိုက်တယ်။
●준석 씨가 비빔밥을 시키자고 했는데 내가 불고기를 먹자고 했어요.
ဂျွန်ဆော့ရှီက ထမင်းသုပ်ကို မှာရအောင်လို့ ပြောပေမယ့်
ကျနော်က အသားအချိုချက်စားကြရအောင်လို့ ပြောခဲ့တယ်။
○◎○◎○◎○◎○◎○◎○◎○◎
V-지 말자고 하다
မ_ _ _ကြဖို့ ပြောတယ်
●비가 오니까 등산 가지 말자고 했어요.
မိုးက ရွာနေလို့ တောင်တက် မသွားကြတော့ဖို့ ပြောလိုက်တယ်။
●수업 시간에 영어를 쓰지 말자고 했어요.
သင်တန်းအချိန်မှာ အင်္ဂလိပ်ဘာသာကို မသုံးဘဲနေကြရအောင်လို့ ပြောပါတယ်။
◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎ ◎
-냐고 하다 [묻다]
_ _ _ သလား/လဲ လို့ မေးတယ်
●준석 씨가 나에게 이 책이 재미있냐고 했어요.
ဂျွန်ဆော့ဂ်ရှီက ငါ့ကို ဒီစာအုပ်က စိတ်ဝင်စားဖို့ကောင်းလားလို့ မေးတယ်။
●어제 날씨가 추웠냐고 물었어요.
မနေ့က ရာသီဥတု အေးသလားလို့ မေးခဲ့တယ်။
●선생님께서 한국 생활에 익숙해졌냐고 물어 보셨어요.
ဆရာက(ကျနော့်ကို) ကိုရီးယားလူနေမှုစနစ်မှာ နေသားကျသွားပြီလားလို့ မေးကြည့်ခဲ့ပါတယ်။
●한국 사람들은 처음 만나면 나에게 어디에 사냐고 물어 봐요.
ကိုရီးယန်းတွေက ပထမဆုံးတွေ့တာနဲ့ ငါ့ကို ဘယ်မှာနေတာလဲလို့ မေးကြည့်ကြတယ်။
●친구가 내게 라면이 다 끓었냐고 했어요.
သူငယ်ချင်းက ငါ့ကို ခေါက်ဆွဲပြုတ် ကျက်ပြီလားလို့မေးတယ်။
●바바라 씨에게 그 일을 하겠냐고 물어 보세요.
ဘာဘရာကို ဒီကိစ္စကို လုပ်မှာလားလို့ မေးကြည့်လိုက်ပါ။
●어머니께서 왜 그 친구를 요즘 안 만나냐고 내게 물어 보셨다.
အမေက ဘာကြောင့် အဲဒီသူငယ်ချင်းကို ခုတလော မတွေ့တော့တာလဲလို့ ကျနော့်ကို မေးကြည့်နေခဲ့တယ်။
●준석 씨가 내게 결혼식이 언제냐고 했어요.
ဂျွန်ဆော့ဂ်ရှီက ငါ့ကို မင်္ဂလာဆောင်က ဘယ်တော့လဲလို့ မေးခဲ့တယ်။
●나는 바바라 씨에게 몇 살이냐고 물어 보았어요.
ကျနော်က ဘာဘရာကို အသက်ဘယ်နှနှစ်ရှိပြီလဲလို့ မေးကြည့်ခဲ့တယ်။
●이 동네에서 제일 맛있는 식당이 어디냐고 물어 볼까요?
ဒီရပ်ကွက်ထဲမှာ အရသာအကောင်းဆုံး ထမင်းဆိုင်က ဘယ်မှာလဲလို့ မေးကြည့်လိုက်ရမလား။
●서울에서 제주도까지 비행기 요금이 얼마냐고 전화로 물어 볼게요.
ဆိုးလ်မြို့ကနေ ဂျယ်ဂျူဒို ထိအောင် လေယာဉ်ခ ဘယ်လောက်လဲလို့ ဖုန်းနဲ့ မေးကြည့်လိုက်မယ်။
#Win_Stars_Mandalay
#ကျန်းမာပျော်ရွှင်ကြပါစေ

LikeShow more reactions
Comment

2015 EPS-TOPIK ပြဌာန်းစာအုပ် အခန်း ၁ မှ ၁၀ အထိ စကားလုံးများ

2015 EPS-TOPIK ပြဌာန်းစာအုပ်အခန်း ၁ မှ ၁၀ အထိ စကားလုံးများ


Image may contain: text 
 
(1)
한글 ကိုရီးယားစာလုံးအက္ခရာ
익히기 ကျွမ်းဝင်စေခြင်း
모음 သရ
자음 ဗျည်း
다음 နောက်မှ
읽다 (စာ)ဖတ်သည်
쓰다 ရေးသည်
연습 လေ့ကျင့်ခန်း
이 ၂
오 ၅
아이 ကလေး
오이 သခွားသီး
우유 နွားနို့
여우 မြေခွေး
듣다 နားထောင်သည်
맞다 မှန်သည်
것 အရာ
고르다 ရွေးချယ်သည်
예 ဟုတ်ကဲ့
왜 ဘာကြောင့်လဲ
오다 လာသည်
와요 လာတယ်၊ လာပါ
위에 အပေါ်မှာ
외우다 ကျက်မှတ်သည်
외워요 ကျက်မှတ်တယ်
(2)
가수 အဆိုတော်
아기 ကလေး
네모 စတုဂံ
다리 ခြေထောက်
소리 အသံ
모자 ဦးထုပ်
아버지 အဖေ
사자 ခြင်္သေ့
새우 ပုဇွန်
지우개 ခဲဖျက်
치마 ဂါဝန်၊ စကတ်
코 နှာခေါင်း
타조 ငှက်ကုလားအုတ်
포도 စပျစ်သီး
호수 ရေကန်၊ အင်း
노래 သီချင်း
모래 သဲ
기자 သတင်းထောက်
기차 မီးရထား
머리 ဦးခေါင်း
허리 ခါး
까치 သပိတ်လွယ်ငှက်
어깨 ပုခုံး
귀뚜라미 ပုရစ်
뿌리 အမြစ်
아저씨 ဦးလေး
찌개 ဟင်း
끄다 (မီး) ပိတ်သည်၊ငြှိမ်းသည်
아프다 နာသည်
바쁘다 အလုပ်များသည်
받침 အသတ်ဗျည်း
책 စာအုပ်
밖에 အပြင်ဘက်မှာ
눈 နှင်း၊ မျက်လုံး
산 တောင်
옷 အ၀တ်အစား
꽃 ပန်း
별 ကြယ်
말 မြင်း
삼 ၃
닭 ကြက်
식사 စားသောက်ခြင်း
마지막 နောက်ဆုံး
편지 ပေးစာ
손수건 လက်ကိုင်ပုဝါ
낮에 နေ့ခင်းမှာ
밭 လယ်ယာစိုက်ခင်း
숟가락 ဇွန်း
젓가락 တူ
굴 လှိုဏ်ဂူ
수요일 ဗုဒ္ဓဟူးနေ့
밤 ည
마음 စိတ်
몸무게 ကိုယ်အလေးချိန်
잎 သစ်ရွက်
집 အိမ်
수업 စာသင်တန်း
공 ဘောလုံး၊ သုည
한강 ဟန်မြစ်
강아지 ခွေးပေါက်စ
밥 ထမင်း
음악 ဂီတ
한국어 ကိုရီးယားဘာသာ
할아버지 အဘိုး
걷다 လမ်းလျှောက်သည်
앉다 ထိုင်သည်
물 ရေ
문 တံခါးပေါက်
앞에 ရှေ့မှာ
닫다 ပိတ်သည်
창문 ပြူတင်းပေါက်
사진 ဓါတ်ပုံ
찍다 ရိုက်သည်
마시다 သောက်သည်
아침 မနက်ခင်း
병원 ဆေးရုံ
가다 သွားသည်
(3)
교실 စာသင်ခန်း
선생님 ဆရာ/မ
학생 ကျောင်းသား/သူ
반 친구 အတန်းဖော် သူငယ်ချင်း
칠판 သင်ပုန်း
책상 စာရေးခုံ
의자 ထိုင်ခုံ
공책 ဗလာစာအုပ်
연필 ခဲတံ
지우개 ခဲဖျက်
볼펜 ဘောပင်
필통 ခဲတံဘူး
시계 နာရီ
달력 ပြက္ခဒိန်
펴다 ဖြန့်သည်
덮다 ဖုံးအုပ်သည်၊ ပိတ်သည်
보다 ကြည့်သည်
따라하다 လိုက်လုပ်သည်
아야기하다 စကားပြောသည်
대답하다 ဖြေကြားသည်
안다 သိသည်
모르다 မသိပါ
질문 မေးခွန်း
(4)
하다 ပြုလုပ်သည်
만나다 တွေ့ဆုံသည်
반갑다 ၀မ်းသာသည်
감사하다 ကျေးဇူးတင်သည်
아니다 မဟုတ်ပါ
죄송하다 အားနာသည်
괜찮다 ကိစ္စမရှိပါ
(5)
자다 အိပ်သည်
먹다 စားသည်
많이 များစွာ
주말 စနေ၊ တနင်္ဂနွေ
보내다 ပို့သည်။ အချိန်ကုန်ဆုံးသည်။
축하한다 ဂုဏ်ပြုသည်
(6)
저 ကျွန်တော်
어휘 ဝေါဟာရ
나라 နိုင်ငံ
한국 တောင်ကိုရီးယား
네팔 နီပေါ
동티모르 အရှေ့တီမော
몽골 မွန်ဂိုလီယာ
미얀마 မြန်မာ
방글라데시 ဘင်္ဂလားဒေ့ရှ်
베트남 ဗီယက်နမ်
스리랑카 သီရိလင်္ကာ
우즈베키스탄 ဥဇဘက်ကစ္စတန်
인도네시아 အင်ဒိုနီးရှား
중국 တရုတ်
캄보디아 ကမ္ဘောဒီးယား
키르기스스탄 ကာဂျစ္စတန်
태국 ထိုင်း
파키스탄 ပါကစ္စတန်
필리핀 ဖိလစ်ပိုင်
자기 မိမိကိုယ်တိုင်
소개 မိတ်ဆက်ခြင်း
때 နေရာ/အခါ
사용하다 အသုံးပြုသည်
이름 အမည်
국적 နိုင်ငံသား
등 စသည်ဖြင့်
사람 လူ၊ လူမျိုး
보기 နမူနာ။ကြည့်ရန်
처럼 ကဲ့သို့
문장 စာကြောင်း
완성하다 ဖြည့်စွက်သည်
문법 သဒ္ဒာ
연습 လေ့ကျင့်မှု
대화 အပြန်အလှန်စကားပြောခြင်း
어느 မည်သည့်(အရာ)
발음 အသံထွက်
직업 အလုပ်အကိုင်
학생 ကျောင်းသား
선생님 ဆရာ/မ
회사원 ကုမ္ပဏီဝန်ထမ်း
주부 အိမ်ရှင်မ
경찰관 ရဲဝန်ထမ်း
소방관 မီးသတ်သမား
공무원 ပြည်သူ့ဝန်ထမ်း
점원 ဆိုင်ဝန်ထမ်း
의사 ဆရာဝန်
간호사 သူနာပြု
요리사 စားဖိုမှူး
운전기사 ကားဒရိုင်ဘာ
기술자 နည်းပညာရှင်
목수 လက်သမား
농부 လယ်သမား
어부 တံငါသည်
지위 ရာထူးအဆင့်
높다 မြင့်သည်
처음 ပထမဆုံးအကြိမ်
직장 동료 လုပ်ဖော်ကိုင်ဘက်
나이 အသက်(အရွယ်)
အခန်း(7)
여기 ဒီနေရာ၊ ဒီမှာ
사무실 ရုံးခန်း
화장실 အိမ်သာ
장소 နေရာ
여기 ဒီမှာ
저기 ဟိုမှာ
거기 အဲဒီမှာ
어디 ဘယ်နေရာ
회사 ကုမ္ပဏီ
사무실 ရုံုးခန်း
화장실 အိမ်သာ
식당 ထမင်းဆိုင်
집 အိမ်
기숙사 အဆောင်
세탁소 ပင်မင်း
미용실 အလှပြင်ဆိုင်
시장 ဈေး
마트 မာ့တ်
편의점 ၂၄ နာရီဆိုင်
슈퍼마켓 စူပါမားကတ်
물건 ပစ္စည်း
열쇠 သော့
가족사진 မိသားစုဓာတ်ပုံ
가방 အိတ်
지갑 ပိုက်ဆံအိတ်
여권 နိုင်ငံကူးလက်မှတ်
우산 ထီး
거울 မှန်
화장품 အလှကုန်ပစ္စည်း
빗 ဘီး
헤어드라이어 ဟဲယားဒရိုင်ယာ
베개 ခေါင်းအုံး
이불 စောင်
끝 အဆုံးသတ်
컴퓨터 ကွန်ပျူတာ
린스 ဆံပင်ပေါင်းဆေး
샴푸 ခေါင်းလျှော်ရည်
비누 ဆပ်ပြာ
칫솔 သွားတိုက်တံ
치약 သွားတိုက်ဆေး
수건 ပုဝါ
면도기 မုတ်ဆိတ်ရိတ်တံ
휴지 တစ်ရှူးစက္ကူ
컵 ခွက်
언제 ဘယ်အချိန်
누구 ဘယ်သူ
어디 ဘယ်နေရာ
무슨 ဘယ်အရာ
왜 ဘာကြောင့်
뭐 ဘာ
(8)
일과 တစ်နေ့တာအစီအစဉ်
일어나다 အိပ်ယာထသည်
씻다 ဆေးကြောသည်
일하다 အလုပ်လုပ်သည်
쉬다 အနားယူသည်
요리하다 ချက်ပြုတ်သည်
마시다 သောက်သည်
운동하다 အားကစားလုပ်သည်
테레비전 TV
전화하다 ဖုန်းဆက်သည်
자다 အိပ်သည်
시간 အချိန်
지금 ယခု
오늘 ဒီနေ့
어제 မနေ့က
내일 မနက်ဖြန်
오전 မနက်ပိုင်း
오후 မွန်းလွဲပိုင်း
낮 နေ့ခင်း
밤 ည
새벽 အရုဏ်တက်
아침 မနက်ခင်း
점심 နေ့လည်
저녁 ညနေ
몇 시에 ဘယ်နှနာရီမှာ
출근하다 အလုပ်ဝင်သည်
시간 အချိန်
직장 လုပ်ငန်းခွင်
도착하다 ဆိုက်ရောက်သည်
준비하다 ပြင်ဆင်သည်
(9)
가족 မိသားစု
몇 명 ဘယ်နှယောက်
있다 ရှိသည်
없다 မရှိပါ
많다 များသည်
살다 နေထိုင်သည်
할아버지 အဘိုး
할머니 အဘွား
아버지 အဖေ
어머니 အမေ
남자 ယောင်္ကျား
형 အစ်ကို(ကျားမှခေါ်)
누나 အစ်မ(ကျားမှခေါ်)
나 ငါ
부인 ဇနီး
여동생 ညီမ
남동생 ညီ/မောင်
여자 မိန်းမ
오빠 အစ်ကို(မ-မှခေါ်)
언니 အစ်မ(မ-မှခေါ်)
남편 လင်၊ ခင်ပွန်း
아들 သား
딸 သမီး
외모 အသွင်အပြင်
성격 ကိုယ်ရည်ကိုယ်သွေး
예쁘다 လှပသည်
멋있다 ခန့်ညားသည်
키가 크다 အရပ်ရှည်သည်
키가 작다 အရပ်ပုသည်
날씬하다 ပိန်သည်
뚱뚱하다 ၀သည်
재미있다 စိတ်ဝင်စားဖွယ်ကောင်းသည်
친절하다 ကြင်နာဖော်ရွေသည်
똑똑하다 ဉာဏ်ထက်သည်
활발하다 သွက်လက်ဖျတ်လတ်သည်
얌전하다 အေးဆေးတည်ငြိမ်သည်
부지런하다 ကြိုးစားသည်
높임말 အရိုသေပေးစကား
반말 သာမာန်ပြောစကား
(10)
날짜 ရက်စွဲ
요일 နေ့
지난달 ပြီးခဲ့တဲ့လ
이번달 ဒီလ
다음달 နောက်လ
어제 မနေ့က
오늘 ဒီနေ့
내일 မနက်ဖြန်
지난주 အယင်တပတ်က
이번주 ဒီတပတ်
다음주 နောက်တပတ်
주중 တနင်္လာ~သောကြာ
주말 စနေ၊ တနင်္ဂနွေ
작년 မနှစ်က
올해 ဒီနှစ်
내년 နောက်နှစ်
일요일 တနင်္ဂနွေ
월요일 တနင်္လာ
화요일 အင်္ဂါ
수요일 ဗုဒ္ဓဟူး
목요일 ကြာသပတေး
금요일 သောကြာ
토요일 စနေ
공부하다 လေ့လာသင်ယူသည်
운동하다 အားကစားလုပ်သည်
노래하다 သီချင်းဆိုသည်
쇼핑하다 ဈေးဝယ်သည်
공원 ပန်းခြံ
커피숍 ကော်ဖီဆိုင်
서점 စာအုပ်ဆိုင်
도서관 စာကြည့်တိုက်
백화점 ကုန်တိုက်
노래방 သီချင်းဆိုခန်း
피씨방 အင်တာနက်ကဖေး
영화관 ရုပ်ရှင်ရုံ
극장 ပြဇာတ်ရုံ
노래하다 သီချင်းဆိုသည်
게임하다 ဂိမ်းကစားသည်
산책하다 လမ်းလျှောက်ထွက်သည်
책을 읽다 စာအုပ်ဖတ်သည်
영화를 보다 ရုပ်ရှင်ကြည့်သည်
음식 အစားအသောက်
만들다 ပြုလုပ်သည်
한국어 ကိုရီးယားဘာသာ
공부하다 လေ့လာသင်ယူသည်
보통 သာမာန်၊ အများအားဖြင့်
공휴일 အားလပ်ရက်
설날 နှစ်သစ်ကူးနေ့
삼일절 တော်လှန်ရေးနေ့
근로자의 날 အလုပ်သမားနေ့
어린이날 ကလေးများနေ့
석가탄신일 ဗုဒ္ဓမွေးနေ့
광복절 လွတ်လပ်ရေးနေ့
추석 ကောက်သစ်စားပွဲတော်
개천절 ကိုရီးယားနိုင်ငံထူထောင်သောနေ့
한글날 ဟန်းဂူလ်နေ့
크리스마스 ခရစ်စမတ်
#Win_Star_Mandalay

