Sunday, 18 June 2017

ကိုရီးယားဘာသာ စတင်လေ့လာသူများ အတွက် အခြေခံ စာလုံးပေါင်းနည်း

                 ကိုရီးယားဘာသာ စတင်လေ့လာသူများ အတွက် အခြေခံ စာလုံးပေါင်းနည်း


Lesson 1
Hangul Alphabet
ကိုရီးယားအက္ခရာ

ကိုရီးယားစာကို လေ့လာရာတွင် အခြေခံအားဖြင့် Vowels : သရ (၁၀)လုံး နှင့် Consonants : ဗျည်း (၁၄) လုံး တို့အား စတင်လေ့လာကြပါမည်။

အောက်ပါ ဗျည်း(၁၄)လုံး နှင့် သရ(၁၀)လုံး အား အလွတ်ရအောင်ကျက်မှတ်ပါ။

[[ Consonants : ဗျည်း ]]
→(၁၄) လုံး

ㄱ (g,k) ဂ
ㄴ (n ) န
ㄷ (d,t) ဒ၊ ဿ
ㄹ (l,r) လ၊ ရ
ㅁ (m) မ
ㅂ (b,p) ဘ
ㅅ (s) စ
ㅇ (-,ng) အ၊ င
ㅈ ( j) ဂျ
ㅊ (ch ) ချ
ㅋ (k) ခ
ㅌ (t) ထ
ㅍ (p) ဖ
ㅎ (h) ဟ

[[ Vowels : -သရ ]]
→ (၁၀)လုံး
ㅏ (a) အား
ㅑ (ya) ယား
ㅓ (eo) အော
ㅕ (yeo) ယော
ㅗ (o) အိုး
ㅛ (yo) ယိုး
ㅜ (u) အူး
ㅠ (yu) ယူး
ㅡ (eu) အူး
ㅣ (i) အီး

ဗျည်းနဲ့သရ ကိုပေါင်းပြီး အောက်ပါအတိုင်း အသံထွက်လို့ ရပါပြီ။

(1)ㅇ+ㅣ= 이 (အီး) နှစ် ၂
(2)ㅇ+ㅗ =오 (အိုး) ငါး ၅
(3)아이 (အားအီး) ကလေး
(4)오이 (အိုးအီး) သခွားသီး
(5)우유 (အူးယူး) နွားနို့
(6)여우 (ယောအူး) မြေခွေး

ㄱ+ㅏ=가 (ga) ဂါး- လို့ အသံထွက်ပါ။
ㅅ+ㅜ = 수 (su) စူး- လို့ အသံထွက်ပါ။

가 + 수 = 가수 = အဆိုတော်
ဂါး + စူး = ဂါးစူး -လို့ အသံထွက်ပါ။
아기 (အားဂီး) a-gi ကလေး
다리 (ဒါးရီး) da-ri ခြေထောက်
소리 (စိုရီ) so-ri အသံ
모자 (မိုဂျာ) mo-ja ဦးထုပ်
아버지 (အာဘောဂျီ) a-beo-ji အဖေ
사자 (ဆားဂျား)sa-ja ခြင်္သေ့
치마 (ချီးမား)chi-ma ဂါဝန်၊ စကတ်
코 (ခိုး) ko နှာခေါင်း
타조 (ထားဂျိုး)ta-jo ငှက်ကုလားအုပ်
포도 (ဖိုဿးိုး) po-do စပျစ်သီး
호수 (ဟိုးစူး) ho-su ရေကန်၊ အင်းအိုင်

အခြေခံ စာလုံးပေါင်းနည်း(၂)
Lesson 2
Hangul Alphabet
ကိုရီးယားအက္ခရာ

့ Consonants : ဗျည်း (၁၄) လုံးတို့အား လေ့လာခဲ့ကြသည်။
ယခု သံမြင့်ဗျည်း (၅) လုံးအား ထပ်မံ လေ့လာပါမည်။ တူညီသောဗျည်း၂ လုံးအား ပူးကပ်ထားခြင်းဖြစ်သည်။ သံမြင့်ဗျည်း(သို့) ပွားဗျည်း (၅) လုံး ရှိပါသည်။