ကိုရီးယားဘာသာ စတင်လေ့လာသူများ အတွက် အခြေခံ စာလုံးပေါင်းနည်း

                 ကိုရီးယားဘာသာ စတင်လေ့လာသူများ အတွက် အခြေခံ စာလုံးပေါင်းနည်း


Lesson 1
Hangul Alphabet
ကိုရီးယားအက္ခရာ

ကိုရီးယားစာကို လေ့လာရာတွင် အခြေခံအားဖြင့် Vowels : သရ (၁၀)လုံး နှင့် Consonants : ဗျည်း (၁၄) လုံး တို့အား စတင်လေ့လာကြပါမည်။

အောက်ပါ ဗျည်း(၁၄)လုံး နှင့် သရ(၁၀)လုံး အား အလွတ်ရအောင်ကျက်မှတ်ပါ။

[[ Consonants : ဗျည်း ]]
→(၁၄) လုံး

ㄱ (g,k) ဂ
ㄴ (n ) န
ㄷ (d,t) ဒ၊ ဿ
ㄹ (l,r) လ၊ ရ
ㅁ (m) မ
ㅂ (b,p) ဘ
ㅅ (s) စ
ㅇ (-,ng) အ၊ င
ㅈ ( j) ဂျ
ㅊ (ch ) ချ
ㅋ (k) ခ
ㅌ (t) ထ
ㅍ (p) ဖ
ㅎ (h) ဟ

[[ Vowels : -သရ ]]
→ (၁၀)လုံး
ㅏ (a) အား
ㅑ (ya) ယား
ㅓ (eo) အော
ㅕ (yeo) ယော
ㅗ (o) အိုး
ㅛ (yo) ယိုး
ㅜ (u) အူး
ㅠ (yu) ယူး
ㅡ (eu) အူး
ㅣ (i) အီး

ဗျည်းနဲ့သရ ကိုပေါင်းပြီး အောက်ပါအတိုင်း အသံထွက်လို့ ရပါပြီ။

(1)ㅇ+ㅣ= 이 (အီး) နှစ် ၂
(2)ㅇ+ㅗ =오 (အိုး) ငါး ၅
(3)아이 (အားအီး) ကလေး
(4)오이 (အိုးအီး) သခွားသီး
(5)우유 (အူးယူး) နွားနို့
(6)여우 (ယောအူး) မြေခွေး

ㄱ+ㅏ=가 (ga) ဂါး- လို့ အသံထွက်ပါ။
ㅅ+ㅜ = 수 (su) စူး- လို့ အသံထွက်ပါ။

가 + 수 = 가수 = အဆိုတော်
ဂါး + စူး = ဂါးစူး -လို့ အသံထွက်ပါ။
아기 (အားဂီး) a-gi ကလေး
다리 (ဒါးရီး) da-ri ခြေထောက်
소리 (စိုရီ) so-ri အသံ
모자 (မိုဂျာ) mo-ja ဦးထုပ်
아버지 (အာဘောဂျီ) a-beo-ji အဖေ
사자 (ဆားဂျား)sa-ja ခြင်္သေ့
치마 (ချီးမား)chi-ma ဂါဝန်၊ စကတ်
코 (ခိုး) ko နှာခေါင်း
타조 (ထားဂျိုး)ta-jo ငှက်ကုလားအုပ်
포도 (ဖိုဿးိုး) po-do စပျစ်သီး
호수 (ဟိုးစူး) ho-su ရေကန်၊ အင်းအိုင်

အခြေခံ စာလုံးပေါင်းနည်း(၂)
Lesson 2
Hangul Alphabet
ကိုရီးယားအက္ခရာ

့ Consonants : ဗျည်း (၁၄) လုံးတို့အား လေ့လာခဲ့ကြသည်။
ယခု သံမြင့်ဗျည်း (၅) လုံးအား ထပ်မံ လေ့လာပါမည်။ တူညီသောဗျည်း၂ လုံးအား ပူးကပ်ထားခြင်းဖြစ်သည်။ သံမြင့်ဗျည်း(သို့) ပွားဗျည်း (၅) လုံး ရှိပါသည်။

ㄲ (gg) က ㄱ+ㄱ= ㄲ
ㄸ (dd) သ ㄷ+ㄷ= ㄸ
ㅃ (bb) ပ ㅂ+ㅂ= ㅃ
ㅆ (ss) ဆ ㅅ+ㅅ= ㅆ
ㅉ (jj) က ㅈ+ㅈ= ㅉ

Consonants : ဗျည်း
→(၁၄) လုံး + သံမြင့်ဗျည်း (၅) လုံး = ပေါင်း (၁၉) လုံး

ㄱ (g,k) ဂ ㄲ (gg) က
ㄴ (n ) န
ㄷ (d,t) ဒ၊ ဿ ㄸ (dd) သ
ㄹ (l,r) လ၊ ရ
ㅁ (m) မ
ㅂ (b,p) ဘ ㅃ (bb) ပ
ㅅ (s) စ ㅆ (ss) ဆ
ㅇ (-,ng) အ၊ င
ㅈ ( j) ဂျ ㅉ (jj) ကျ
ㅊ (ch ) ချ
ㅋ (k) ခ
ㅌ (t) ထ
ㅍ (p) ဖ
ㅎ (h) ဟ

Vowels : -သရ
→ (၁၀)လုံး အား အောက်ပါအတိုင်း လေ့လာခဲ့ကြသည်။

ㅏ (a) အား
ㅑ (ya) ယား
ㅓ (eo) အော
ㅕ (yeo) ယော
ㅗ (o) အိုး
ㅛ (yo) ယိုး
ㅜ (u) အူး
ㅠ (yu) ယူး
ㅡ (eu) အူး
ㅣ (i) အီး

ယခုအခါ ပေါင်းစပ်သရ (၁၁) လုံးအား ထပ်မံလေ့လာကြပါမည်။
ㅐ အဲ့
ㅒ ယဲ့
ㅔ အဲ
ㅖ ယဲ
ㅘ ၀ါ
ㅙ ၀ဲ
ㅚ ၀ဲ့
ㅝ ဝေါ
ㅞ ၀ယ်
ㅟ ၀ီ
ㅢ အွီ

အောက်ပါစာလုံးများကို ဖတ်ကြည့်ပါ။

예 ယဲ ဟုတ်ကဲ့
왜 ၀ဲ ဘာကြောင့်လဲ
와요 ၀ါးယိုး လာတယ်
위에 ၀ီးအဲ အပေါ်မှာ
외워요 ၀ဲဝေါယိုး ကျက်မှတ်သည်
네모 နဲမိုး စတုဂံ
새우 စဲဝူး ပုဇွန်
지우개 ဂျီအူးဂဲ ခဲဖျက်
까치 ကားချိ သပိတ်လွယ်ငှက်
어깨 အောကဲ ပုခုံး
귀뚜라미 ဂွီသူးရာမီ ပုရစ်
뿌리 ပူးရီး အမြစ်
아저씨 အာဂျောရှီး ဦးလေး
찌개 ကျီးဂဲ (အချဉ်)ဟင်း stew

အခြေခံ စာလုံးပေါင်းနည်း(၃)

Lesson 3
받침 Final Consonants
အဆုံးသတ်ဗျည်း

စာလုံးပေါင်း၏ နောက်ဆုံးမှာ လိုက်သော ဗျည်းများဖြစ်သည်။
ကိုရီးယားစာတွင် အသတ်သံကို ပါဝင်၍ ရွတ်ဆိုရပါသည်။

ဥပမာ။ ။ n+a+m = nam
ㄴ+ㅏ+ ㅁ= 남

အင်္ဂလိပ်စာတွင်ဖြစ်စေ၊ ကိုရီးယားစာတွင်ဖြစ်စေ (နမ်) ဟုရွတ်ဆိုရာတွင် အဆုံးသတ်တွင် ပါးစပ်ပိတ်၍ (မ)သံကို ထည့်သွင်း ရွတ်ဆိုရပါသည်။

မြန်မာစကားတွင်မူ (နမ်)နှင့်(နန်)ကို အသံကွဲပြားမှုမရှိပဲ တူညီစွာ ရွတ်ဆိုကြသည်ကို တွေ့ရသည်။

မြန်မာစာတွင် အများအားဖြင့် အသတ်သံကို ထင်ရှားစွာ မရွတ်ဆိုပါ။ ကိုရီယားစာတွင်မူ အသတ်သံကို ပါဝင်၍ ရွတ်ဆိုရပါမည်။

ㄸ, ㅃ, ㅉ ဗျည်း ၃-လုံးမှလွဲ၍ ကျန်သော ဗျည်းများအားလုံးကို 받침 အသတ်ဗျည်းအဖြစ်အသုံးပြုကြောင်းတွေ့ရသည်။ သို့သော်လည်း အသံအားဖြင့် အသတ်သံ(၇)သံမျှသာ ရှိပါသည်။

ㄱ, ㄲ, ㅋ [-k] 악, 앆, 앜 → 악
ㄴ [-n] 안 →안
ㄷ,ㅌ,ㅅ,ㅆ,ㅈ,ㅊ,ㅎ[-t] 앋,앝,앗,았,앚,앛,앟→앋
ㄹ [-l] 알→ 알
ㅁ [-m] 암→ 암
ㅂ, ㅍ [-p] 압, 앞→ 압
ㅇ [-ng] 앙
받침 အသတ်ဗျည်းများတွင် 겹받침(၂)လုံးတွဲ အသတ်ဗျည်းများလည်း ရှိသည်။

값 →갑 ဂါ့ဘ်
낛 →넉 နော့ဂ်
닭 →닥 ဒါ့ဂ်
몫 →목 မို့ဂ်
넓다 →널따 နောလ်သား
읽다 →익따 အိဂ်သား
많다 →만타 မန်န်ထား

အောက်ပါ စာလုံးများကိုလေ့လာ ကျက်မှတ်ပါ။

책 ချက်(ဂ်) စာအုပ်
밖 ဘာ့(က်) အပြင်
눈 နူး(န်) နှင်း
산 စန်း(န်) တောင်
옷 အို့(တ်) အ၀တ်
꽃 ကို့(တ်) ပန်း
별 ဗျော(လ်) ကြယ်
말 မာ(လ်) မြင်း
삼 စမ်း(မ်) သုံး၊ ၃
닭 ဒါ့(ဂ်) ကြက်

အောက်တွင်ဖော်ပြထားသော စကားလုံးများ၏ အသံထွက် ကွဲပြားမှုများကို မှတ်သားပါ။

공 ≠ 곰
gong ≠ gom
ဂုံ(င်) ≠ ဂုံ(မ)

달 ≠ 답
dal ≠ dab
ဒါး(လ်) ≠ ဒါး(ဘ်)

목 ≠ 몸
mok ≠ mom
မုတ်(ဂ်) ≠ မုံး(မ)

방 ≠ 발
bang ≠ bal
ဘန်း(င) ≠ ဘား(လ်)

삼 ≠ 산
sam ≠ san
စမ်း(မ) ≠ စန်း(န်)

일 ≠ 입
il ≠ ib
အီး(လ်) ≠ အိ(ဘ်)
အောက်ပါစကားလုံးများကို လေ့ကျင့်ပါ။

책 ချက်(ဂ်) စာအုပ်
마지막 မာဂျီမာ့(ဂ်) နောက်ဆုံး
편지 ဖျောင်း(န်)ဂျီ ပေးစာ
손수건 စုန်း(န်)စူးဂေါ(န်) လက်သုပ်ပုဝါ
낮 နာ့(တ်) နေ့ခင်း
꽃 ကို့(တ်) ပန်းပွင့်
밭 ဘာ့(တ်) လယ်ယာအခင်း
숟가락 စုကားရာ့(ဂ်) ဇွန်း
젓가락 ဂျော့ကားရာ့(ဂ်) ခက်ရင်း
반달 ဘန်းသား(လ်) လတ၀က်
수요일 စူးယိုးအီး(လ်)ဗုဒ္ဓဟူးနေ့
밤 ဘား(မ်) ည
마음 မာအူး(မ်) စိတ်
몸무게 မုံးမူးဂဲ ကိုယ်အလေးချိန်
잎 အိ(ဘ်) သစ်ရွက်
집 ဂျိ(ဘ်) အိမ်
수업 စူးအော့(ဘ်) စာသင်ခန်း
한강 ဟန်း(န်)ဂန်(င်) ဟန်မြစ်
강아지 ဂန်ငါဂျီ ခွေးပေါက်စ

ရှေ့စာလုံးမှ အသတ်ဗျည်းသံသည် နောက်စာလုံးမှ သရသံနှင့် ပေါင်းစပ်ပြီး အသံထွက်ပါသည်။
အောက်ပါစာကြောင်းတွင်ကြည့်ပါ။

밥을→ 바블 ဘာဘူး(လ်) ထမင်းကို
먹어요→머거요 မောဂေါယိုး စားပါတယ်။

밥을 먹어요 → 바블 머거요.
ဘာ့ဘူး(လ်)မောဂေါယိုး

ဤစာလုံးများကိုလေ့လာမှတ်သားပါ။

음막 →으막 အူးမာ့(ဂ်)
한국어 →한구거 ဟန်းဂုဂေါ
할아버지 →하라버지 ဟာရာဘောဂျီး
집에 →지베 ဂျီးဘဲ့
꽃이 →꼬치 ကို့းချီ
이름이 →이르미 အီရူးမီး
걸어요 →거러요 ဂေါရောယိုး
앉아요 →안자요 အန်(န်)ဂျားယိုး

စာကြောင်းပုံစံများအား ကျက်မှတ်ပါ။

1. 창문을 닫으세요.
ချန်း(င်)မွန်းနူးလ် ဿားသူစဲယိုး
ပြူတင်းတံခါးကို ပိတ်လိုက်ပါခင်ဗျာ။

2. 사진을 찍었어요.
စာဂျင်နူးလ် ကျိကောစောယိုး
ဓာတ်ပုံ(ကို) ရိုက်ခဲ့တယ်။

3. 책에 이름을 쓰세요.
ချက်ဂဲ အီရူးမူးလ် ဆူးစဲယိုး
စာအုပ်မှာ အမည်ကို ရေးပါ။

4. 물을 마시고 싶어요.
မူးရူးလ် မာရှီဂိုး ရှီဖောယိုး
ရေ(ကို) သောက် ချင်ပါတယ်။

5. 아침에 병원에 갔어요.
အာချင်းမဲ ဗျောင်(င်)ဝေါန်နဲ ဂါးစောယိုး
မနက်ခင်းမှာ ဆေးရုံကို သွားခဲ့တယ်။

ဝါကျအဆုံးတွင်ပါသော 요, 세요 သည် ရှင်/ခင်ဗျာ ကဲ့သို့သော ယဉ်ကျေးဖွယ်ရာ အသုံးအနှုံးဖြစ်သည်။ ကျား/မ ကွဲပြားမှုမရှိပဲ အသုံးပြုသည်။

မှတ်ချက်။ ။ ကိုရီးယားစာ၏ အသံထွက်အား မြန်မာစာဖြင့် တိကျစွာ ဖော်ပြရန် မဖြစ်နိုင်ပါ။
အနီးစပ်ဆုံးဖြစ်ရန် ကြိုးစား၍ ရေးသားတင်ပြထားပါသည်။
EPS - TOPIK Course အား မှီငြမ်းရေးသားထားပါသည်။
အဆင်ပြေကြပါစေ။*** 

ပုံကိုနှိပ်ပြီး Favebook မှ Like @ Seefast လုပ်ထားဖိုလဲမမေ့နဲ့နော်

Saturday, 3 June 2017

ကီုရီးယား EPS -T0PIK Text Book Gwar(60) Pdfများစုစည်းမှု့

                    ကီုရီးယား EPS -T0PIK Text Book Gwar(60) Pdfများစုစည်းမှု့

အောက်မှာဒေါင်းပါ



ဒေါင်းလုခ်လုပ်နည်း

Link ကိုနှိပ်ပါ

5 Second လောက်စောင့်ပါ Skip Adကိုနှိပ်ပါ

မိတ်ဆွေများရဲ့ကွန်မန့်လေးတစ်ခုကကျွန်တော့အတွက်အားဆေးလေးတစ်ခွက်ပါ

ကိုရီးယားစာစကားနှင့်ပါတ်သတ်သမျှသိချင်မေးချင်သူများအောက်ပါပုံအားနှိပ်ပြီးမေးမြန်းနိုင်ပါသည်
*၀င်းစတား*Face Book Page အား Like @Share လေးလုပ်ပေးဖို့လဲမမေ့နဲ့နော်

https://www.facebook.com/Win-Star-Mandalay-216494808806932/
 






Thursday, 1 June 2017

လယ်တွင်းသားစောချစ်စာအုပ်များ


http://babblecase.com/2S0u
လယ်တွင်းသားစောချစ်စာအုပ်များ
ဒေါင်းလုခ်လုပ်နည်း
ပုံကိုနှိပ်ပါ
5 Second လောက်စောင့်ပါ Skip Adကိုနှိပ်ပါ

နိုင်ငံရေးစာအုပ်များ


http://pintient.com/2YqM

နိုင်ငံရေးစာအုပ်များဒေါင်းရန်ပုံကိုနှိပ်ပါ

နိုင်ငံရေးစာအုပ်များ(၁၄)အုပ်ရှိပါတယ်
ဒေါင်းလုခ်လုပ်နည်း
ပုံကိုနှိပ်ပါ
5 Second လောက်စောင့်ပါ Skip Adကိုနှိပ်ပါ



  




Wednesday, 31 May 2017

ကိုရီးယားEPS -T0PIK Text Book မေးခွန်း 2000 စာအုပ်များ

https://www.facebook.com/Win-Star-Mandalay-216494808806932/

EPS -T0PIK Text Book မေးခွန်း 2000 စာအုပ်များအားအသံထွက်နှင့် English ဘာသာပြန်များအဖြစ်ပြုလုပ်ထားပါသည်လိုအပ်သူများအောက်တွင်ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ

Reading 1 မှ 480 အထိ Pdf File အားရယူရန်နှိပ်ပါ

Reading 481 မှ 960 အထိ Pdf File အားရယူရန်နှိပ်ပါ

듣기 Answer an Question Pdf File အားရယူရန်နှိပ်ပါ

듣기အသံဖိုင်များရယူရန်
01-40 
41-80    
81-120  
121-160
161-200
201-240  
241-280
281-320
321-360  
361-400
401-440 
441-480
481-520  
521-560 
560-600
600-640
641-680  
681-720 
721-760 
761-800 
801-840
841-880
881-920
921-960

ဒါလေးကတော့ မြန်မာဘာသာပြန်လေးပြုလုပ်ဆဲပါလိုချင်တော့ယူပေါ့နော်

ကိုရီးယားစာစကားနှင့်ပါတ်သတ်သမျှသိချင်မေးချင်သူများအောက်ပါပုံအားနှိပ်ပြီးမေးမြန်းနိုင်ပါသည်
*၀င်းစတား*Face Book Page အား Like @Share လေးလုပ်ပေးဖို့လဲမမေ့နဲ့နော်

https://www.facebook.com/Win-Star-Mandalay-216494808806932/








Tuesday, 30 May 2017

လူထုသံဃာနဲ့ လူတစုသံဃာ



ဒီကနေ့ ဆိုရင် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံရဲ့ ဒုတိယ အကြိမ် အစည်း အဝေးကို စတင် ကျင်းပ နေပါပြီ။ ညီလာခံ မတိုင်ခင် တလ လောက် အတွင်းမှာ အမျိုးသားရေး ဝါဒီ၊ မျိုးချစ် တွေလို့ ကိုယ့် ကိုယ်ကို ကြွေးကြော် ထားသူ တွေနဲ့ ဘာသာရေး စိတ် ပြင်းထန်ကြတဲ့ လူပုဂ္ဂိုလ်နဲ့ ရဟန်း သံဃာ အချို့ရဲ့ ဘာသာခြား၊ လူမျိုးခြား မုန်းတီး မှုတွေကို ဦးတည် စေနိုင်တဲ့ လှုပ်ရှား လှုံ့ဆော်မှုတွေ တဖြည်းဖြည်း ပိုစိပ် လာခဲ့တာကို သတိပြု ခဲ့မိ ပါတယ်။

မေလ ၂၀ ရက်နေ့က သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအပေါ် နေပြည်တော် ရေနံ့သာဘောလုံးကွင်းမှာ ဆန္ဒပြတဲ့အဖြစ်အပျက်၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်မှာ မေလ ၉ ရက်နေ့ ညက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ၊ ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ အနော်မာ ၁ ရပ်ကွက်မှ အစ္စလာမ်စာသင်ကျောင်း လေးကျောင်းအား အမျိုးသားရေးအဖွဲ့ဟု ၎င်းတို့ကိုယ်ကို အမည်ခံယူထားသောအဖွဲ့မှ ရဟန်းနဲ့ လူပုဂ္ဂိုလ်များက အကျပ်ကိုင်ပိတ်ခိုင်းမှု အဖြစ်အပျက်တွေဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ဘယ်လိုမှ မလုပ်အပ်တာတွေကို မငြိမ်သက်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံအတွက် အလွန်အန္တရာယ်ကြီးလှတယ်။

အင်္ဂလိပ်လို Religious Harmony/Racial Harmony လို့ခေါ်တဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေးဟာ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ခြိမ်းခြောက်တာဟာ တိုင်းပြည်ကို မငြိမ်းချမ်းအောင် ခြိမ်းခြောက်နေတဲ့သဘောမို့ အလွန်အပြစ်ကြီးလွန်းလှပါတယ်။ ဒီလိုလုပ်ရပ်ဟာ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆွဲနုတ်ဖျက်ဆီးတတ်တဲ့ လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းကြီးတွေ ဖြစ်လာအောင် ယမ်းပုံကြီးထဲ မီးစပစ်ထည့်နေသလို လှုံ့ဆော်တဲ့သဘောမျိုး သက်ရောက်နေတာမို့ အကုသိုလ်လည်း အလွန်ကြီးလှပါတယ်။

ဒါကြောင့်လည်း အဓမ္မနဲ့ မတရားမှုကို ဆန့်ကျင်ရာမှာ အစဉ်အလာကောင်းရှိပြီး ကမ္ဘာကတောင် အသိအမှတ်ပြုကြရတဲ့ “လူထုသံဃာ” တွေဖြစ်တဲ့ ရွှေဝါရောင်သံဃာတော်တွေဟာ အထူးအစည်းအဝေးကို မေလ ၂၀ ရက်နေ့ကပဲ မင်္ဂလာတောင်ညွန့်မြို့နယ် ရွှေဝါရောင်ပညာဒါနကျောင်း (ရွှေတောင်ကျောင်းတိုက်) မှာ ပြုလုပ်ခဲ့ပြီး အစွန်းရောက် အမျိုးသားရေးဝါဒီတွေကို နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများရဲ့ ထုတ်ပြန်ညွှန်ကြားချက်ဖြစ်တဲ့ ဓမ္မစက်နှင့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအခန်း ၂၀ အရ ပြည်ထဲရေးဝန်ကြီးဌာနက အာဏာစက်နဲ့ အရေးယူဆောင်ရွက်ဖို့ ရွှေဝါရောင်သံဃာတော်တွေက ကြေညာချက်ထုတ် တောင်းဆိုခဲ့ကြရပါတယ်။