ㄲ (gg) က ㄱ+ㄱ= ㄲ
ㄸ (dd) သ ㄷ+ㄷ= ㄸ
ㅃ (bb) ပ ㅂ+ㅂ= ㅃ
ㅆ (ss) ဆ ㅅ+ㅅ= ㅆ
ㅉ (jj) က ㅈ+ㅈ= ㅉ

Consonants : ဗျည်း
→(၁၄) လုံး + သံမြင့်ဗျည်း (၅) လုံး = ပေါင်း (၁၉) လုံး

ㄱ (g,k) ဂ ㄲ (gg) က
ㄴ (n ) န
ㄷ (d,t) ဒ၊ ဿ ㄸ (dd) သ
ㄹ (l,r) လ၊ ရ
ㅁ (m) မ
ㅂ (b,p) ဘ ㅃ (bb) ပ
ㅅ (s) စ ㅆ (ss) ဆ
ㅇ (-,ng) အ၊ င
ㅈ ( j) ဂျ ㅉ (jj) ကျ
ㅊ (ch ) ချ
ㅋ (k) ခ
ㅌ (t) ထ
ㅍ (p) ဖ
ㅎ (h) ဟ

Vowels : -သရ
→ (၁၀)လုံး အား အောက်ပါအတိုင်း လေ့လာခဲ့ကြသည်။

ㅏ (a) အား
ㅑ (ya) ယား
ㅓ (eo) အော
ㅕ (yeo) ယော
ㅗ (o) အိုး
ㅛ (yo) ယိုး
ㅜ (u) အူး
ㅠ (yu) ယူး
ㅡ (eu) အူး
ㅣ (i) အီး

ယခုအခါ ပေါင်းစပ်သရ (၁၁) လုံးအား ထပ်မံလေ့လာကြပါမည်။
ㅐ အဲ့
ㅒ ယဲ့
ㅔ အဲ
ㅖ ယဲ
ㅘ ၀ါ
ㅙ ၀ဲ
ㅚ ၀ဲ့
ㅝ ဝေါ
ㅞ ၀ယ်
ㅟ ၀ီ
ㅢ အွီ

အောက်ပါစာလုံးများကို ဖတ်ကြည့်ပါ။

예 ယဲ ဟုတ်ကဲ့
왜 ၀ဲ ဘာကြောင့်လဲ
와요 ၀ါးယိုး လာတယ်
위에 ၀ီးအဲ အပေါ်မှာ
외워요 ၀ဲဝေါယိုး ကျက်မှတ်သည်
네모 နဲမိုး စတုဂံ
새우 စဲဝူး ပုဇွန်
지우개 ဂျီအူးဂဲ ခဲဖျက်
까치 ကားချိ သပိတ်လွယ်ငှက်
어깨 အောကဲ ပုခုံး
귀뚜라미 ဂွီသူးရာမီ ပုရစ်
뿌리 ပူးရီး အမြစ်
아저씨 အာဂျောရှီး ဦးလေး
찌개 ကျီးဂဲ (အချဉ်)ဟင်း stew

အခြေခံ စာလုံးပေါင်းနည်း(၃)

Lesson 3
받침 Final Consonants
အဆုံးသတ်ဗျည်း

စာလုံးပေါင်း၏ နောက်ဆုံးမှာ လိုက်သော ဗျည်းများဖြစ်သည်။
ကိုရီးယားစာတွင် အသတ်သံကို ပါဝင်၍ ရွတ်ဆိုရပါသည်။

ဥပမာ။ ။ n+a+m = nam
ㄴ+ㅏ+ ㅁ= 남

အင်္ဂလိပ်စာတွင်ဖြစ်စေ၊ ကိုရီးယားစာတွင်ဖြစ်စေ (နမ်) ဟုရွတ်ဆိုရာတွင် အဆုံးသတ်တွင် ပါးစပ်ပိတ်၍ (မ)သံကို ထည့်သွင်း ရွတ်ဆိုရပါသည်။

မြန်မာစကားတွင်မူ (နမ်)နှင့်(နန်)ကို အသံကွဲပြားမှုမရှိပဲ တူညီစွာ ရွတ်ဆိုကြသည်ကို တွေ့ရသည်။

မြန်မာစာတွင် အများအားဖြင့် အသတ်သံကို ထင်ရှားစွာ မရွတ်ဆိုပါ။ ကိုရီယားစာတွင်မူ အသတ်သံကို ပါဝင်၍ ရွတ်ဆိုရပါမည်။

ㄸ, ㅃ, ㅉ ဗျည်း ၃-လုံးမှလွဲ၍ ကျန်သော ဗျည်းများအားလုံးကို 받침 အသတ်ဗျည်းအဖြစ်အသုံးပြုကြောင်းတွေ့ရသည်။ သို့သော်လည်း အသံအားဖြင့် အသတ်သံ(၇)သံမျှသာ ရှိပါသည်။

ㄱ, ㄲ, ㅋ [-k] 악, 앆, 앜 → 악
ㄴ [-n] 안 →안
ㄷ,ㅌ,ㅅ,ㅆ,ㅈ,ㅊ,ㅎ[-t] 앋,앝,앗,았,앚,앛,앟→앋
ㄹ [-l] 알→ 알
ㅁ [-m] 암→ 암
ㅂ, ㅍ [-p] 압, 앞→ 압
ㅇ [-ng] 앙
받침 အသတ်ဗျည်းများတွင် 겹받침(၂)လုံးတွဲ အသတ်ဗျည်းများလည်း ရှိသည်။

값 →갑 ဂါ့ဘ်
낛 →넉 နော့ဂ်
닭 →닥 ဒါ့ဂ်
몫 →목 မို့ဂ်
넓다 →널따 နောလ်သား
읽다 →익따 အိဂ်သား
많다 →만타 မန်န်ထား

အောက်ပါ စာလုံးများကိုလေ့လာ ကျက်မှတ်ပါ။

책 ချက်(ဂ်) စာအုပ်
밖 ဘာ့(က်) အပြင်
눈 နူး(န်) နှင်း
산 စန်း(န်) တောင်
옷 အို့(တ်) အ၀တ်
꽃 ကို့(တ်) ပန်း
별 ဗျော(လ်) ကြယ်
말 မာ(လ်) မြင်း
삼 စမ်း(မ်) သုံး၊ ၃
닭 ဒါ့(ဂ်) ကြက်

အောက်တွင်ဖော်ပြထားသော စကားလုံးများ၏ အသံထွက် ကွဲပြားမှုများကို မှတ်သားပါ။

공 ≠ 곰
gong ≠ gom
ဂုံ(င်) ≠ ဂုံ(မ)

달 ≠ 답
dal ≠ dab
ဒါး(လ်) ≠ ဒါး(ဘ်)

목 ≠ 몸
mok ≠ mom
မုတ်(ဂ်) ≠ မုံး(မ)

방 ≠ 발
bang ≠ bal
ဘန်း(င) ≠ ဘား(လ်)

삼 ≠ 산
sam ≠ san
စမ်း(မ) ≠ စန်း(န်)