အခုဆို သံဃမဟာနာယကအဖွဲ့ကနေ မြန်မာပြည်အနှံ့အပြားမှာ စိုက်ထူထားတဲ့ (မဘသ) အဖွဲ့ ဆိုင်းဘုတ်တွေကို ၂၀၁၇ ဇူလိုင် ၁၅ ရက် နောက်ဆုံးထားပြီး အပြီးအပိုင် ဖြုတ်သိမ်းဖို့၊ ဆုံးဖြတ်ချက်တွေကို လိုက်နာခြင်းမရှိပါက ရဟန်းပုဂ္ဂိုလ်ဖြစ်လျှင် သံဃာ့အဖွဲ့အစည်းဆိုင်ရာဥပဒေ ၂၀/၉၀ ဖြင့် အရေးယူရန်၊ လူပုဂ္ဂိုလ်ဖြစ်လျှင် သက်ဆိုင်ရာ တည်ဆဲဥပဒေများနဲ့ အရေးယူမယ့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရတဲ့အဆင့်ကို ရောက်လာခဲ့ရပါပြီ။

၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူမဲဆန္ဒအများစုကိုရပြီး အပြတ်အသတ် အနိုင်ရခဲ့တာမို့ လွတ်လွတ်ကျွတ်ကျွတ် အစိုးရဖွဲ့နိုင်ခဲ့တဲ့ အန်အယ်လ်ဒီအစိုးရ အာဏာလွှဲပြောင်းရယူချိန်ကစပြီး အရှိန်ယူလာခဲ့တဲ့ မျိုးချစ်ပုဂ္ဂိုလ်၊ မျိုးချစ်ရဟန်းဆိုသူတွေရဲ့ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်မှု အကြောင်းပြပြီး လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု၊ ပဋိပက္ခဖြစ်စေနိုင်တဲ့ လှုံ့ဆော်ရေးသား ပြောဆိုဟောကြားလုပ်ဆောင်လို့ နိုင်ငံရဲ့ တည်ငြိမ်မှုကို နှောင့်ယှက်ဖျက်ဆီးလာကြတာဟာ အခုဆိုရင် တည်ဆဲဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာတဲ့အဆင့်ထိ အတင့်ရဲလို့ လာခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

တကယ်တော့ အခုလို တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဖန်တီးနေကြတဲ့ သံဃာတွေဟာ အရင်စစ်အာဏာရှင် အသိုင်းအဝိုင်းတွေထဲက အခွင့်ထူးခံခွင့် စွန့်လွှတ်ရမှာ စိုးရွံ့နေတဲ့သူတချို့၊ အပြောင်းအလဲကို မလိုချင်တဲ့လူအချို့ရဲ့ ထောက်ခံမှုရလို့ဖြစ်ဖြစ်၊ ဘာသာရေး၊ လူမျိုးရေးဝါဒမှိုင်းတွေမိလို့ဖြစ်ဖြစ် အသုံးချခံနေရတဲ့ “လူတစုသံဃာ” အနည်းစုသာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် တိုင်းဒေသကြီး/ပြည်နယ် ဝါဆိုသံဃာစာရင်းအရ မြန်မာနိုင်ငံမှာ ရဟန်းအပါး (၂၈၁,၃၆၆) နဲ့ သာမဏေ (၂၃၇,၂၂၇) ရှိတာမို့ စုစုပေါင်း သံဃာအင်အား ၅ သိန်းကျော်ရှိတယ်လို ပြောနိုင်ပါတယ်။

အထက်ကပြောခဲ့တဲ့ “လူတစုသံဃာ” တွေကို အနည်းစုသာဖြစ်တယ်လို့ တိတိကျကျ ဆိုနိုင်ရခြင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲက အဖြေပေးထားလို့ပါပဲ။ အဲ့ဒီလူတစုနဲ့ သံဃာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်နေစဉ်ကာလမှာကတည်းက အန်အယ်လ်ဒီပါတီကို မဲမပေးဖို့ ပြောဆိုစည်းရုံးခဲ့ကြသူတွေပါပဲ။ အဲ့ဒီသံဃာတွေသာ အင်အားကြီးပြီး အများစုဖြစ်နေရင် အန်အယ်လ်ဒီပါတီအနေနဲ့ ရွေးကောက်ပွဲမှာ မဲနိုင်စရာအကြောင်း မရှိပါဘူး။

အခုလို ဘာသာရေး၊ လူမျိုးရေးကိစ္စကို ရှေ့တန်းတင်ပြီး အန်အယ်လ်ဒီ အရပ်သားအစိုးရကို အပြစ်တင် နှောင့်ယှက်နေကြတဲ့ လူပုဂ္ဂိုလ်တွေ၊ ရဟန်းတွေကြည့်လိုက် သမိုင်းအစဉ်အလာကောင်းဆိုတာ ဗလာနတ္ထိ၊ သူတို့ ပြောဟောနေတဲ့ အကြောင်းအရာတွေ၊ စကားတွေ၊ ကိုယ်အမူအယာ၊ နှုတ်အမူအယာ အားလုံးက သူတို့ရဲ့ ကိုယ်ကျင့်သီလနဲ့ အသိဉာဏ်အဆင့်အတန်း ဘယ်လောက်ရှိတယ်ဆိုတာကို ညွှန်ပြနေတာပါပဲ။ အဲ့ဒီ လူတစုရဲ့ သံဃာတွေဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်တွေခေတ်တုန်းက လူထုသံဃာတွေကို ရိုက်နှက်ဖမ်းဆီးထောင်ချ၊ သေအောင် တမင်ရဲဘက်စခန်းတွေပို့၊ ဘုန်းကြီးကျောင်းတွေကို သူပုန်စခန်းဝင်စီးသလို စီးပြီး ဖျက်ဆီးသိမ်းပိုက်ခဲ့တဲ့ သမိုင်းအဖြစ်အပျက်တွေမှာ မပါဝင်ခဲ့ကြတာများပြီး ရေငုံနှုတ်ပိတ်နေခဲ့ကြသူတွေ ဖြစ်ပါတယ်။ သမိုင်းဆိုတာ ညာလည်းမညာပါဘူး၊ ညှာလည်းမညှာတတ်ပါဘူး။

ထေရဝါဒ ဗုဒ္ဓဘာသာနိုင်ငံတွေထဲမှာ အရှင်းသန့်ဆုံးနဲ့ ဘုရားဟောတရားကို စောင့်ရှောက်လိုက်နာနေတဲ့ နိုင်ငံတွေအထဲမှာ မြန်မာနိုင်ငံက အကောင်းနဲ့ အမှန်ဆုံး ကျန်ရစ်တဲ့နိုင်ငံလို့ ပြောရင် မမှားပါဘူး။ ယိုးဒယားနဲ့ သီဟိုဠ်နိုင်ငံတွေတောင် အဲ့ဒီက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက အာဏာပါဝါနိုင်ငံရေးနောက် လိုက်လာကြလို့ နာမည်စပျက်လာပါပြီ။ ဘာသာရေးပါတီတွေထောင်၊ လောကီ လူဝတ်ကြောင်တွေ ကိစ္စတွေမှာ ဘောင်ကျော်လာကြ၊ ငွေကြေးအရှုပ်အရှင်းတွေနဲ့ ဗွက်ထလာနေကြတာ ကမ္ဘာ့သတင်းတွေမှာ ဖတ်နေရပါပြီ။ မြန်မာနိုင်ငံက ထေရဝါဒကတော့ အဲ့ဒီနိုင်ငံတွေထက်တော့ သန့်ရှင်းစင်ကြယ်သေးတယ်လို့ ပြောနိုင်ပါတယ်။

တနည်းပြောရရင် မြန်မာနိုင်ငံက ထေရဝါဒ ဗုဒ္ဓဘာသာရဲ့ နောက်ဆုံးခံတပ် ဖြစ်ပါတယ်။

ဒီခံတပ်ကို မပြိုလဲအောင် မှန်ကန်တဲ့နည်းလမ်းနဲ့ ကာကွယ်စောင့်ရှောက်နိုင်မယ့် အစိုးရဟာ ဗုဒ္ဓဘာသာ တရားအဆုံးအမတွေကို အနှစ်သာရကျကျ နားလည်ကျင့်ကြံနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အန်အယ်လ်ဒီ ပြည်သူ့အစိုးရပဲဆိုတာ အမှားအမှန် ခွဲခြားတတ်သူတိုင်း မြင်နိုင်ပါတယ်။

ဒီတော့ ဗုဒ္ဓဘာသာကို အမှန်တကယ် စောင့်ရှောက်ကာကွယ်ချင်ရင် အန်အယ်လ်ဒီ ပြည်သူ့အစိုးရကို ဝိုင်းရံထမ်းပိုး ကာကွယ်လို့ မြေတောင်မြှောက်ကြရမှာ ဖြစ်ပါတယ်။ တနှစ်သားကျော်ကျော် သက်တမ်းရှိတဲ့ အရပ်သားအစိုးရဆိုတဲ့ ဒီမိုကရေစီ အပင်ပေါက်ကလေးကို အညွန့်ချိုးသလို အညွန့်ဆိတ်ပြီး အတက်မထွက်နိုင်အောင် လုပ်နေတာကြတာတွေကို ဝိုင်းဝန်းကာကွယ်ပေးကြရမှာပါ။ နောက်ဆုံး အန်အယ်လ်ဒီအစိုးရက စေတနာနဲ့ အမှားလုပ်မိရင်တောင် လမ်းလျှောက်တတ်စ ကလေးလေးကို ထူပေး ကူပေးသလိုမျိုး စောင့်ရှောက်ကြပါလို့ အလေးအနက် တိုက်တွန်းချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဒီအပင်လေး အညှောက်ထွက်လာဖို့ ကျနော်တို့ပြည်သူတွေ အကြာကြီးစောင့်ခဲ့ရ၊ ဘဝတွေ၊ အသက်တွေ အများကြီးပေးဆပ်ခဲ့ရတာကို ဖြတ်သန်းခဲ့ဖူးသူတိုင်း သိကြပါတယ်။ ရိုးရိုးလေးစဉ်းစားကြည့်လိုက်ပါ။ နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါး ဘဝတွေပျက် အသက်တွေရင်းပြီး အများပြည်သူတွေ အဖိနှိပ်ခံဘဝက လွတ်မြောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ အန်အယ်လ်ဒီပါတီဟာ ပြည်သူနဲ့တသားတည်း အတူတကွ တနိုင်ငံလုံး ကြိုးပမ်းခဲ့ကြပြီးမှ သူတို့လက်ထက်မှာ အမျိုးဘာသာ သာသနာကို နစ်နာအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူးဆိုတာ စိတ်ချလက်ချ ယုံကြည်လို့ရပါတယ်။

အထက်မှာရေးခဲ့တဲ့ “လူထုသံဃာ” တွေဆိုတာ ပြည်သူနဲ့အတူ သမိုင်းအဆက်ဆက် တသားတည်း ထာဝရရပ်တည်ခဲ့ကြပြီး တာဝန်ကျေပွန်ခဲ့ကြတဲ့ အညတရ ရဟန်းတော်များ ဖြစ်ကြပါတယ်။ “လူထုသံဃာ” တွေဟာ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း လက်ထက်ကတည်းက အဖိနှိပ်ခံပြည်သူ ဥပါသိကာ ဒါယကာ၊ ဒါယိကာမတွေနဲ့အတူ တသွေးတည်း တသားတည်း ရပ်တည်ပြီး အောက်မှာရေးပြထားတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး သမိုင်းမှတ်တိုင်တွေမှာ အတွေးအမြင် မတိမ်းမစောင်းဘဲ အစဉ်အလာ ကြီးမားစွာ ပါဝင်ခဲ့ကြပါတယ်။

၁) စကြာသီဟသံဃာ့အရေးအခင်း

၂) ၈၈၈၈ လူထုအရေးတော်ပုံ

၃) ၁၉၉၀ ရှစ်လေးလုံးနှစ်ပတ်လည်အခြေပြု ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ

၎) ပခုက္ကူ အရေးအခင်းအခြေပြု ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲ

၅) ကမ္ဘာကျော်၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး

၆) ဘာသာရေးအစွန်းရောက်၊ မျိုးချစ်အမည်ခံ အမျိုးသားရေးအတု မျက်နှာဖုံးခွာချမှု လှုပ်ရှားမှု

စတဲ့ သမိုင်းမှတ်တိုင်တွေမှာ ဥပါသိကာ ဒါယကာ ပြည်သူတွေနဲ့အတူ ရက်စက်ကြမ်းကြုတ်လွန်းလှတဲ့ စစ်အာဏာရှင်စနစ်ကို အပင်ပန်း ဆင်းရဲကြီးစွာ ရဲရဲဝံ့ဝံ့ ဘဝတွေရင်း အသက်တွေနှင်းပြီး ခေတ်အဆက်ဆက်မှာ စွန့်လွှတ်အနစ်နာခံ ဆောင်ရွက်ခဲ့ကြတာ “လူထုသံဃာ” တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် အထက်မှာရေးပြခဲ့တဲ့ သမိုင်းမှတ်တိုင်တွေမှာ ရိုးသားရှင်းသန့်စွာ ကိုယ်ကျိုးမဖက်၊ မယိမ်းမယိုင် ကျရာနေရာကနေ တာဝန်ကျေခဲ့ကြတဲ့ ရွှေဝါရောင် သံဃာတော်များ၊ ဘုရားရှင် အဆုံးအမနဲ့အညီ ဝိနည်းအတိုင်း ရဟန်းအလုပ်ကို အားထုတ် ကျေပွန်ကြတဲ့ သံဃာတော်အရှင်သူမြတ်များ၊ အမှန်တရားကို စောင့်ရှောက်ခဲ့ကြတဲ့ အညတရ ရဟန်းတော်များ၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ပျံလွန်တော်မူခဲ့ရသော မြန်မာပြည် တနံတလျားက အမှန်တရားဘက်တော်သား “လူထုသံဃာ” အညတရ ရဟန်းတော်များရဲ့ ကျေးဇူးတရားတို့ကိုလည်း ဒီဆောင်းပါးကနေ ရည်မှန်းဦးခိုက် ကန်တော့ပါတယ် ဘုရား။