일 ≠ 입
il ≠ ib
အီး(လ်) ≠ အိ(ဘ်)
အောက်ပါစကားလုံးများကို လေ့ကျင့်ပါ။

책 ချက်(ဂ်) စာအုပ်
마지막 မာဂျီမာ့(ဂ်) နောက်ဆုံး
편지 ဖျောင်း(န်)ဂျီ ပေးစာ
손수건 စုန်း(န်)စူးဂေါ(န်) လက်သုပ်ပုဝါ
낮 နာ့(တ်) နေ့ခင်း
꽃 ကို့(တ်) ပန်းပွင့်
밭 ဘာ့(တ်) လယ်ယာအခင်း
숟가락 စုကားရာ့(ဂ်) ဇွန်း
젓가락 ဂျော့ကားရာ့(ဂ်) ခက်ရင်း
반달 ဘန်းသား(လ်) လတ၀က်
수요일 စူးယိုးအီး(လ်)ဗုဒ္ဓဟူးနေ့
밤 ဘား(မ်) ည
마음 မာအူး(မ်) စိတ်
몸무게 မုံးမူးဂဲ ကိုယ်အလေးချိန်
잎 အိ(ဘ်) သစ်ရွက်
집 ဂျိ(ဘ်) အိမ်
수업 စူးအော့(ဘ်) စာသင်ခန်း
한강 ဟန်း(န်)ဂန်(င်) ဟန်မြစ်
강아지 ဂန်ငါဂျီ ခွေးပေါက်စ

ရှေ့စာလုံးမှ အသတ်ဗျည်းသံသည် နောက်စာလုံးမှ သရသံနှင့် ပေါင်းစပ်ပြီး အသံထွက်ပါသည်။
အောက်ပါစာကြောင်းတွင်ကြည့်ပါ။

밥을→ 바블 ဘာဘူး(လ်) ထမင်းကို
먹어요→머거요 မောဂေါယိုး စားပါတယ်။

밥을 먹어요 → 바블 머거요.
ဘာ့ဘူး(လ်)မောဂေါယိုး

ဤစာလုံးများကိုလေ့လာမှတ်သားပါ။

음막 →으막 အူးမာ့(ဂ်)
한국어 →한구거 ဟန်းဂုဂေါ
할아버지 →하라버지 ဟာရာဘောဂျီး
집에 →지베 ဂျီးဘဲ့
꽃이 →꼬치 ကို့းချီ
이름이 →이르미 အီရူးမီး
걸어요 →거러요 ဂေါရောယိုး
앉아요 →안자요 အန်(န်)ဂျားယိုး

စာကြောင်းပုံစံများအား ကျက်မှတ်ပါ။

1. 창문을 닫으세요.
ချန်း(င်)မွန်းနူးလ် ဿားသူစဲယိုး
ပြူတင်းတံခါးကို ပိတ်လိုက်ပါခင်ဗျာ။

2. 사진을 찍었어요.
စာဂျင်နူးလ် ကျိကောစောယိုး
ဓာတ်ပုံ(ကို) ရိုက်ခဲ့တယ်။

3. 책에 이름을 쓰세요.
ချက်ဂဲ အီရူးမူးလ် ဆူးစဲယိုး
စာအုပ်မှာ အမည်ကို ရေးပါ။

4. 물을 마시고 싶어요.
မူးရူးလ် မာရှီဂိုး ရှီဖောယိုး
ရေ(ကို) သောက် ချင်ပါတယ်။

5. 아침에 병원에 갔어요.
အာချင်းမဲ ဗျောင်(င်)ဝေါန်နဲ ဂါးစောယိုး
မနက်ခင်းမှာ ဆေးရုံကို သွားခဲ့တယ်။

ဝါကျအဆုံးတွင်ပါသော 요, 세요 သည် ရှင်/ခင်ဗျာ ကဲ့သို့သော ယဉ်ကျေးဖွယ်ရာ အသုံးအနှုံးဖြစ်သည်။ ကျား/မ ကွဲပြားမှုမရှိပဲ အသုံးပြုသည်။

မှတ်ချက်။ ။ ကိုရီးယားစာ၏ အသံထွက်အား မြန်မာစာဖြင့် တိကျစွာ ဖော်ပြရန် မဖြစ်နိုင်ပါ။
အနီးစပ်ဆုံးဖြစ်ရန် ကြိုးစား၍ ရေးသားတင်ပြထားပါသည်။
EPS - TOPIK Course အား မှီငြမ်းရေးသားထားပါသည်။
အဆင်ပြေကြပါစေ။*** 

ပုံကိုနှိပ်ပြီး Favebook မှ Like @ Seefast လုပ်ထားဖိုလဲမမေ့နဲ့နော်

No comments:

Post a Comment