လူမျိုးခြား၊ ဘာသာခြား မုန်းတီးတဲ့ရောဂါဟာ ၁၉၈၈ မတိုင်ခင်ထိ မြန်မာနိုင်ငံမှာ မစွဲကပ်သေးပါဘူး။ ဒီရောဂါဆိုးကြီးကို သူတို့ အာဏာလက်မလွှတ်ရရေးအတွက် အသုံးချဖို့ မျိုးနှစ်အဆိပ်ပစ်ထည့်ပြီး ဖြန့်ခဲ့တာ အရင်စစ်အာဏာရှင်ဟောင်း အသိုင်းအဝိုင်းတွေထဲက ခေါင်းမာဂိုဏ်းသားတွေပဲ ဖြစ်တယ်။

လူအများစုရဲ့ ဘာသာတရားအမြင်၊ အသိတရား အတွေးအခေါ် နိမ့်ကျကျန်ရစ်ခဲ့တာကို အမြတ်ထုတ်ပြီး လမ်းမှားပို့ခဲ့တာဟာ ၁၉၉၀ အနိုင်ရ အန်အယ်လ်ဒီကို အာဏာမလွှဲပေးတာကို အကြောင်းပြ ဖုံးကွယ်ဖို့ ၂၀၀၀ ခုနှစ်ဝန်းကျင်မှာ ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှု ဆိုက်ဝါးအနေနဲ့ စတင်လာတာဖြစ်တယ်။ ဒါကို ယုံကြည်မိနေတဲ့ ပြည်သူတွေကို အလင်းပြဖို့ အစိုးရအာဏာစက်တင်မကဘူး၊ ဓမ္မစက်အပြင် သံဃာအစစ်၊ သံဃာအမှန်တွေဖြစ်တဲ့ “လူထုသံဃာ” တွေရဲ့ မြတ်စွာဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်မှုတွေနဲ့အညီ ဟောပြော တရားပြသမှုတွေ၊ သိနားလည်တဲ့ ပြည်သူတွေရဲ့ ပူးပေါင်းကူညီမှုတွေနဲ့ ဆရာ၊ ဒကာ ညီညွတ်စွာ လက်တွဲဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ရေးရရင် အဖိနှိပ်ခံပြည်သူတွေကို ကိုယ်စားပြုတဲ့ “လူထုသံဃာ” နဲ့ အာဏာကို လက်မလွှတ်ချင်တဲ့ အခွင့်ထူးခံ လူနည်းစုကို ကျောထောက်နောက်ခံပြုထားပြီး လူမျိုးခြား၊ ဘာသာခြား မုန်းတီးမှုတွေ ဖြန့်ဝေလို့ မြတ်စွာဘုရားရှင်ရဲ့ အလိုတော်နဲ့ ဆန့်ကျင်နေတဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ၊ စစ်ပွဲတွေ ဖြစ်ပွားအောင် လှုံ့ဆော်နေကြတဲ့ “လူတစုသံဃာ” ဆိုတာ သမိုင်းအစဉ်အလာချင်းလည်း မတူသလို တန်ဖိုးချင်းမှာလည်း ကွာခြားပါတယ်။

အများပြည်သူ အကျိုးစီးပွားကို မဖော်ဆောင်တဲ့ လုပ်ရပ်တွေ၊ တိုင်းပြည် ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးမှုကို အဟန့်အတားပြုနေတဲ့ ဘယ်လို လူပုဂ္ဂိုလ်၊ ရှင်ရဟန်း ဖြစ်ပါစေ၊ ပြည်သူလူထုတရပ်လုံးရဲ့ မုန်းတီးရွံရှာမှုကိုခံရပြီး မလှပတဲ့ သမိုင်းဆိုး သမိုင်းညစ်နဲ့ နိဂုံးသတ်ရတယ်ဆိုတာ သတိပြုစေချင်ပါတယ်။

မြန်မာနိုင်ငံသား လူပုဂ္ဂိုလ်၊ ရှင်ရဟန်းတိုင်း အမှန်နဲ့အမှား ခွဲခြားတတ်လျက် ကောင်းသောကံများသာ ပြုနိုင်ကြပါစေ။

မင်းကောင်းချစ်

မေလ (၂၄) ရက် ၂၀၁၇ ခုနှစ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/208626



ဒီပရက်ရှင် ရနေတဲ့ တိုင်းပြည်



ဘယ်သူ မဆို စိတ်ဓာတ် ကျတဲ့ အချိန် ဆိုတာ ရှိတတ် ကြပါတယ်။ မျှော်လင့် သလို ဖြစ် မလာတဲ့ အခြေ အနေ မျိုးတွေ၊ လုပ်သလောက် ခရီး မပေါက်တဲ့ အဖြစ် ပျက်တွေ၊ မထင် ထားတဲ့ ဒုက္ခ တွေနဲ့ ရင်ဆိုင် ကြုံတွေ့ ရတဲ့ အချိန်တွေမှာ ဘယ် လောက်ပဲ စိတ်ဓာတ် မာကျောသူ ဖြစ်ဖြစ် အနည်းနဲ့ အများတော့ ဒီပရက်ရှင် ၀င်တတ် ကြပါတယ်။

ဒီပရက်ရှင် (Depressing) ဆိုတာ ၀မ်းနည်း ညှိုးငယ်မှု ဖြစ်စေသော၊ စိတ် မချမ်း မသာ ဖြစ်စေသော စိတ်ကျတဲ့ ခံစား မှုမျိုးပေါ့။ လူတိုင်း၊ လူတိုင်းမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ ခံစားမှုပါ။

အဲဒီလို လူ တစ်ယောက် အနေနဲ့ ဒီပရက်ရှင် ၀င်တဲ့၊ ဒီပရက်ရှင် ရနေတဲ့ အချိန် ဆိုတာ ရှိသလို မျိုးပဲ တိုင်းပြည် တစ်ပြည် အနေနဲ့ လူတစ်ယောက်လို ခံစား ကြည့်မယ် ဆိုရင် အခု အချိန်မှာ ကျွန်မတို့ရဲ့ တိုင်းပြည်က ဒီပရက်ရှင်ဝင် နေတဲ့ အချိန်၊ ဒီပရက်ရှင် ရနေတဲ့ အချိန်လို့ပဲ တင်စားပြီး ဆိုလိုက် ချင်ပါတယ်။

နိုင်ငံရေး ပယောဂတွေ ကြောင့် ကျွန်မတို့တိုင်းပြည်က အဘက်ဘက်က နိမ့်ကျ၊ အဘက်ဘက်က နောက်ကျကျန်ခဲ့ကြတော့ အိမ်နီးချင်းဖြစ်တဲ့ လာအို တို့၊ ဗီယက်နမ်တို့ကိုတောင် မနည်းမှီအောင် လိုက်ကြရမယ့် အခြေအနေပါ။

မြေဧရိယာကျယ် ကျယ်ဝန်းဝန်းရှိပါလျက်၊ သဘာဝသယံဇာတတွေ ကြွယ်ကြွယ်၀၀ ရှိပါလျက်၊ လူသားအရင်းအမြစ် တွေလည်း လုံလုံလောက်လောက် ရှိပါလျက်နဲ့ ဘီလူးကျွန်းသာသာ လောက်ရှိတဲ့ စင်ကာပူလို ကျွန်း နိုင်ငံကို သာဖို့တောင်၊ နောက်အနှစ် ၂၀ လောက် ကြိုးစားရုန်း ကန်ကြ ရဦးမှာ ဆိုတော့ သမိုင်းစဉ် တစ်လျှောက် အမှားကြီး မှားခဲ့ ကြတယ်၊ အလွဲကြီး လွဲခဲ့ကြတယ် ဆိုတာ အထင် အရှားပါပဲ။

အတိတ်ကအမှားတွေ၊ အလွဲတွေကို သင်ခန်းစာယူကြပြီး အခုအချိန်က ပြုပြင်ပြောင်းလဲမှု တွေကို လျင်လျင်မြန်မြန်နဲ့ တွန်း တွန်းတိုက်တိုက် လုပ်ဆောင်ကြရ တော့မှာပါ။ ပြုပြင်နိုင်တဲ့၊ ပြောင်း လဲနိုင်တဲ့ အခြေအနေတွေက လည်းရှိလာပြီဆိုတော့ အားလုံး က၀ိုင်းပြီး အနာဂတ်အတွက် ကြိုးစားအားထုတ်ရမယ့်အချိန် တွေပေါ့။ စဉ်းစားကြည့်လေ။

ဒီ လိုပြုပြင်ပြောင်းလဲနိုင်ဖို့ အခြေ အနေတွေရရှိအောင် မျှော်လင့် ထားတဲ့ ဒီမိုကရေစီအစိုးရကို ရရှိ ဖို့ဆိုတာ လွယ်လွယ်ကူကူ၊ ချော ချောမောမောနဲ့ လျှောက်ခဲ့ရတဲ့ လမ်းခရီးတွေမှမဟုတ်တာ။

ထူ ပြောလှတဲ့ ဆူးခင်းလမ်းတွေမှာ တွဲလက်မဖြုတ်တမ်း လျှောက် လှမ်းခဲ့ကြပြီး ပေးဆပ်မှုတွေ တနင့်တပိုးနဲ့ စိတ်ခွန်အားတွေ ညီညာခဲ့ကြတာ ပြန်တွေးကြည့်တော့ မနေ့တစ်နေ့ကလိုပါပဲ။

အဲဒီလို တော်လှန်ရေးကာလတွေမှာ စိတ်ခွန်အားတွေ ညီညာခဲ့ကြသလို တည်ဆောက် ရေးကာလတွေမှာလည်း စိတ်ခွန် အားတွေ ညီခဲ့ကြမယ်ဆိုရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာ ခဲခဲယဉ်းယဉ်း ကိစ္စမဟုတ်တော့ဘူး ပေါ့။ တိုင်းပြည် တိုးတက်ဖို့၊ တည် ဆောက်ဖို့ကို အစိုးရနဲ့ ပြည်သူက လက်တွဲ ညီညီ ကြိုးစား ရုန်းကန်ဖို့ လိုသလို ပြည်သူ၊ ပြည်သား အချင်းချင်း ကလည်း စိတ်ဝမ်းတွေ မကွဲကြဘဲ တွဲလက်တွေ ညီနေဖို့၊ ခိုင်မြဲနေဖို့လည်း လိုတာပေါ့။

အခုဆိုရင် ကျွန်မတို့တိုင်း ပြည်က လူမျိုးရေးပဋိပက္ခတွေ၊ စစ်ပွဲတွေနဲ့ အခြေမလှတဲ့ အနေအထားပါ။ ပြည်သူပြည်သားအ များစုကလည်း စားဝတ်နေရေး အတွက် ခက်ခဲ ကျပ်တည်းနေကြတယ်။

တိုင်းပြည် တိုးတက်ဖို့ နေ နေသာသာ ကိုယ့်ဘ၀ကိုယ်ရှင် သန်နိုင်အောင်ပဲ မနည်းရုန်းကန် နေရတဲ့ အခြေအနေပါ။ ကိုယ့်ဘ ၀အခြေအနေလှပမှ၊ဖူလုံမှ၊ တိုင်း ပြည်ရဲ့ အခြေအနေတွေကို လှ အောင်၊ ကောင်းအောင် ပုံဖော်နိုင်ကြမှာလေ။

စိုက်ပျိုးရေးနိုင်ငံဖြစ်ပေမယ့် လယ်ယာလုပ်ငန်းခွင်က ထွန်း ထွန်းပေါက်ပေါက် မဖြစ်နိုင်သေးတာ အားလုံးအမြင်ပါပဲ။ အခု ခေတ် တောင်သူဦးကြီးတွေခမျာ ရှေးရှေးက တောင်သူဦးကြီးတွေ လို လက်ထဲငွေသီးဖို့ဆိုတာ၊တောသူဌေးတွေ ဖြစ်ကြဖို့ဆိုတာ အတော် ခဲယဉ်းနေတာပါ။

စပါးပေါ်ချိန် ငွေပေါ်ချိန်ဆိုတဲ့ စကားက ဟိုးဝေးဝေးမှာ ကျန်ခဲ့ပြီလို့ ပြောရမလို။ စပါးပေါ်ချိန်မှာ စပါးဈေးကကျတော့ စိုက်သာစိုက် ချေးငွေအပ်ရတာနဲ့တင် လက်ထဲမှာ ကိုယ့်အတွက်ငွေကျန်ဖို့က မသေချာ မရေရာတဲ့ အခြေအနေလေ။

ဒီကြားထဲ နယ်စပ်လမ်း ကြောင်းကနေ တရုတ်က၀င်တဲ့ အသီးအနှံတွေ၊ ပန်းတွေကြောင့် ပြည်တွင်းက တောင်သူတွေ ဒုက္ခ ရောက်ရ၊ အရှုံးပေါ်ရတာတွေ လည်း ရှိကြသေးတယ်။

တရုတ် က သံပရာသီးတွေဝင်လို့၊ သံပရို ပင်တွေကို အရှုံးပေါ်လို့ ခုတ်လှဲ ရတဲ့အကြောင်း၊ တရုတ်က ပန်း မျိုးစုံကို ဈေးချိုချိုနဲ့ ၀င်လာလို့ ပန်းဈေးကွက်ပျက်ပြီး ပြင်ဦးလွင် က ပန်းစိုက်သူတွေ အဆင်မပြေ ကြကြောင်း၊ ခရမ်းချဉ်သီးတွေ အရှုံးပေါ်လို့၊ ဖရဲသီးတွေ အရှုံး ပေါ်လို့ဆိုတဲ့ သတင်းတွေကလည်း ခဏ ခဏပဲဆိုတော့ ကျေး လက်က တောင်ယာလုပ်ငန်းခွင် က တောင်သူဦးကြီးတွေ အဆင် မပြေကြ၊ ဒုက္ခရောက်နေကြမယ် ဆိုရင် ဘယ်လိုလုပ်ပြီး စိုက်ပျိုး ရေးအဓိကထားတဲ့ တိုင်းပြည်က နာလန်ထူဖို့ ဖြစ်နိုင်ပါ့မလဲ။

စိုက်ပျိုးရေးဘက်မှာ တောင် သူလယ်သမားတွေ အဆင်ပြေ အောင်၊ စက်ရုံ၊ အလုပ်ရုံတွေမှာလည်း အလုပ်သမားတွေ အဆင် ပြေအောင် ဖန်တီးပေးနိုင်မှ တိုင်း ပြည်အတွက် ကောင်းမွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ရရှိနိုင်ပြီး ကောင်းမွန်တဲ့ ရလဒ်ကောင်းတွေ ရနိုင်မှာပါ။

တစ်ဖက်ကလည်း တစ်နိုင်ငံလုံးကပြည်သူတွေအဆင်ပြေအောင်၊ ကုန်ဈေးနှုန်းကို ထိန်းချုပ်နိုင်အောင် အဖြေရှာဖို့လိုသလို ငြိမ်းချမ်းရေးကိုလည်း အောင်အောင် မြင်မြင် အပြီး သတ်နိုင်အောင် လုပ်ဆောင်နိုင်ဖို့ ကလည်း သေရေး ရှင်ရေး အရေးကြီးနေတာပါပဲ။

ဒီအနာတွေ၊ ဒီဒဏ်ရာတွေကို ပျောက်ကင်းအောင် ဆေးကုပါမှနာမကျန်းဖြစ်နေတဲ့ ကျွန်မတို့ တိုင်းပြည်ကြီးက ထူထူထောင်ထောင်ဖြစ်လာမှာပါ။

အခုတော့ အဘက်ဘက်က ကောင်းမွန်လာအောင်၊ အားလုံးက ကျားကုတ်ကျားခဲနဲ့ ကြိုးစား ကြရမယ့်အချိန်မှာ အလုပ်တွေ မတွင်ကြဘဲ နှောင့်နှေး ကြန့်ကြာမှု တွေ ဖြစ်အောင် ပြဿနာပေါင်း စုံတွေက ရှုပ်ထွေး ပွေလီနေကြ လေတော့ ပြဿနာတွေကို ရှင်း နေရတာနဲ့ပဲ အချိန်တွေကုန်နေ ကြရတော့ တာပေါ့။

အငြိုးအတေးတွေနဲ့ အုပ်စု ဖွဲ့ရန်စောင်မှုတွေ၊ ပုဂ္ဂိုလ်စွဲ၊ ဂိုဏ်းဂဏအဖွဲ့တွေ၊ အားနည်းချက်တွေကို အကွက်ချောင်းပြီး တိုက်ခိုက်ကြတာတွေက ခုထိကို ရှိနေကြသေးတယ်။ အတိတ်က အမှားတွေကို လက်ညှိုးထိုးလို့ ပြီး ပဲမပြီးနိုင်ကြ။ ချီးမွမ်းထောမနာပြု ဘုန်းတော်ဘွဲ့တွေကလည်း ရိုးပဲ မရိုးနိုင်ကြ။

ပြဿနာတစ်စကို ဆွဲ ထုတ်ပြီး ရှည်သထက်ရှည်အောင် ဆွဲဆန့်နေကြတာနဲ့တင် အချိန်တွေကုန်နေကြရတယ်။ နာလိုခံခက် စကားရိုင်းတွေနဲ့ စိတ်ခံစား ချက်တွေကို ဒီဂရီအမြင့်ဆုံးဇွတ် တင်ကြတာ ပြီးပဲမပြီးနိုင်ကြတော့။ပုဒ်မ ၄၃၆ ဆိုတာက မှေးမှိန်လို့ ပုဒ်မ ၆၆ (ဃ)က ခေတ်စားနေတာပဲ ကြည့်လေ။

မူးယစ်ဆေးဝါးတွေ၊ သက်ငယ်မုဒိမ်းမှုတွေ၊ ခိုးဆိုးလုယက် မှုတွေ၊ လူသတ်မှုတွေစတဲ့ကိစ္စ တွေကို ရှင်းနေရတာနဲ့ပဲ အလုပ်တွေရှုပ်နေရတဲ့ကြားထဲ အမျိုးသားရေး ဆိုတဲ့စကားလုံးလှလှ အောက်မှာ သင်းကွဲကြ၊ တိုက် ခိုက်ကြ၊ ဆူပူကြ၊ ဆန္ဒပြကြနဲ့။

ဘာနဲ့တူသလဲဆိုတော့ ကျွန်မတို့တိုင်းပြည်ကြီးက နာမကျန်းဖြစ်နေရတဲ့အထဲ ဓာတ်စီး၊ နတ်စီး၊ ပယောဂ၀င်စီးနေတဲ့ နတ်ဝင်သည် တစ်ယောက်လိုလှုပ်လှုပ် ခတ်ခတ်၊ ရှုပ်ရှုပ်ယှက်ယှက်ကို ဖြစ်နေတော့တာပဲ။

ဒါကြောင့် ကျွန်မပြောတာ ပေါ့။ နာမကျန်းဖြစ်နေတဲ့ တိုင်း ပြည်ကြီးခမျာ သူ့ကိုဆေးကုကြမယ့် သူတွေ အချင်းချင်း ရန်ဖြစ်နေ ကြတာကို ကြည့်ပြီး ဒီပရက်ရှင် ၀င်နေတာလို့။ ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်သည်။)

From : 7 Day daily news By : ခွန်းဆင့်သူသူ

Originally published at - http://www.7daydaily.com/story/97280



အသံတိတ် နှုတ်ဆိတ် အသတ်ခံရသူများ



ရပ်ကွက်လေး တစ်ခု၏ ဆင်ခြေဖုံး ဆေးခန်းလေး တစ်ခုတွင် ဖြစ်သည်။ ဆရာဝန်လေး တစ်ယောက် နာရီကို ကြည့်လိုက်သည်။ အချိန်ကား အတော် လင့်ချေပြီ။ နာရီ လက်တံကား တရွေ့ရွေ့နှင့် ည ၉ နာရီခွဲသို့ ပြလာသည်။

ဆရာဝန်လေးလည်း ဆေးခန်းပိတ်ဖို့ အကူတပည့်ကိုပြောရင်း လူနာ မှတ်တမ်း စာရွက် စာတမ်း များ၊ ပစ္စည်း များကို သိမ်းဆည်းနေတုန်း ‘‘ဆရာ လူနာ တစ်ယောက် လာ တယ် ကြည့်ဦး မလား’’

အကူကောင်လေးရဲ့ အားနာသောအသံနှင့်အတူ ‘‘ဖြစ်ပါ့မ လား အမေရယ်’’ဆိုသော ကောင်မလေး၏ အသံကို ကြားမိသည်။ ဆရာဝန်လေးလည်း ‘‘ကဲ ညီလေး ရေ ဒီတစ်ယောက်ဆို အစ်ကို ဆက်ကြည့်လိုက်မယ် လွှတ်လိုက်ပါ’’

မကြာပါ။ အသက် (၂၀) အရွယ် မိန်းမပျိုလေး တစ်ဦးနဲ့ အသက် (၅၀) အရွယ် အမေကြီးတို့ရောက်လာသည်။ ၀တ်စားထားသည့် ပုံစံအရ အတန် အသင့် ပြည့်စုံသော မိသားစုကဟု ခန့်မှန်း ရတော့သည်။

ကဲ ‘‘လူနာက ဘယ်သူတုံး’’

‘‘ကျွန်မပါ ဆရာ’’

‘‘ဘာဖြစ်တာတုံး ညီမလေး’’

ထိုအခါမိန်းမပျိုလေးက ရှက်ရွံ့ထိတ်လန့်နေသော မျက်နှာဖြင့် တိတ်ဆိတ်နေတုန်း ‘‘ဒီလိုပါ ဆရာကျွန်မသမီးက သွေးမပေါ်လို့ သွေးပေါ်ဆေး တစ်လုံး လောက် ထိုးချင် လို့ပါ။ ဘယ်လောက် ကုန်ကုန် ကျွန်မပေးနိုင်ပါတယ်’’၊ အမေကြီး ရဲ့ စကားပြောပုံ ပုံသဏ္ဌာန်ကို မကြိုက်။ သို့သော် လူနာကိုတော့ မေးစရာ ရှိတာ မေးရတော့မည်။

ရာသီလာတဲ့ရက်မေးတော့ သူမဖြေတာမူမမှန်တော့။

‘‘ကဲ...ဒါဆို ဆီးစစ်ကြည့်ကြ ရအောင်။ ဆီးစစ်ပြီး ကိုယ်ဝန် မရှိ တာသေချာရင် ကျွန်တော်တို့ အဖြေတစ်ခု ရောဂါနဲ့ ပတ်သက် ပြီး ထုတ်နိုင်မှာပါ’’ ။ ဆရာဝန်လေး စကားဆုံးသော အခါ ကောင်မ လေးက ငိုပါတော့သည်။ ကောင် မလေး အမေ ကလည်း မထူးတော့ဟု ထင်သလားမသိ။

ကိုယ်ဝန်ရှိ နေသည်မှာ သိပါကြောင်း၊ သို့ သော် သမီး၏ ချစ်သူသည် သမီး ကို ထားသွားကြောင်း၊ ယခုလိုဖြစ် တော့ နှမသားချင်း စာနာ၍ ဖြေ ရှင်းပေးစေ လိုကြောင်း ၊ မနစ်နာစေ ရပါကြောင်း ပြောလာပါတော့ သည်။

ဆရာဝန်လေးလည်း သက်ပြင်းချကာ ဖျက်ချဖို့က မဖြစ်နိုင်ပါ ကြောင်း၊ တတ်နိုင်သမျှ မွေးစေလို ကြောင်း၊ လူ့ဘ၀ဆိုတာ ရခဲပြီး လူကြီးတွေ အမှားကြောင့် အပြစ်မဲ့ သည့် ကလေးကို သေစေသည်မှာ မတရား ပါကြောင်း ဖျောင်းဖျဖြစ် သည်။ သို့သော် အမေဖြစ်သူမှာ ကျေနပ်ပုံမရ။ သမီးလက်ဆွဲကာ ပြန်သွား တော့သည်။

ဆရာဝန်လေးလည်း သက် ပြင်းချမိသည်။ ဆရာဝန်လုပ်လာ သည့် လုပ်သက်တစ်လျှောက် တွင် ကလေးရ၍ ပျော်ပါသည်ဆို သော အိမ်ထောင်ရှင်များ၊ အမျိုး သမီးများသည် အလွန်ကိုနည်းပါး လှသည်။ လူတစ်ရာမှာ ၂၀ လောက်သာရှိမည် ထင်ပါသည်။

ထို့အတူ ဆေးရုံ၊ ဆေးခန်းများတွင် ကလေးပျက်ကျ၍လာသည်ဆို သော အမျိုးသမီး ၁၀ ယောက်တွင်ခုနစ်ယောက်သည် ဖျက်ချ၍ ရောက်လာကြခြင်း ဖြစ်သည်။

ဒီ နေရာတွင် ဖျက်ချသည်နှင့် ပျက် ကျသည်ဆိုသော အသုံးအနှုန်းမ တူပါ။ ပျက်ကျသည်ဆိုသည်မှာ ကိုယ်ဝန်သည် တစ်စုံတစ်ခု ပယောဂအား ထုတ်မှုမပါဘဲ ပျက်ကျခြင်း (Misscarriage) ဖြစ်ပြီး ဖျက်ချခြင်း (Abortion) မှာ တစ်စုံတစ်ခု၏ ပယောဂကြောင့် ပျက်ကျခြင်း ဖြစ်ပေသည်။

ဆေးပညာရှု ထောင့်အရ အမေ၏ ကျန်းမာရေးအခြေအနေအရ ကိုယ်ဝန်ရှိလျှင် အသက်အန္တရာယ်ရှိနိုင်သောအ ခါတွင်သော်လည်းကောင်း၊ ကိုယ် ၀န်ဆောင် သန္ဓေသားသည် မိခင် ၏ သားအိမ်ထဲတွင် သေဆုံးခဲ့လျှင်သော်လည်းကောင်း ကလေးကို ထုတ်ပစ်ရသည့်အခါမျိုးလည်းရှိ သည်။

မလိုချင်လို့ ဖျက်ချခြင်း သည် တရားဥပဒေကလည်း ခွင့် မပြု၊ ဆေးပညာရှင်အသိုင်းအ၀ိုင်း ကလည်း မြန်မာပြည်မှာတော့ လက်မခံပါ။

ဒီနေရာတွင် မေးခွန်းမေးစ ရာရှိပါသည်။ ဒါဆို တရားမ၀င် ကိုယ်ဝန်ဖျက်ချတဲ့ ဇာစ်မြစ်က ဘာလဲ၊ ဘယ်လိုတားဆီးကြမလဲ၊ ဘယ်လိုအရေးယူကြမလဲ။ မေး စရာမေးခွန်းပေါင်းများစွာရှိပါ သည်။ သို့သော် ပြဿနာအားလုံး ကို ခြုံငုံသုံးသပ်သော် လိင်ပိုင်းဆိုင်ရာပြဿနာများနှင့် လိင်ပိုင်းဆိုင် ရာပညာပေးမှု အားနည်း ခြင်းတို့ ကြောင့် ဖြစ်သည်။

လိင်ပိုင်းဆိုင်ရာပြဿနာအစ

ချစ်၍ခေါ်ယူလိုက်တော်မူ ခြင်းကအစဖြစ်၍ တဒင်္ဂသာယာ ရာမှ တစ်ဘ၀စာ ပြဿနာများ ဖြစ်လာသည်။ တချို့က ချစ်သူ ထားသွား၍၊ တချို့က အိမ်ထောင် ရှင်များကတော့ ကလေးမလိုချင် သေး၊ အချိန်မတန်ဘဲရ၍ ဖျက်ချ ချင်ကြသည်။ မည်သို့ပင်ဆိုစေ ကာမူ ကာယကံရှင် အမျိုးသမီး အနေနှင့် အသက် အန္တရာယ် စိုးရိမ် ရသည်သာ မက ကလေး မမွေးနိုင် ဘဲ မြုံသွားနိုင်သည့် အခြေအနေ မျိုးများလည်း ရှိပါသည်။

လိင်ပညာပေးမှုအားနည်းခြင်း

အမျိုးသမီးတစ်ဦးအနေဖြင့် မလိုလားအပ်သော ကိုယ်ဝန်ရ လာခြင်းသည် သက်ဆိုင်ရာအမျိုး သမီး၏ အပြစ်သာမဟုတ်ပါ။ ကျူးလွန်သူအမျိုးသားတွင်လည်း အပြစ်ရှိပါသည်။ ကိုယ်ဝန်တား ရာတွင် အဖော်လို့အများသိကြ သည့် ကွန်ဒုံးကိုသုံးခြင်းထက် အ ရေးပေါ်တားဆေးများနှင့် ထိုး ဆေးများကိုသာ အမျိုးသမီးများ က ပိုမိုအသုံးပြုနေကြရသည်ကို တွေ့ရှိရသည်။ သို့သော် ထိုကိုယ် ၀န်တားဆေး၊ ထိုးဆေးများမှာ အမျိုးသားနှင့် အမျိုးသမီးတို့ကို လိင်မှတစ်ဆင့်ကူးစက်ရောဂါ များ (HIV, Syphilis) မှ မကာကွယ်နိုင်ပါ။

မလိုချင်သော်လည်း ရလာသောအခါ

များသောအားဖြင့် ထိုသို့ဖြစ် လာသောအခါ သွေးပေါ်ဆေးများ ထိုးကြခြင်း၊ မိန်းမကိုယ်ယောနိအတွင်းသို့ တယောချောင်းများ ထည့်၍ မွှေ ခြင်း၊ သံချွန်နှင့် ခြစ်ချခြင်းနှင့် ယခု အခါ မိန်းမကိုယ်တွင်းသို့ ဆေး တောင့် ထည့်၍ ဖျက်ချခြင်းများ ပြုလုပ်ကြသည်။

ကလေးအစိတ်အပိုင်းများကျန်ခဲ့သောအခါ သားအိမ်အတွင်း ပုပ်ပွလာပြီး ရောဂါပိုးများပေါက်ဖွားလာကာ သွေးဆိပ်တက်ခြင်း၊ ဖျက်ချစဉ် သားအိမ် အတွင်း သားများသို့ ထိုးမိကာပေါက်ပြဲ၍ ပိုးဝင်ခြင်း၊ သွေးထွက်လွန်၍ အသက်အန္တရာယ်ထိခိုက်နိုင်ခြင်းနှင့်နောက်ပိုင်းကလေးယူသောအခါ ကိုယ်ဝန်မမြဲခြင်းနှင့် အခြေအနေဆိုးရွားပါက အမျိုးသမီးသားအိမ်ပါ ထုတ်ပစ်ရပြီး ကလေးမရနိုင်တော့ခြင်းမျိုးပါ ကြုံတွေ့နိုင်ပါသည်။

ဘယ်လိုသားဆက်ခြားကြမလဲ

အမျိုးသမီးတို့အနေနဲ့ ထို ပြဿနာမျိုးကို ကျိတ်၍ဖြစ်စေ တစ်ဆင့်စကားတစ်ဆင့်ကြားမှ ဖြစ်စေ မဖြေရှင်းဘဲ ကျွမ်းကျင်သူ ဆရာဝန်၊ ဆရာမစသော ကျန်း မာရေးဝန်ထမ်းများနှင့် လိုအပ် သော အဖြေရှာဖို့ တိုက်တွန်းလို ပါသည်။

သားဆက်ခြားရာတွင် မိမိ၏ ရာသီလာချိန်နှင့် ရာသီမှန် ခြင်း၊ မမှန်ခြင်း ကြုံတွေ့နေရ သော ပြဿနာများပေါ် မူတည်၍ သက်ဆိုင်ရာကျွမ်းကျင်သူ ဆရာ ၀န်၊ ဆရာမများမှ သောက်ဆေး ပေးခြင်း၊ ထိုးဆေးထိုးခြင်းနှင့် အ ရေးပေါ် သောက်ဆေးပေးခြင်း များ ပြုလုပ်နိုင်ပါသည်။

သတိပြု ရန်မှာ သားဆက်ခြားဆေးဝါးများ သည် ဟော်မုန်းဆေးဝါးများဖြစ် ၍ အနည်းနဲ့အများဆိုးကျိုးများ၊ ဓာတ်မတည့်မှုများရှိနိုင်ပါသည်။

ထို့ကြောင့် သုံးစွဲ၍အဆင်မပြေ ပါက နီးစပ်ရာကျွမ်းကျင်သူ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင် ပင်ကာ အသင့်လျော်ဆုံး နည်း စနစ်ကို ရွေးချယ်နိုင်ပါသည်။

သို့ သော် ထိုဆေးဝါးများသည် လိင်မှ တစ်ဆင့် ဖြစ်တတ်သော ကူးစက် ရောဂါများကို မကာကွယ်နိုင်ပါ။ လိင်ဆက်ဆံနေစဉ် အဖော်လို့ အများခေါ်ကြသည့် ကွန်ဒုံးကို သုံးစွဲကြလျှင်ပို၍ အဆင်ပြေပါ သည်။

ဒီနေရာမှာ လူအတော် များများသိကြသည်မှာ အမျိုး သားသုံးကွန်ဒုံးသာဖြစ်သည်။ သို့ သော် အမျိုးသမီးသုံးကွန်ဒုံးများ လည်း ယခုအခါ အလွယ်တကူရ နိုင်ပါပြီ။

မြန်မာပြည်သည် ဗုဒ္ဓဘာသာထွန်းကားသောတိုင်းပြည် ဖြစ်သည်နှင့်အညီ ကလေးဖျက်ချ ခြင်းကို လုံးဝအားမပေးပါ။ သို့ သော် ခေတ်ရေစီးကြောင်း အပြောင်း အလဲကြောင့် လားတော့ မသိ၊ ကျန်းမာ သန်စွမ်းသည့် မိခင် အရွယ်သေနှုန်းတွင် ကိုယ်ဝန် ဖျက်ချခြင်းကြောင့် သေဆုံးခဲ့ခြင်းသည် အဓိက ထိပ်ဆုံးတွင် ရှိနေ သည်။

ယခုလက်ရှိ တရားဥပဒေ စီရင်ရေး၏ အားနည်းချက်အရ ကိုယ်ဝန်ဖျက်ချပေးသူ ထိုအသံ တိတ်လူသတ်သမားများအား ရုံး တင်တရားစွဲဆိုဖို့ အရေးယူဖို့ရာ လက်လှမ်းမမှီသေးပါ။

ဥပဒေ တွင် အားနည်းချက်များ ရှိနေပါ သေးသည်။ တကယ်တော့ ဖိုမ ဆက်ဆံရေးအရ ပေါက်ဖွားလာ သော အမိဗိုက်ထဲက ကလေး ငယ်သည် အပြစ်မရှိပါ။ ကလေး မရနိုင်အောင် သားဆက်ခြားခြင်း၊ အကာအကွယ်နှင့် ဆက်ဆံခြင်း စသော နည်းများ များစွာရှိသဖြင့် ကလေးမရခင် ကြိုတင်တားဆီး နိုင်ပါသည်။

သို့သော် မည်သည့် အတွက်ကြောင့်ဖြစ်စေ လူ့ဘ၀ ထဲကို မရောက်သေးသော အ ကောင်းအဆိုးအကြောင်းအကျိုး နားမလည်သေးသော ကလေး ငယ်ကို ဖျက်ချပစ်သည်မှာ လူ သားမဆန်ပါ။

အဟိတ်တိရစ္ဆာန် ပင် မိမိ၏ သားသမီးကို အသက် ပေး၍ ကာကွယ်သေးပေရာ တိ ရိစ္ဆာန်ထက် အဆင့်မြင့်သော လူ သားမျိုးနွယ်သည် ကမ္ဘာမီးလောင် သားကောင်ချနင်းသည့် ပုံစံမျိုး မလုပ်သင့်ပါ။

ပုခက်လွှဲသော မိခင်၏ လက်သည် ကမ္ဘာကိုအုပ် စိုးနိုင်ပါသည်။ ထိုသို့အုပ်စိုးနိုင် သော မိခင်တို့၏ ၀မ်းကြာတိုက် တွင် သန္ဓေယူသောကလေးသူ ငယ်တို့သည် နိုင်ငံ့ခေါင်းဆောင် ကြီးများ၊ ဆရာဝန်များ၊ အင်ဂျင်နီ ယာများနှင့် ထွန်းပေါက်မည့် ပုဂ္ဂိုလ် မည်သူမဆိုဖြစ်နိုင်ပါ သည်။ ထို့ကြောင့် အညတရဆရာ ၀န်လေး အနေနဲ့ မိခင်လောင်းများ ကို တောင်းဆိုလိုက်ပါသည်။

သတ္တိရှိရှိရင်ဆိုင်ကြပါ။ ၀မ်း ဗိုက်ထဲက အပြစ်မဲ့ကလေးငယ် များကို ရဲရဲရင့်ရင့် လူ့လောကထဲ ကို ခေါ်လာခဲ့ကြပါ။ ပြီးတော့ ကလေးငယ် အနာဂတ်လေးများ ကို အိပ်မက်တွေမက်စေပြီး တ ကယ်ဖြစ်လာအောင် ဖော်ဆောင် ပေးကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ရပါသည်။

From : 7 Day daily news By : မောင်ရင်ကောင်း (ဆေး-၂)

Originally published at - http://www.7daydaily.com/story/97282



အကြောက်တရားကို ကျော်လွှားရဲမှ ငြိမ်းချမ်းရေး ရနိုင်မယ်



မေ ၂၆ ရက် နေ့မှာတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ် အစည်း အဝေးကို နေပြည်တော်မှာ ဒီကနေ့ တတိယနေ့ အဖြစ် ဆက်လက် ကျင်းပ နေပါတယ်။

ညီလာခံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် တွေနဲ့ နိုင်ငံရေး ပါတီ အစု အဖွဲ့ တွေက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် အရေးနဲ့၊ လုံခြုံရေး ကဏ္ဍ (၅) ခုကို ဆက်လက် ဆွေးနွေးနေ ကြပါတယ်။

ပြီးတော့ ဒီကနေ့ မွန်းလွဲ ပိုင်းက နေပြည်တော် မြနန်းဘုံသာ လမ်းက သူမရဲ့ နေအိမ်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ကချင် လွတ်မြောက်ရေး အဖွဲ့ (ကေအိုင်အို) ဥက္ကဋ္ဌ အန်ဘန်လနဲ့ ဇနီးတို့ကို နေ့လယ်စာနဲ့ တည်ခင်း ဧည့်ခံဖို့ ဖိတ်ကြား ခဲ့တဲ့ အပြင် ဒေါ်အောင်ဆန်း စုကြည်ဟာ ကေအိုင်အို ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး နောက် ဒီကနေ့ မွန်းလွဲ ပိုင်းမှာ ကျန်တဲ့ မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ နဲ့လည်း ဆက်လက် တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေ ပါတယ်။

ဒေါ်အောင်ဆန်း စုကြည်ကလည်း အပစ်ရပ် လက်မှတ် မထိုး သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်စွာနဲ့ အပစ်ရပ် လက်မှတ် ရေးထိုးပြီး (၂၁) ရာစုပင်လုံမှာ ပါဝင်ဖို့ကိုလည်း တခုတ်တရ ထပ်မံ တိုက်တွန်း အားပေးနေတဲ့ သဘောပါဘဲ။

လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့အချက်အပေါ်မှာ အပစ်ရပ်လက်မှတ်ထိုးဖို့ တွန့်ဆုတ်နေတဲ့ KIA နဲ့ မဟာမိတ်တွေကို လက်မှတ်ထိုးပြီး ရဲရဲဝံ့ဝံ့နဲ့ ငြိမ်း ချမ်းရေးကို အတူတကွအရယူနိုင်ဖို့ အားပေးတိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်ကို ပြသတာပါပဲ။ သူမနဲ့ပြည်သူတွေ အတူရှိနေပါတယ်၊ စောင့်နေပါတယ် ဆိုတာ ပြောပြနေတဲ့ သဘောပါပဲ။

လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့အချက်အပေါ်မှာ သိပ်အာရုံမထားပါဘဲ ဆွေးနွေးပွဲအောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ချပြီး ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တခြားတိုင်းရင်းသားတွေနဲ့ အတူတူ မဖြစ်မနေ တည်ဆောက်စေချင်တဲ့ တိုက်တွန်းမှုလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါလိမ့်မယ်။

အားလုံးနဲ့ ဆိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ ရည်ရွယ်ကျင်းပမယ့် (၂၁)ရာစုပင်လုံ ညီလာခံကို ဘယ်အဖွဲ့ အစည်းကမှ ကြိုးကိုင် ချယ်လှယ် လို့ မရပါဘူး။ ပြည်တွင်းစစ်ကို ငြီးငွေ့ စက်ဆုတ်နေတဲ့ ပြည်သူအများစု အနီးကပ်စောင့်ရှောက်နေမှာ ဖြစ်တယ်လို့ သက်ဆိုင်သူ အားလုံးကို သတိပေးမှုလည်း ဖြစ်တယ်လို့ စာရေးသူက ရှုမြင်သုံးသပ်ပါတယ်။

ဒီတော့ မြန်မာနိုင်ငံဟာ ဘာကြောင့် နှစ်ပေါင်း ၇၀ ကြာတဲ့တိုင်အောင် ဘာကြောင့်ငြိမ်းချမ်းရေးရဖို့ နှောင့်နှေးနေရတာလဲ ဆိုတာကို အဖြေရှာကြည့်ရအောင်။

မိသားစုတစုမှာဖြစ်ဖြစ်၊ လူ့အဖွဲ့အစည်း တခုအတွင်းမှာဖြစ်ဖြစ်၊ နိုင်ငံတနိုင်ငံမှာဖြစ်ဖြစ်၊ မှီတင်းနေထိုင်ကြသူတွေ၊ အုပ်ချုပ်ခွင့်အာဏာရသူတွေဟာ အသိ ဉာဏ် မဦးစီးနိုင်ဘဲ မှန်စွာတွေးခေါ်မျှော်မြင်နိုင်စွမ်း မရှိတဲ့ အခါ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ဖြစ်လာ တတ်ပါတယ်။ အဲဒီကမှတဆင့် စိုးရိမ်ကြောင့်ကြမှု (အကြောက်တရား) တွေဖြစ်လာပြီး တခြားသူတွေ၊ တခြားလူမျိုးတွေ အပေါ်၊ တခြားဘာသာတွေ အပေါ် မယုံကြည်မှု မုန်းတီး မှုတွေ ဆိုတာ ထပ်မံမွေးဖွား စေပါတယ်။

အဲဒီမုန်းတီးမှုတွေကနေ ပြဿနာပဋိပက္ခတွေ၊ အကြမ်းဖက်အဖြေရှာမှုတွေ၊ အခွင့်ထူးခံ ဗိုလ်ကျအနိုင်ကျင့်မှုတွေ၊ ဖိနှိပ်မှုတွေ၊ ဆက်လက်ဖြစ်တည် လာရပါတယ်။ ရုပ်ဆိုးအကျည်းတန်တဲ့ ပြဿနာပဋိပက္ခတွေကနေ အနိဌာရုံတွေဖြစ်ပေါ်လာပြီး အမုန်းတရားတွေ ထပ်ဆင့်ကြီးထွားလာစေပါတယ်။

အဲဒီကမှတဆင့် ပြဿနာပဋိပက္ခ အသစ်အသစ်တွေ၊ လက်နက်နဲ့ အကြမ်းဖက်အဖြေရှာတာတွေ ထပ်မံဖြစ်ပေါ်စေပြီး အင်္ဂလိပ်လို (Vicious Cycle) လို့ခေါ်တဲ့ လူအချင်းချင်းနှိပ်စက်ညှဉ်းပမ်းတဲ့၊ ငြိမ်းချမ်းမှုမရှိတဲ့၊ အနိဋ္ဌာရုံတွေပြည့်လွှမ်းနေတဲ့၊ မတရားမှုတွေနဲ့ အတိပြီးနေတဲ့ ရက်စက်ကြမ်းကြုတ် ဆင်းရဲဒုက္ခ သံသရာထဲမှာ တ၀ဲလည်လည် ဖြစ်နေရတော့တာပါပဲ။

အဲဒီဆင်းရဲဒုက္ခ သံသရာကြီးထဲက လွတ်မြောက်ပြီး ငြိမ်းချမ်းရေးရဖို့ဆိုရင် အဲဒီနိုင်ငံသားတွေဟာ အကြောက်တရားက လွန်မြောက်နိုင်ဖို့ လိုပါတယ်။ နိုင်ငံသားအချင်း ကိုယ်ချင်းစာနာစိတ်နဲ့ မေတ္တာတရား ကျင့်သုံးဖို့လိုပါတယ်။ တခြားသူတွေထက် အမြဲတမ်းအခွင့်ထူးခံရချင်စိတ်၊ ဗိုလ်ကျအသာစီး ယူချင်စိတ်၊ စည်းကမ်းမဲ့စွာ နေထိုင်လိုစိတ်၊ တာဝန်မဲ့လိုစိတ်တွေ ဖျောက်ဖျက်ပစ်ဖို့ လိုပါတယ်။

အပြန်အလှန် လေးစားအသိအမှတ်ပြုနိုင်တဲ့ စိတ်တွေထားနိုင်ဖို့ လိုတယ်။ မိမိလူမျိုးရေး အကျိုးစီးပွားကို ပြည်ထောင်စုတခုလုံးအရေး အကျိုးစီးပွား အထက်မှာ ရှေ့တန်းမတင်မိဖို့ လိုပါတယ်။ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာကို အပြောသက်သက်မဟုတ်၊ အသုံးချဖို့ သက်သက်မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးလိုက်နာဖို့ လိုပါတယ်။

ဒါကြောင့်လည်း အသိနဲ့အကျင့် တထပ်တည်းမကျဘဲ၊ တသားတည်းမရှိဘဲ စကားလုံးလှလှတွေနဲ့ တန်ဆာဆင်ထားတဲ့ အတွေးအမြင်ပြောဆိုမှုတွေဆိုတာ အောင်သီးအောင်နှံ အလျဉ်းမဖွံ့ထွားဘဲ ရနံ့ကင်းမဲ့တဲ့ ပန်းနဲ့အလားသဏ္ဌာန်တူတယ်လို့ ရှင်တော်မြတ်ဗုဒ္ဓက မြွက်ကြားခဲ့တာ မဟုတ်ပါလား။

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတဲ့နောက် ပင်လုံမြို့မှာပဲ ၁၉၄၇ ခုနှစ်မှာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေး အတွက် ပင်လုံသဘောတူညီချက်ရဖို့ ကြိုးပမ်းစဉ်ကာလတုန်းက အနားယူချိန်မှာ စာထိုင်ဖတ်ခဲ့တဲ့ သစ်ပင်ကြီးအောက်မှာပဲ ကျင်းပခဲ့တဲ့ တိုင်းရင်းသား ကိုယ်စားလှယ် ၁၂ ဦးနဲ့အတူ ပင်လုံငြိမ်းချမ်းရေး စကားဝိုင်း (Panglong Peace Talk) နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့တာကို အနှစ်ချုပ်ကြည့် လိုက်ရင် အောက်ပါအတိုင်းတွေ့ရပါတယ်။·

ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ နိုင်ငံသားတိုင်းနဲ့ သက်ဆိုင်တယ်၊ အရွယ်မရွေး အားလုံးပါဝင်ဖို့လိုတယ်။ ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ဆိုရင် ဘာဖြစ်လို့ ငြိမ်းချမ်းရေး မရလဲဆိုတာကို ပထမဆုံး ဆန်းစစ်ရမယ်။ ငြိမ်းချမ်းရေးမရတာ မတူကွဲပြားမှုကြောင့်ဆိုတာ လုံလောက်တဲ့ အကြောင်းပြချက်မဟုတ်ဘူး။

မတူကွဲပြားရတဲ့ အကြောင်းတခုကတော့ မခံချင်စိတ်၊ ဒေါသတွေကို ရှေ့တန်းတင်လို့ဖြစ်တယ်၊ မိမိတို့ဟာ မေတ္တာတရားကို ရှေ့တန်းတင်မယ်၊ မျှဝေ ကူညီချင်သည့်စိတ်ကို ရှေ့တန်းတင်မယ်ဆိုရင် အခုလိုကွဲပြားစရာအကြောင်း ရှိမယ်မထင်ပါ။

တိုင်းပြည်မှာရှိတဲ့ ပြဿနာတွေဆိုတာ တကယ်တော့ စိန်ခေါ်မှုပင်ဖြစ်ပြီး စိန်ခေါ်မှုဆိုတာ အခွင့်အရေးတွေဖြစ်တယ်။ ကျော်လွှားနိုင်ရမယ်။

လူတို့သဘာဝအရ အနိုင်ကျင့်သူတွေလည်း ရှိပါနေပါတယ်။ အဲ့ဒီအနိုင်ကျင့်သူတွေ အနိုင်မကျင့်နိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ အဖြေတခု ရှာရမှာဖြစ်တယ်။

နောက်ပြီး ပင်လုံငြိမ်းချမ်းရေးစကားဝိုင်းသို့ တက်ရောက်လာကြတဲ့ တိုင်းရင်းသားတွေကလည်း ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးအတွက် ကြီးမားတဲ့ မျှော်လင့် ချက်တွေ နိုင်ငံရေး အရ၊ လူမျိုးရေး အရ တန်းတူ ပူးပေါင်းနိုင်မည့် အာမ ခံချက်တွေ၊ ကရင်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ ကရင်အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ဆောင်ရွက်နိုင် ခဲ့မှုတွေ၊ ယုံကြည်မှု၊ ညီညွတ်မှု၊ တဦးကို တဦး အပြန် အလှန် လေးစားမှု၊ သာတူညီမှုတွေနဲ့ တည်ဆောက် ခဲ့တဲ့ အတွက် အောင်မြင် ခဲ့မှုတွေ ရခဲ့ကြတာ၊ အကြောက် တရားနဲ့ စိုးရိမ်ကြောင့်ကြ မှုတွေဟာ ငြိမ်းချမ်းရေး မရစေဘူးဆိုတဲ့ ယုံကြည်မှု ထင်မြင်ချက်တွေ မငြိမ်းချမ်း သေးသည့် အတွက် တိုင်းပြည် နစ်နာနေမှုတွေ၊ ငြိမ်းချမ်းရေး အတွက် တဦးအပေါ် တဦး သဘောထား ကြီးဖို့ လိုအပ်နေမှုတွေ၊ လက်နက်ကိုင် အဖွဲ့တွေ အကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ များများ ပြုလုပ်ဖို့ လိုအပ် နေမှုတွေ၊ ပင်လုံစာချုပ် ပင်လုံ ကတိ ကဝတ်တွေကို အကောင်အထည်ဖော်ဖို့ လက်တွေ့ကျကျ လုပ်ဆောင်ပြဖို့ လိုအပ် နေမှုတွေကို အပြန် အလှန် ဆွေးနွေး ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးစကားဝိုင်းနဲ့ ဆက်စပ်လို့ တိုင်းပြည်အတွက် လိုအပ်နေတဲ့ “ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး” (Peaceful coexistence) အကြောင်း ဒီဆောင်းပါးမှာ ဖြည့်ရေး ချင်ပါတယ်။

အဲ့ဒီစကားရပ်ရဲ့ အဓိပ္ပာယ်ကတော့ လူမျိုးနှစ်မျိုး (သို့) နှစ်မျိုးထက်ပိုတဲ့ လူမျိုးစုတွေဟာ အသီးသီးရဲ့ မတူကွဲပြားမှုတွေကို အပြန်အလှန်လေးစား အသိ အမှတ်ပြုရင်း လူမှု ပဋိပက္ခတွေကို အကြမ်းမဖက်တဲ့ နည်းနဲ့ အဖြေရှာပြီး ငြိမ်းချမ်းစွာ အတူ ရှင်သန်နေထိုင် ကြခြင်းပါပဲ။

အဲ့ဒီလိုငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်ဖို့အတွက် လူမျိုးအသီးအသီးရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ အစဉ်အလာ၊ ဘာသာစကား၊ စာပေ၊ အနုပညာ ရပ်တွေကို အပြန်အလှန်လေးစား အသိအမှတ်ပြုဖို့ လိုသလို ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လွတ်လပ်စွာကျင့်သုံးခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်တွေ အပ်နှင်းရမှာဖြစ်ပါတယ်။ လူမျိုးစုများအားလုံး အခွင့်အရေးတူညီမှု၊ အပြန်အလှန်ဖေးကူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်မှုကို အားဖြည့်ထောက်ကူကြရမှာဖြစ်တယ်။

နိဂုံးချုပ်အနေနဲ့ ရေးချင်တာကတော့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့တည်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ဆိုရင် တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအပါအ၀င် မြန်မာနိုင်ငံသားအားလုံး မိမိအကျိုး၊ မိမိအဖွဲ့အစည်းအကျိုး၊ မိမိလူမျိုးအကျိုး၊ မိမိဘာသာအကျိုး ဆုတ်ယုတ်လေမလားဆိုတဲ့ မမှန်ကန်တဲ့ စိုးရိမ်ပူပန်ကြောင့်ကြမှုဆိုတဲ့ အကြောက်တရားကို ကျော်လွှားရဲမှ ငြိမ်းချမ်းရေးရနိုင်မှာပါ။ အကြောက်တရားကိုတော့ သီလ၊ သမာဓိ ပညာတွေနဲ့ ကျော်လွှားလွန်မြောက်နိုင်ပါတယ်။

တကယ်တော့ ငြိမ်းချမ်းရေးရရင် လူမျိုးတိုင်း လူမျိုးတိုင်း၊ လူတိုင်း လူတိုင်းရဲ့ ဘ၀တွေ တိုးတက်မြင့်မားလို့ နောင်မျိုးဆက်သစ်တွေထိ ကောင်းကျိုး ချမ်းသာ ရနိုင် တာမို့ နိုင်ငံသားတိုင်း၊ အဖွဲ့အစည်း တိုင်းက မိမိတို့ဘက်ကပေးနိုင်တာ၊ စွန့်လွှတ်သင့်တာတွေကို ပေးဆပ်စွန်လွှတ်လို့ သမိုင်းပေးတာဝန်တရပ်အနေနဲ့ စိတ်သတ္တိရှိရှိ အစွမ်းရှိသရွေ့ ၀ိုင်းဝန်းအားထုတ်ပြီး ငြိမ်းချမ်းရေးကို အရယူပေးကြပါလို့ အလေးအနက်မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

မင်းကောင်းချစ်

From : ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/209133